Channel Myanmar

Jorma Tommila

Priest of Evil (2010) 5.8
Priest of Evil (2010)  ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Priest of Evil ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ တီမိုကရဲတစ်ယောက်ပါ။ ဘဝကို မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေသူဆိုလည်း ဟုတ်ပါတယ်။ တစ်နေ့မှာတော့သမီးဖြစ်သူ အယ်မီက သူငယ်ချင်းတွေနဲ့အတူ အပြင်သွားဖို့လုပ်ခဲ့တယ်။ အဖေဖြစ်တဲ့ တီမိုက တာဝန်ချိန်ပြီးတဲ့အခါမှာ သွားကြိုပေမဲ့ ကံမကောင်းစွာပဲ အယ်မီဟာသေဆုံးသွားခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့မိန်းမဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး အိမ်ထောင်ရေးမသာယာခဲ့တော့ပါဘူး။ ဒါ့အပြင် တရားခံကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ နှစ်အနည်းငယ်ကြာပြီးနောက်မှာ မြေအောက်ရထားလူသေမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တီမိုတို့အဖွဲ့က အဲဒီအမှုကိုလိုက်ရတာပါ။ အဲဒီအမှုလိုက်ရင်းနဲ့မှ အရင်က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုလို့ သတ်မှတ်ထားတဲ့ အမှုဟောင်းတွေနဲ့ သွားချိတ်ဆက်နေခဲ့တာကို သိခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဒီအမှုဟာထင်သလောက်မရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့တယ်။ အဲဒီလိုကနေ သမီးဖြစ်သူ သေဆုံးခဲ့တဲ့အမှုနဲ့ နွှယ်နေတာကို တွေ့ခဲ့ရပါတယ်။ ကဲ…ဒီလိုဆိုရင် တီမိုက အဲဒီလူသတ်သမားက ဘယ်သူလဲဆိုတာဖော်ထုတ်နိုင်မလား၊  ဘယ်လိုဖော်ထုတ်သွားမလဲ၊အဲဒီလူသတ်သမားက တကယ်ပဲ သူ့သမီးရဲ့ သေဆုံးမှုနဲ့ဆက်နွှယ်နေသူလား၊ သူက ပြစ်မှုတွေကို ...
movie

Priest of Evil (2010)

Rare Exports: A Christmas Tale (2010) 6.6
Rare Exports: A Christmas Tale (2010)  Sisu movieက ဖင်လန်ကွန်မန်ဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့Jorma Tommilaနဲ့ Schützeအဖြစ်သရုပ်ဆောင်ခဲ့တဲ့သားဖြစ်သူOnni Tommila တို့ရဲ့ သားအဖနှစ်ယောက်သရုပ်ဆောင်ထားတဲ့ခရစ်စမတ်အချိန်အခါ သည်းထိတ်ရင်ဖိုဇာတ်ကား‌တခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ ခရစ်စမတ်မတိုင်ခင် ၂၄ရက်အလိုမှာပေါ့။ဥရောပမြောက်ပိုင်း စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့အာတိတ်စက်ဝိုင်း‌နဲ့အနီးဆုံးဖြစ်တဲ့ လက်ပ်လန်းဆိုတဲ့ဒေသ။ အထူးသဖြင့် ဖင်လန်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားကကော်ဗာ တွန်တူရီဆိုတဲ့တောင်မှာ တူးဖော်နေကြတဲ့အမေရိကန်-ဗြိတိန်အဖွဲ့က ဒေသခံ ဆာမီလူမျိုးတွေရဲ့ရှေးဟောင်းသင်္ချိုင်းတခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကိုချောင်းကြည့်နေခဲ့တာက ပီရဲတာရီနဲ့ ဂျူးဆိုဆိုတဲ့ ကောင်လေးနှစ်ယောက်။ပီရဲတာရီယုံကြည်ထားတာ ဒီတောင်ဟာဆာမီလူမျိုးတွေက ဆိုးသွမ်းတဲ့ကလေးတွေကိုနှိပ်စက်တတ်တဲ့ ဆန်တာ ကလော့အစစ်အမှန်ကိုဖမ်းဆီး မြေမြှုပ်ထားတဲ့နေရာပဲ။ တောင်‌ပေါ်ကတူးဖော်နေတာတွေရပ်သွားတဲ့အချိန်မှာပဲသူ့ရဲ့ရွာနားမှာ သမင်တွေအကုန်လုံးနီးပါးသေကြေနေတာတွေပစ္စည်းတွေပျောက်ကုန်လာတာတွေကလေးတွေပျောက်ကုန်တာအပြင်လူထူးလူဆန်းတယောက်ကိုပါ သူ့အဖေရဲ့ ထောင်ချောက်မှာမိလာတဲ့အချိန်မှာတော့ပီရဲတာရီနဲ့ ပီရဲတာရီရဲ့အဖေတို့က ဒီကိစ္စကိုအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ သမင်တွေဘာလို့သေကုန်တာလဲ။ဒီဖမ်းမိထားတဲ့သူကဘာလဲ။ကလေးတွေဘယ်ရောက်ကုန်တာလဲ။တောင်ပေါ်မှာကဘာလို့တိတ်ဆိတ်သွားရတာလဲ။ဒီခရစ်စမတ်ကိုသူတို့တွေကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုRare Exports ဆိုတဲ့ဒီဇာတ်ကားလေးမှာရှုစားပေးပါဦးခင်ဗျ။  File size…1.68GB / 727MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ..... Adventure , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Rare Exports: A Christmas Tale (2010)

