Channel Myanmar

Jonathan Daniel Brown

Kid Cannabis (2014) 6.4
Kid Cannabis (2014) Kid Cannabis (2014)~ IMDb - 6.4/10, Rotten Tomatoes - 71% ~လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ...? သေချာပါတယ်... မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ ...
movie

Kid Cannabis (2014)

2014
Project X (2012) 6.7
Project X (2012) ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက် ပေးလိုက်ရပါတယ်။ အပျော်တွေကူးစက်လာမယ့် ဇာတ်ကားဖြစ်သလို…အနောက်တိုင်းယဉ်ကျေးမှု ..ခံယူချက်နဲ့ လွတ်လပ်မှုတွေကို တစ်စိတ်တစ်ဒေသ ခံစားရမှာပါ။ဇာတ်လမ်းကို အနည်းအကျဉ်းပြောရရင်အသက် ၁၇ နှစ်ပြည့် မွေးနေ့မှာ သောမတ်စ် တစ်ယောက် မိဘတွေကလည်း ခရီးသွားနေတုန်း သူ့သူငယ်ချင်း အနည်းငယ်နဲ့ မွေးနေ့ပါတီလေးတစ်ခု ကျင်းပဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ သူ့သူငယ်ချင်းနှစ်ယောက်က လက်မခံပဲ ဒီလို ပါတီဆိုတာ လူများရင်ကောင်းတဲ့ အကြောင်း ဖျောင်းဖျပြီး တစ်ခြားလူတွေကို ထပ်မံဖိတ်ခေါ်ပါတော့တယ်။အဲ့ဒီမှာပဲ ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးရောက်လာပြီး ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန်တော့ပါတယ်။ သောမတ်စ် ရဲ့ အိမ်လည်း ရစရာမရှိအောင်ပျက်စီးသွား ပါတော့တယ်။ သူ့မိဘတွေ ပြန်ရောက်လာတဲ့ အချိန်မှာတော့ သောမတ်စ် တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ ဘယ်လိုတွေ သောင်းကျန်းကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။မိသားစုနဲ့ကြည့်ရင်တော့ ခေါင်းခေါက်ခံရမယ့်ဇာတ်ကားပါ။  File size…(1.7 GB) and (1 GB) Quality….Extended BluRay 1080p and 720p 5.1CH Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Project X (2012)

2012
1080p Untouched
The Final Wish (2018) 4.3
The Final Wish (2018) အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 ခုနှစ်မှာ ထွက်လာတဲ့The Final Wish ဆိုတဲ့ Horror ကားကောင်းလေးပါအေရွန်ဆိုတဲ့ ရှေ့နေကောင်လေးဟာ သူ့အဖေသေဆုံးလို့ နယ်မြို့ကအိမ်ကို ပြန်လာရာက ဇာတ်လမ်းစထားပါတယ်သူ့အဖေက ရှေးဟောင်းပစ္စည်းတွေ ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့သူပါသူပြန်လာတဲ့အချိန်မှာတော့ သူ့အခန်းထဲမှာရှေးဟောင်းအရိုးပြာအိုးတစ်အိုး ရှိနေခဲ့ပါတယ်အဲဒီအရိုးပြာအိုးမှာ ထူးခြားတာကတော့ အေရွန် ဖြစ်ချင်သမျှ ဆုတောင်းလိုက်သမျှအကုန်ဖြစ်လာအောင် လုပ်ပေးနေတာပါပဲလောကကြီးမှာ ကောင်းတာတွေချည်း ဆက်တိုက်ဖြစ်နေတော့အေရွန်အတွက် မကောင်းတာက ဘာများ ဖြစ်လာမှာလဲစိတ်လှုပ်ရှားဖွယ် ရိုက်ကူးပြထားတဲ့ horror ကားလေးပါIMDB rating 4.3 ရထားပြီး အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်လို့horror ချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ File Size ...
movie

The Final Wish (2018)

2018
Bad Milo (2013) 5.7
Bad Milo (2013)   Bad Milo ဇာတ်ကားလေးကတော့ Director:Jocob Vaughan ရိုက်ကူးထားသမျှဇာတ်ကားတွေထဲမှ ထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။> IMDb Rating 5.7/10ဒီဇာတ်ကားထဲမှာဆိုရင်တော့ Duncan ဟာဆိုရင်တော့ အစာအိမ်ရောဂါကြောင့် အမြဲစိတ်ဖိစီးနေတတ်သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ရောဂါဟာပိုဆိုးလာတာကြောင့် Gastroenterologist နဲ့ပြသဖို့ ရက်ချိန်းယူခဲ့ပါတယ်။ ဆရာဝန်များက စမ်းသပ်ရှာဖွေစဉ်မှာဆိုရင်တော့ polyp လို့ခေါ်တဲ့ ကြီးမားတဲ့အရာကြီးကို သူ့အူလမ်းကြောင်းမှာ တွေ့ခဲ့ရပါတယ်။ ထိုသို့တွေ့သည့်နောက်မှာပဲ အရွယ်အစားနှစ်ပေလောက်ရှိသော အကောင်တစ်ကောင်က သူ့စအို မှထွက်လာကာ ဆရာဝန်ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့သတ္တဝါလေးဟာဆိုရင်တော့ သူ့ရဲ့ဗိုက်ထဲမှာ ထူးဆန်းစွာ ကပ်တွယ်နေတာဖြစ်ပါတယ်။ အဲ့သတ္တဝါလေးရဲ့နာမည်ကတော့ မိုင်လို ဖြစ်ပါတယ်။ အဲ့သတ္တဝါလေးက တစ်ကယ်ကော အန္တရာယ်ရှိတာလား ဒါမှမဟုတ် သနားဖို့ကောင်းလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ဒီဇာတ်ကားလေးကတော့ ၂၀၁၃မှာ ထွက်ရှိခဲ့တဲ့ Comedy, Horror ဇာတ်ကားလေးတစ်ကားဖြစ်သည့်အပြင် IMDb ကလည်း 5.7 ရရှိထားတာဆိုတော့ ကြည့်ရှု့သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(800 MB) and (350 MB) Quality…BR-Rip 720p IMDb Rating... 5.7/10 Format…mp4 Duration….01:24:09 Subtitle….Myanmar Subtitle (Hardsub) Encoded by Naing Aung Latt
movie

Bad Milo (2013)

2013