Channel Myanmar

Jordan Garrett

Saving Shiloh (2006) 6.2
Saving Shiloh (2006) Saving Shiloh (2006) ================Shiloh ဆိုတဲ့ ခွေးလေးကို ဂျက်ဒ်ဆိုတဲ့ ဦးလေးကြီးတစ်ယောက် ပိုင်ဆိုင်ခဲ့ပေမယ့် Shiloh ကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့တဲ့ အတွက် မာတီဆိုတဲ့ ကောင်လေးက မွေးစားခဲ့တာပါ။ မာတီတို့ မိသားစုက မြို့ထဲမှာ လူတိုင်းနဲ့အဆင်ပြေပြီး လူမှုဆက်ဆံရေးကောင်းတဲ့ မိသားစု လေးပါ။ ဒါပေမယ့် သူတို့ရဲ့အိမ်နီးချင်း ဂျက်ဒ်ကတော့ လူဂွစာဦးလေးကြီး တစ်ယောက်ပေါ့။မြို့ထဲက လူတွေက ဂျက်ဒ်ဆိုတဲ့ လူဂွစာကြီးကို အပေါင်း အသင်းမလုပ်ဖို့ မာတီတို့ မိသားစုကို နားချလေ့ရှိပါတယ်။တစ်နေ့ မြို့ထဲမှာ အိမ်တိုင်းလိုလို ပစ္စည်းတွေပျောက်တဲ့အချိန်မှာတော့ မြို့ကလူတွေက ဂျက်ဒ်ကိုပဲ အပြစ်တင်စွပ်စွဲကြပါတယ်။ တကယ်ပဲ ဂျက်ဒ် ဆိုတဲ့လူက အပေါင်းအသင်းမဆံ့တဲ့ လူ့ဂွစာကြီးလား၊ သူ့ရဲ့အတိတ်မှာရော ဘာတွေဖြစ်ခဲ့တာလဲ၊ မာတီတို့ မိသားစုကရော ဂျက်ဒ်နဲ့ ဘာတွေဆက်ဖြစ် မှာလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ဒီဇာတ်ကားလေးက တိရစ္ဆာန်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ လူတစ်ယောက်ကို အပေါ်ယံမကြည့်ဘဲ တကယ်ပေါင်းကြည့်မှ သူ့ရဲ့စိတ်ဓာတ်ကို ကောင်းကောင်း သိနိုင်တယ်ဆိုတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးမို့ အားလုံးကြိုက် နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(2.12 GB) ...
movie

Saving Shiloh (2006)

2006
Death Sentence (2007) 6.7
Death Sentence (2007) Death Sentence(2007)တရားမျှတမှုဆိုတာကို ဥပဒေကမပေးစွမ်းနိုင်ရင် သင်ဘာလုပ်မှာလဲ။ပြည့်စုံတဲ့မိသားစုဘဝရထားတဲ့ စီးပွားရေးသမားတစ်ယောက်ဟာဓားပြမှုတစ်ခုကြောင့် မိသားစုဝင်ဆုံးရှုံးလိုက်ရပြီး သာမန်ဓားပြမှုမဟုတ်တာကိုသိလိုက်ရတဲ့အပြင် တရားခံဟာလည်း ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်မခံရတဲ့အခါအဆုံးမရှိတဲ့ ကလဲ့စားလမ်းကိုလျှောက်ဖို့ ဖြစ်လာပါတော့တယ်။Saw, Fast&furious 7, Aquaman စတာတွေနဲ့ နာမည်ကြီးခဲ့တဲ့ဒါရိုက်တာJames Wan ရဲ့ action thriller ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းပိုင်းခေါင်းမစားချင်ပဲ ပစ်တာခတ်တာကလဲ့စားချေတာပွဲကြမ်းပြတာတွေကြည့်ချင်နေသူတွေ အကြိုက်တွေ့စေမယ့်ကားတစ်ကားဖြစ်ပါတယ်။  File size…2.03Gb / 1Gb Quality…1080p BluRayx264 AAC 5.1CH Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Pyi T Nyein
movie

Death Sentence (2007)

2007
Thank You for Smoking (2005) 7.6
Thank You for Smoking (2005) Rotten Romatoes - 86%ဆေးလိပ်သောက်တာ မကောင်းဘူး။ ဆေးလိပ်သောက်တတ်သူတွေ အတော်များများနားခါးကြမယ့်စကားပါ။ အဲဒါကိုဘယ်သူပြောတာလဲ။ အဲဒါကယုံကြည်ရတဲ့နေရာကအချက်အလက်လား။ သောက်ဖူးလား။ တကယ်သောက်တဲ့သူတွေအဲလိုဖြစ်တာမြင်ဖူးလား စတဲ့ အချက်အလက်တွေနဲ့ ပြန်ပြီးဘလိုင်းကြီးဆေးလိပ်သောက်တာ မကောင်းဘူးပြောတဲ့သူကို ပြန်ရှင်းခိုင်းလိုက်ပါ။လေ့လာချက်တစ်ခုအရ စာသားတစ်ခုရဲ့အရှေ့မှာ လေ့လာချက်တစ်ခုအရ ဒါမှမဟုတ်သိပ္ပံနည်းကျပြောပြချက်အရ ဆိုတာကို တပ်ပြီးပြောရင် ပိုပြီးယုံချင်တတ်ကြပါတယ်တဲ့။ဒီဇာတ်ကားမှာကလည်း အဓိကဇာတ်ဆောင်က သိပ္ပံနည်းကျအချက်အလက်တွေကိုသုံးပြီး ဆေးလိပ်ဘက်ကနေ ပြန်လည်တိုက်ခိုက်သွားတာကို မြင်တွေ့ရမှာပါ။အမှန်တရားဆိုတာ ကိုယ်မြင်တဲ့အမြင်ပေါ်မူတည်တယ်ဆိုတဲ့ အချက်ကိုသုံးပြီးနေရာပြောင်းပြသွားတာတွေက အရမ်းကို လှပါတယ်။လူတော်တော်များများက အရမ်းအန္တရာယ်များပါတယ်ဆိုတဲ့ ဆေးလိပ်ကို ပညာသားပါပါနဲ့နေ့စဉ်သုံးပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ချင်စိတ်ပေါက်သွားနိုင်အောင် စကားလုံးတွေကအရမ်းလန်းပါတယ်။IMDB Rating 7.6 ထိရရရှိထားပြီး Satire,Comedy အမျိုးအစား ဇာတ်ကားတစ်ကားပါ။ဟားနေရင်း တွေးချင်ရင်တော့ ကြည့်လိုက်ကြပါဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 350 MB) and ( 850 MB) Quality__BR-Rip 720p IMDb Rating__7.6/10 Format__mp4 Duration__01:32:07 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by ...
movie

Thank You for Smoking (2005)

2005