Sisu(2022) 7.3
Sisu(2022) Sisu(2022)********* ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတဲ့ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့်ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။File Size :(8.1GB)(1.98GB) &(719MB) Quality : ‌AMZN.4K.AC3.5.1Ch,1080P5.1Ch,720P Format…mp4 Duration…01:31:00 Genre :Action , War Subtitle : Myanmar Subtitle (Hard Sub) Translated  Mr.Anderson Encoded by Phyo Pyae
movie

Sisu(2022)

4K HEVC
Big Game (2014) 5.4
Big Game (2014) Big Game (2014)IMDb - 5.4/10_____Rotten - 78%    2015 ခု နှစ်ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကား အမိုက်စား ဖြစ်ပါတယ်...ဒါရိုက်တာ Jalmari Helander က ရိုက်ကူးတင်ဆက်ထားပြီး IMDb Rating 5.4 ရရှိထားပါတယ်...Rotten Tomatoes က တော့ 78% ရရှိထားတာကို တွေ့မြင်ရမှာပါ အမေရိကန်တွေအနေနဲ့လည်း သမ္မတ ကို ပဲဇာတ်လမ်းတည်ပြီးရိုက်ရတာသိပ်အားရနေကြလားတော့ မသိဘူး..White House Down တို့ olympus has fallen တုန်းကလည်း အိမ်ဖြူတော်ကို စိစိညက် ညက်ကြေနေအောင်ရိုက်ပြထားခဲ့ပြီးပြီ..အခုလည်း ဒီဇာတ်လမ်းမှာ သမ္မတ ကို လိုက်လံလုပ်ကြံ သတ်ဖြတ်တဲ့ ဇာတ်ကြောင်းနဲ့ ရိုက်ပြထားပါတယ်..အကောင်းမွန်ဆုံးရိုက်ပြထားခြင်းဖြစ်ပါတယ်. ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ Campsite နားလေးမှာ သမ္မတ လေယာဉ်ဟာပစ်ချ ခံလိုက်ရပါတယ်..အဲ့မှာ ကောင်လေးက သမ္မတကြီးကို ကယ်ဆယ်ပြီးတဲ့နောက်မှာတော့.. ထပ်ပြီးလိုက်လာတဲ့ လိုက်လံသတ်ဖြတ်တဲ့သူတွေလက်က 2ယောက်လုံးလွတ်အောင်ပြေးရပါတော့တယ် စိတ်ဝင်စားမှုအရှိန်အဟုန်ကောင်းကောင်းနဲ့ အက်ရှင်ကောင်းကောင်းကြိုက်သူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ကြောင်းအသိပေးလိုက်ပါတယ်  File size : 550 MB Quality : 720p Format : ...
movie

Big Game (2014)