Channel Myanmar

Joseph Gordon-Levitt

Star Wars: Episode VIII – The Last Jedi (2017) 7.5
Star Wars: Episode VIII – The Last Jedi (2017) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode VIII – The Last Jedi (2017)

4K HEVC
Once Upon a Studio (2023)
Once Upon a Studio (2023)  ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre...Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi ...
movie

Once Upon a Studio (2023)

Brick(2005) 7.2
Brick(2005)  IMDb 7.2/10 Rotten tomatoes 80%ဇာတ်လမ်းအကျဥ်းကတော့ တစ်ရက်မှာ ဘရန်ဒန်လို့ခေါ်တဲ့အထက်တန်းကျောင်းသားတစ်ယောက်ဆီကိုသူ့ရည်းစားဟောင်း အမ်မလီကဖုန်းဆက်လာခဲ့ပါတယ် ။ စူးစူးဝါးဝါးအော်ပြီး ဖုန်းချသွားတဲ့ အမ်မလီပြီးတော့ ဖုန်းထဲမှာ အမ်မလီပြောခဲ့တဲ့ “ပင်န် ၊ တက်ဂ် ၊ အုတ်ခဲ နဲ့ ဖရစ္စကို “ ဆိုတဲ့ထူးဆန်းတဲ့နာမည်တွေ ။ “သူ့ကို ကူညီပါ “ လို့ အကူအညီတောင်းသွားတဲ့ရည်းစားဟောင်းအတွက် ဘရန်ဒန်တစ်ယောက် သူ့သူငယ်ချင်း ဘရိန်း အကူအညီနဲ့အဲဒီသဲလွန်စတွေနောက်ကို လိုက်ရပါတော့တယ် ။ သဲလွန်စ တစ်ခုပြီးတစ်ခုလူတစ်ယောက်ပြီး တစ်ယောက်နောက်ကို လိုက်ရင်းနဲ့ ဘရန်ဒန် နောက်ဆုံးမှာပင်န် နဲ့ တွေ့ခဲ့ရပါတယ် ။ ပင်န်ဆိုတာ ဘယ်သူလဲ ၊ အမ်မလီနဲ့ရောဘယ်လိုဆက်စပ်နေမလဲ ။ အမ်မလီတောင်းထားတဲ့ အကူအညီကိုရောဘရန်ဒန် ပေးနိုင်မလားဆိုတာကို Brick ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာအားလုံးအတူတူ ကြည့်လိုက်ရအောင်နော် ။ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဘရန်ဒန်အဖြစ်အားလုံးသိကြတဲ့ 500 ...
movie

Brick(2005)

Flora and Son (2023) 7.1
Flora and Son (2023) Flora and Son (2023)~ IMDb - 7.1/10, Rotten Tomatoes - 94% ~ဂီတဟာ လူတွေကို နှလုံးသားချင်းပိုနီးစေတယ်။ သီချင်းထဲမှာတော့ ဘဝဟာရှိချင်မှရှိမှာပေမဲ့ ဘဝထဲမှာတော့ သီချင်းကို အားလုံးလိုခဲ့ကြတယ်။ ဒီဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးရပြီး ကလေးကိုရော ကိုယ့်ဘဝကိုယ်ရော မုန်းနေတဲ့ အမေနဲ့ အမေကိုပါထထဆဲနေတဲ့ ဘာကိုမှမကျေနပ်နေတဲ့ကလေး သားအမိအကြောင်းပေါ့။ သားလေးသာ နည်းနည်းကြီးလာတယ်။ သားအမိကြား နားလည်မှုတစ်စက်မှမရဘဲ ဆဲလိုက်ဆိုလိုက် သေသွားရင်ကောင်းမယ်တွေးလိုက် လုံးလည်ချာလည်လိုက်နေတဲ့ သားအမိပါပဲ။ သားဆိုလည်း ခိုးမှုနဲ့ စခန်းခဏခဏရောက်နေတဲ့ လူပေလူရေလေး။ဒီလိုနဲ့ သူ့အမေက သူ့သားမွေးနေ့မှာ ဂီတာဟောင်းတစ်လက် မွေးနေ့လက်ဆောင်ပေးတယ်။ သားက ဂီတာကိုစိတ်မဝင်စားဘူး။ ကွန်ပျူတာနဲ့ဖန်တီးရတဲ့ ဂီတကိုပဲ စိတ်ဝင်စားတာဆိုတော့ အဖက်မလုပ်ဘူး။ အဲဒါနဲ့ပဲ ကလေးအမေက ဂီတာကို အွန်လိုင်းကနေ သူ့ဘာသာသင်ရင်း ဂီတကိုပိုချစ်တတ်လာတယ်။ သူ့သားကလည်း သူ့ဘာသာတော့ သီချင်းတွေဖန်တီးနေတဲ့ကလေး။ ...
movie

