Channel Myanmar

Johnny Gidcomb

Diary of a Wimpy Kid Christmas: Cabin Fever (2023) 5.8
Diary of a Wimpy Kid Christmas: Cabin Fever (2023)  ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီးပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှားမထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက်အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင်တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိသွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှမသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1 GB / 478 MB Quality…DSNP WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 2m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Diary of a Wimpy Kid Christmas: Cabin Fever (2023)

Night at the Museum: Kahmunrah Rises Again (2022) 5
Night at the Museum: Kahmunrah Rises Again (2022) Night at the Museum: Kahmunrah Rises Again (2022)သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ...
movie

Night at the Museum: Kahmunrah Rises Again (2022)

2022
The Family Stone(2005) 6.5
The Family Stone(2005) The Family Stone (2005)===============မိသားစုဆိုတာလူအမျိုးမျိုးစိတ်အထွေထွေတွေစုစည်းနေကြတဲ့အသိုက်အမြုံကြီးတစ်ခု။ စတုန်းမိသားစုကြီးဟာ ခရစ်စ္စမတ်အချိန်အခါတိုင်းအမြဲဆုံစည်းနေကြပါ။ သား ၃ယောက် သမီး၂ယောက်မိသားစု‌တွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ရှိစမြဲ။ ဒီနှစ် ခရစ်စ္စမတ်မှာတမိသားစုလုံးရဲ့အချစ်တော်သားကြီးဖြစ်သူ အဲဗရက်က ချွေးမလောင်း‌လေးမဲရယ်ဒစ်ကိုမိတ်ဆက်ဖို့ခေါ်လာခဲ့ချိန်မှာတော့ အနေအထိုင်သိမ်မွေ့သလိုစည်းကမ်းတင်းကျပ်တဲ့ မဲရယ်ဒစ်နဲ့ ပွင့်ပွင့်လင်းလင်း ပျော်ပျော်ပဲနေတတ်တဲ့စတုန်းမိသားစုကြီးဟာပြသာနာတွေစတင်တက်လာပါတော့တယ်။ ကုန်းပေါ်ရောက်နေတဲ့ငါးလိုဖြစ်နေတဲ့မဲရယ်ဒစ်တယောက်ဒီမိသားစုကြီးထဲကို၀င်ဆံ့နိုင်ပါ့မလား။ အထူးသဖြင့်သူ့ကိုမသိမသာရော သိသိသာသာ‌ရောအဲဗရက်ဘေးကနေကန်ထုတ်ဖို့ကြိုးစားနေကြတာတွေကိုသူမ တောင့်ခံနိုင်ပါ့မလား။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ခရစ်စ္စမတ်အချိန်အခါမှာသူမရောပျော်ရွှင်မှုအစစ်ရှာတွေ့နိုင်ပါ့မလားကို The family Stone ဆိုတဲ့မိသားစု ခရစ်စ္စမတ်ကားလေးမှာရှုစားပေးပါဦး.....File size…1.53GB / 676MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 43m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Family Stone(2005)

Ferdinand (2017) 6.7
Ferdinand (2017) Ferdinand (2017) IMDb - 6.7/10_____Rotten - 71%    ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီး သူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။ အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲ ပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။ ဒီလိုနဲ့ ဖာဒီနန်လေး အရွယ် ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက် အရွယ်အစား ကြီးမား တောင့်တင်းတာမို့ တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။     နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီး မျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက် အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေး ပျက်သုဉ်းခဲ့ရပါတယ်။ နွားရိုင်းနဲ့ အလှပြကစားရာ ...
movie

Ferdinand (2017)

2017