Channel Myanmar

Jonathan Bray

King Richard (2021) 7.5
King Richard (2021) 2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ်ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါတင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး ...
movie

King Richard (2021)

The Babysitter: Killer Queen (2020) 7.8
The Babysitter: Killer Queen (2020) Babysitter : Killer Queen ကတော့ 2017 ကထွက်ရှိခဲ့တဲ့ Babysitter ရဲ့အဆက် ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင်တော့ အဓိကဇာတ်ကောင် ကိုးလ် ဟာ အထက်တန်းကျောင်းသား ဖြစ်နေပါပြီ  ဒါပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်က အဖြစ်ဆိုးကြီးကို လူတိုင်းကို ပြောပြလိုက်မိတာကြောင့် ကျောင်းမှာရော အိမ်မှာရော  စိတ်ရောဂါရှိတဲ့ငကြောင်တစ်ကောင်လို သတ်မှတ်ခံနေရပြီး  စိတ်ငြိမ်ဆေးတွေသောက်နေရပါတယ် ဒီလိုနဲ့ တစ်နေ့ ကိုးလ်တစ်ယောက် သူ့ရဲ့ ခရက်ရှ်လေး  မယ်လန်နီနဲ့အတူ ကန်ပါတီကိုသွားဖို့အကြောင်းဖန်လာခဲ့ချိန်မှာတော့ ယခင် ၂ နှစ်က သူ့ရဲ့ အိပ်မက်ဆိုးကြီးကို ပြန်လည်ရင်ဆိုင်ရပါတော့တယ်File Size -  1.1 gb Quality - Web-dl 1080p Subtitle -  burmese Translator - Chuck Chuck Encoder - Thit San Khant
movie

The Babysitter: Killer Queen (2020)

2020
Bombshell (2019) 6.8
Bombshell (2019) ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက်တကယ့်အ‌ချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီးတခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့Fox News ရုပ်မြင်သံကြားချန်နယ်အတွင်းအမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်းဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 ...
movie

Bombshell (2019)

The Babysitter (2017) 6.3
The Babysitter (2017) The Babysitter (2017) IMDb - 6.3/10_____Rotten - 72%    The Babysitter ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါမယ် ဒီကားလေးဟာ Netflix ကအသစ်လွှင့်တဲ့သည်းထိတ်ရင်ဖိုကားလေးတစ်ကားပါ အသက် ၁၂ နှစ်အရွယ်ရှိနေသော်လည်းအခုချိန်ထိကလေးထိန်းရှိနေသေးတဲ့ကိုးလ်ဟာသူ့ရဲ့ကလေးထိန်းဖြစ်သူ "ဘီး"ကိုတိတ်တခိုးသဘောကျနှစ်သက်နေပါတယ် တစ်နေ့မှာတော့ကိုးလ်ရဲ့မိဘတွေရုံးပိတ်ရက်မှာတခြားမြို့ကိုသွားရောက်နေပြီးကိုးလ်ကိုကလေးထိန်းနဲ့ထားခဲ့ပါတယ် ကိုးလ်ဟာသူအိပ်ပျော်နေတဲ့အချိန်သူချစ်ရတဲ့ဘီးဘာလုပ်လဲဆိုတာကိုသိချင်တဲ့အတွက်မအိပ်ပဲအခန်းထဲမှာအိပ်ချင်ယောင်ဆောင်နေခဲ့ပါတယ် ညသန်းခေါင်လောက်မှဘီးတို့သူငယ်ချင်းတွေဘာလုပ်နေကြလဲဆိုတာကိုစောင့်ကြည့်နေခဲ့ပါတယ် အဲဒီအချိန်နှာပဲထင်မှတ်မထားတဲ့သူချစ်ရတဲ့ဘီးဟာလူသတ်လိုက်တာကိုမျက်မြင်ကိုယ်တွေ့မြင်တွေ့လိုက်ရပါတယ် ဘီးဟာနတ်ဆိုးနဲ့ဆက်သွယ်ပြီးယစ်ကောင်ရဲ့သွေးနဲ့အပြစ်ကင်းတဲ့သူရဲ့သွေးနဲ့ကိုရောရမှာဖြစ်တဲ့အတွက်ကိုးလ်ရဲ့သွေးကိုလဲအရယူခဲ့ပါတယ် ဒါပေမယ့်ကိုးလ်အိပ်ပျော်မနေခဲ့တာကိုသိသွားတဲ့ဘီးနဲ့သူ့သူငယ်ချင်းတွေကကိုးလ်ကိုလိုက်ဖမ်းပြီးအမဲဖြတ်ပါတော့တယ် ကိုးလ်ကလဲအသက်သေမှာကြောက်လို့ကိုယ့်ကိုကိုယ်ပြန်ခုခံခဲ့ပြီးအလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ညတစ်ညကိုဖြတ်သန်းခဲ့ရပါတယ် ဒါပေမယ့်အဆုံးမှာကိုးလ်တစ်ယောက်သူတို့လက်ထဲကလွတ်ပြီးအသက်ရှင်နိုင်ပါ့မလား?????(ဘာသာပြန်နဲ့အညွှန်းက Nicky ပါ)    File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 25min Format : Mp4 Genre :Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Nicky Encode by Thanhtike Zaw
movie

The Babysitter (2017)

2017