Flora and Son (2023)

2023
Looper (2012) 7.4
Looper (2012) IMDb Rating (7.4) / Rotten Tomatoes (93%)မင်းသားကြီး Bruce Willis , Joseph Gordon-Levitt နဲ့ မင်းသမီး Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ရုပ်ရှင်ကားကြီးပါ။Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။အဲဒီ့အတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။အဲဒီ့ခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီးဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက ...
movie

Looper (2012)

2012
4K HEVC
50/50 (2011) 7.6
50/50 (2011) ဒီတစ်ခါမှာတော့ IMDb 7.6 ထိရရှိထားပြီး Rotten Tomatoes မှာ 93% ထိရရှိထားတဲ့ comedy/drama လေး တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားကို Joseph Gordon-Levitt နဲ့ Jurassic park က မမ Bryce Dallas Howard လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ရေဒီယို ရုံးမှာအလုပ်လုပ်တဲ့ အသက် 27 နှစ်အရွယ် MC တစ်ယောက်ဟာ အရမ်းရှားတဲ့ ကျောရိုးကင်ဆာတစ်ခုဖြစ်နေတာသိလိုက်ရပါတော့တယ် 50% ပဲအသက်ရှင်နိုင်ချေရှိတဲ့ ကင်ဆာကို ကုသနေတုန်းမှာ MC တစ်ယောက် ခင်မင်မှုနဲ့ ချစ်ခင်မှု အကြောင်းကို သတိပြုလာမိပါတော့တယ် သေဆုံးနိုင်လောက်တဲ့ ကင်ဆာရောဂါဖြစ်နေတဲ့အချိန်မှာ ဘေးကလူတွေက ဘယ်လိုပြောင်းလဲသွားမှာလဲ ကိုယ့်ကိုယ်ကို သေဆုံးတော့မယ်လို့ မှတ်ယူထားတဲ့လူတစ်ယောက်က လောကကြီးကိုဘယ်လိုမြင်လဲ ဆိုတာကို ရိုက်ပြပေးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ် File size…(1.9 GB)/(960 MB) Quality….Webrip 1080p ...
movie

50/50 (2011)

The Brothers Bloom (2008) 6.7
The Brothers Bloom (2008) IMDb Rating (6.7) / Rotten Tomatoes (68%)နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ The Pianist မင်းသားကြီး Adrien Brody, MCU ရဲ့ Hulk မင်းသားကြီး Mark Ruffalo,The Mummy ရဲ့အသည်းကျော်မင်းသမီးကြီး Rachel Weisz တို့ပါ၀င်ထားပြီးဒါရိုက်တာ Rian Johnson ရိုက်ကူးထားတဲ့ Action,Adventure,Comedy ရုပ်ရှင်ကားလေးပါ။ဇာတ်လမ်းကတော့....မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့Bloomတို့ဟာငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီးအစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီးညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။နှစ်‌တွေကြာပြီးမှာတော့ Bloomညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူတစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ဖို့အကြောင်းဖန်လာတဲ့အခါ....။ File size…(2 GB)/ (970 MB) Quality….BluRay 1080p /720p Format…mp4 Duration….01:53:40 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by SP
movie

The Brothers Bloom (2008)

(18+) Don Jon (2013) 6.5
(18+) Don Jon (2013) IMDb (6.5) / Rotten Tomatoes (80%)မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ...
movie

(18+) Don Jon (2013)

