Channel Myanmar

Jonathan Scarfe

The Equalizer 2 (2018) 6.7
The Equalizer 2 (2018) The Equalizer 2 (2018)IMDb Rating (6.7) / Rotten Tomatoes (52%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2 (2018) မှာလဲ ပထမဇာတ်ကားထဲကလိုပဲ မတရားမှုတွေကို ဆက်လက်ချိန်ညှိနေတဲ့ Robert McCall အဖြစ် ဒန်ဇဲကိုဆက်လက်ရှုစားရမှာပါ။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=the+equalizer ...
movie

The Equalizer 2 (2018)

2018
4K HEVC
Where We Disappear (2019) 7.2
Where We Disappear (2019) Where We Disappear ဟာ A Gulag Mouse ဆိုတဲ့စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ရုရှနိုင်ငံရဲ့အလုပ်ကြမ်းအကျဉ်းစခန်းတစ်ခုထဲက အမျိုးသမီးတစ်သိုက်ရဲ့ အကျပ်တည်းကို မြင်ကြရမှာပါ..။ သားငယ်ကိုခေါ်ပြီး မွေးရပ်ကိုပြန်လာတဲ့အမျိုးသမီးတစ်ဦးဟာ စစ်ပွဲတွင်းသေသွားပြီလို့ ထင်မှတ်ထားခဲ့တဲ့ ယောက်ျားဖြစ်သူရဲ့ပြန်အလာကို ဘူတာရုံမှာမြင်လိုက်ရတဲ့အခိုက်ဟာ သူမရဲ့ဘ၀ကို လွတ်လမ်းမဲ့အလုပ်ကြမ်းစခန်းဆီရောက်သွားစေမယ့် ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုဖြစ်လို့နေပါတယ်တဲ့..။ ဒီနေရာမှာ တစ်ပတ်ဆိုတာ တစ်သက်တာနီးပါးပါပဲလို့ဆိုတဲ့ အလုပ်ကြမ်းစခန်းမှာ နှစ်ရှည်အပြစ်ဒဏ်သင့်တဲ့ အမျိုးသမီးရဲ့ ကံဟာ ဘယ်လိုများဆက်ဖြစ်မှာပါလဲ..။ တစ်ဆောင်ထဲကျတဲ့ ဘ၀တူအမျိုးသမီးအကျဉ်းသားတွေနဲ့ အဆင်ပြေအောင်ကြိုးစားရမယ့် ပထမညနဲ့ ရိုးရိုးလေး စတင်ခဲ့ပြီး လုံး၀မထင်မှတ်ထားမယ့်လှည့်ကွက်တစ်ခုနဲ့ လှလှပပဇာတ်သိမ်းပြလိုက်တဲ့ ဒီ Where We Disappear ဆိုတဲ့ဇာတ်ကားဟာဆိုရင်ဖြင့် Director Simon Fink ရဲ့ ရုပ်ရှင်အနေနဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံခဲ့ရတဲလက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်..။   File Size -  790.9 MB Quality - Bluray 1080p Subtitle - Burmese (Hardsub) Translator - Sane Khet Encoder - XCode
movie

Where We Disappear (2019)