Channel Myanmar

Joo Da-young

Private Eye(2009) 6.7
Private Eye(2009) Private Eye(2009)*****************ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလိုplot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ..ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်း​တွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီတစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ဆေးကျောင်းသားလေးက တိရစ္ဆာန်အ​သေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာလူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်းနောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီးအထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်​ခြစားမှုတွေ၊ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်..File Size : ...
movie

Private Eye(2009)

Mourning Grave (2014) 5.9
Mourning Grave (2014) Mourning Grave (2014)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ horror, thriller ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်... ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာ...ဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါ အဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေ တကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်...ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊ နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်Kang Ha Neul, Kim So Eun တို့အဓိကပါဝင်ထားပြီး horror ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမယ့် ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 895MB | 485MB | 248MB Format… mp4 Duration…. ...
movie

Mourning Grave (2014)

2014
White Night (2009) 6.5
White Night (2009) White Night (2009)"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။ ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်"- ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။"ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ"ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ...
movie

White Night (2009)

2009
The Princess and the Matchmaker (2018) 6.2
The Princess and the Matchmaker (2018) Imdb 6.2ထိရရှိထားတဲ့ comedy, history, romanceကား​ကောင်း​လေးတကားပါဒီကားလေးကတစ်မျိုးလေးဆန်းထားတယ် ဖူးစာတွေဓာတ်သဘောသဘာဝတွေကိုဦးတည်ပြီးပြထားတယ်ဇာတ်ကားနာမည်နဲ့လိုက်အောင်ပေါ့မင်းသမီးလေးတစ်ပါးဟာမွေးလာကတည်းကကံဆိုးတယ်ဆိုပြီးနန်းတော်ထုတ်ခံထားရတယ်တစ်နေ့ဗေဒင်ပညာရှင်တွေရဲ့အကြံပေးမှုကြောင့်နန်းတော်ပြန်လာခွင့်ရခဲ့တယ်သူရောက်လာပြီးမကြာခင်ပဲတိုင်းပြည်ကမိုးခေါင်မှုနဲ့ကြုံရတယ်ဘယ်လိုဖြေရှင်းရပါ့ပေါ့ဗေဒင်ပညာရှင်ကြီးတွေကမင်းသမီးကိုလက်ထပ်ခိုင်းလိုက်ရင်မိုးပြန်ရွာလာပါလိမ့်မယ်တဲ့အဲ့တော့မင်းသမီးပျားတုပ်ပြီပေါ့ဇာတ်လိုက်သူကလည်းဗေဒင်ပညာရှင်ပဲ သူကဖူးစာတွက်တဲ့နေရာမှာဆရာတစ်ဆူမွေးရက်ရယ်မျက်နှာရယ်မြင်တာနဲ့နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာသေချာပြောနိုင်တယ်သူကHwayugiထဲကမင်းသားလေးပါ  မိန်းကလေးတွေရဲ့အသည်းစွဲပေါ့သူတို့၂ယောက်ဘယ်လိုစုံဖြစ်ကြပြီးဘာတွေဆက်ဖြစ်မလဲတော့ဒီကားလေးကိုဆက်ကြည့်လိုက်ပါ​နော်​ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ May Nandar Kyaw ပါ) File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Comedy, History, Romance Subtitle : Myanmar Subtitle (Hard Sub) Source :  720p BluRay x264.DTS-FGT Translated by May Nandar Kyaw Encoded by Thanhtike Zaw
movie


2018