2013
1080p HEVC
Sin City: A Dame to Kill For (2014) 6.5
Sin City: A Dame to Kill For (2014) Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie

Sin City: A Dame to Kill For (2014)

1080p HEVC
Mysterious Skin (2004) 7.6
Mysterious Skin (2004) Mysterious Skin (2004)====================(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ)ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်. ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက်တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကိုဆွဲခေါ်သွားခဲ့ပါတယ်။ ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက်အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန်  ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီးတစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်.သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ.ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကိုပရိသတ်များရှုစားနိုင်ဖို့  CM ကနေ တင်ဆက်ပေးလိုက်ပါတယ်....  File size…1.46GB / 508MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre .....  Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali
movie

Mysterious Skin (2004)

Glass Onion: A Knives Out Mystery(2022) 8.0
Glass Onion: A Knives Out Mystery(2022) ကဲ 2019 တုန်းက နာမည်အရမ်းကြီးခဲ့တဲ့ Knives Out ရဲ့ ဒုတိယရုပ်ရှင်ထွက်လာပါပြီ။ Glass Onion ဆိုတဲ့နာမည်ကတော့ ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ သီချင်းကို ကိုးကားထားတာပါပဲ။ ပထမကားနဲ့မစပ်ဆက်ဘဲ သီးသန့်အမှုတစ်ခု ကြည့်ရမှာပါ။ မင်းသားကတော့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ဒန်နီရယ်ခရိတ်ပဲ စုံထောက်ကြီး Benoit Blanc ဘန်ဝါး ဘလန့် အနေနဲ့ ပြန်ပါလာတာပါ။ ဒီတစ်ကားမှာလည်း အရင်ကားလိုပဲ နာမည်ကြီးတွေ အပြည့်ပါပါတယ်။ Fight Club မင်းသားကြီး Edward Norton၊ Hidden Figure ထဲက Janelle Monáe၊ Dave Bautista၊ အက်မင့်ဆော် Jessica Henwick၊ Ethan Hawke တို့အစုံပါပဲ။ ကိုဗစ်ကာလမှာရိုက်ထားတာမို့ အစပိုင်းမှာ Maskတွေ တပ်ဆင်ထားတာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကားပီပီအများကြီးမပြောတော့ပါဘူး။ ဘီလီယံနာတစ်ယောက်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ အမတ်၊ မော်ဒယ်၊ ယူကျုဆယ်လီ၊ သိပ္ပံပညာရှင် စတဲ့လူစုံကို အားလပ်ရက်မှာ သူ့ရဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်ကို ဖိတ်လိုက်ပါတယ်။စားသောက်အနားယူရင်း ...
movie

Glass Onion: A Knives Out Mystery(2022)

2022
The Night Before (2015) 6.3
The Night Before (2015) The Night Before (2015) ================= IMDb Rating - 6.3/10ဟာသရုပ်ရှင်ကောင်းများနဲ့ Chill ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်များ အတွက်  ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ ခရစ္စမတ်ကာလကို အခြေ တည်ထားတဲ့ ဟာသရုပ်ရှင်ကောင်း တစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 69%, IMDb Rating 6.3/10 ရရှိထားပါတယ်။ Hangover လိုမျိုး ဟာသရုပ်ရှင်ကြိုက်တယ်ဆိုရင်တော့ လက်လွတ် မခံဖို့ အကြံပေးချင်ပါတယ်။ (Warning: ညစ်ညမ်းဟာသတစ်ချို့ ပါဝင်တာမို့ မိသားစုနဲ့အတူ မကြည့်ရှု့ သင့်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ်)ခရစ်၊ အီသန်နဲ့ အိုင်ဆက်တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်း သုံးယောက်ပါ။ အီသန်ဟာ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးလုံးကို ခရစ္စမတ် ကာလမှာ ဆုံးရှုံးလိုက်ရပါတယ်။ ဒါနဲ့ပဲ ခရစ်နဲ့ အိုင်ဆက်တို့လည်း အီသန့်ကို အတတ်နိုင်ဆုံး ကူညီပေးဖို့အတွက် ခရစ္စမတ်နေ့မှာ အတူတူ ရှိနေပေးကြ ပါတယ်။ ဒီလိုနဲ့ပဲ သူတို့သုံးယောက်အတွက် ခရစ္စမတ်ဓလေ့လေး တစ်ခု ဖြစ်လာပါတယ်။ တစ်ခုသော ခရစ္စမတ်မှာတော့ Nutcracker ball ...
movie

The Night Before (2015)

2015
Pinocchio (2022) 5.5
Pinocchio (2022) Pinocchio (2022) =============ငယ်ငယ်က ကျွန်တော်တို့အားလုံးကြိုက်ခဲ့တဲ့ ပီနိုခီရို သစ်သားရုပ် သေးရုပ်လေးအကြောင်းဆိုရင်တော့မသိသူမရှိလောက်ပါဘူး ။ ဒီ Animation ကိုတော့ Disney က ၂၀၂၂ မှာ ဂန္တဝင် မင်းသားကြီး Tom Hank နဲ့အတူ live-action အဖြစ် ပြန်လည်အသက်သွင်း လိုက်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ အားလုံးသိခဲ့တဲ့အတိုင်း ပီနီခီရိုလေးရဲ့ စွန့်စားခန်းတွေကို မြင်ရမှာပါ။ Animation ကို live action လုပ် ထားတယ်ဆိုပေမယ့် မူရင်းအရသာမပျက်သွားဘဲ အတော်လေး ကြည့်ရတာ အဆင်ပြေပါတယ်။  Disney ရဲ့ ရုပ်ရှင်တွေအတိုင်း ဇာတ်ဝင်တေးကောင်းကောင်းလေးတွေနဲ့ ကလေးလူကြီးကြိုက်ပြီး ငယ်ဘဝကိုပြန်အမှတ်ရစေမယ့်ကားကောင်းလေးဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(2.28 GB) / (1.12 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Drama Translator.......Thiha Yan Naing Encoder..........SWM
movie

Pinocchio (2022)

2022
The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
500 Days of Summer (2009) 7.7
500 Days of Summer (2009) 500 Days of Summer (2009) IMDb - 7.7/10_____Rotten- 85% ဇာတ်လမ်းကိုတော့    Movies-we watch,we feel. Facebook Page မှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။---------------------------------------------------------(500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း(review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။)အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို ...
movie

500 Days of Summer (2009)

2009
4K HEVC Web-DL
10 Things I Hate About You (1999) 7.3
10 Things I Hate About You (1999) 10 Things I Hate About You (1999) IMDb - 7.3/10_____Rotten - 69%ဒီရုပ်ရှင်မှာ မင်းသားကြီး Health Ledger နဲ့ မင်းသမီး Julia Stiles တို့ အဓိကပါဝင်ထားပြီးသူတို့နှစ်ယောက်ဘယ်လောက်တောင် တွဲဖတ်ညီခဲ့လဲဆိုရင် ဇာတ်ကားရိုက်ကူးနေစဉ်မှာပဲ တကယ်တွဲဖြစ်ခဲ့ကြပါတယ်....ဇာတ်ဝင်ခန်းမှာ Julia ရဲ့တောင်းဆိုချက်ကြောင့်  Frankie Valli ရဲ့"Can't take my eyes off you" သီချင်းကို Health Ledger ကိုယ်တိုင် သီဆိုခဲ့ပြီး ဒီ Scene ဟာ လူတိုင်းရင်ကို ကြည်နူးစေခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ နိုင်ငံတကာက လူငယ်တွေကြား အခုချိန်ထိ အသည်းစွဲနေတဲ့ဇာတ်ကားဖြစ်ပြီး Rating မြင့်တဲ့ Romance Comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့...ကမ်မရွန် ဆိုတဲ့ ကျောင်းသားလေး ပါဒွာ ဆိုတဲ့ ကျောင်းတော်ကြီးမှာကျောင်းစတက်တဲ့ နေ့မှာဘဲ ဘီယန်ကာဆိုတဲ့ စော်ချောချောလေးကို ...
movie

10 Things I Hate About You (1999)

1999
4K HEVC Web-DL
Knives Out (2019) 8.0
Knives Out (2019) IMDb Rating (8.0) / Rotten Tomatoes (97%)ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig, ကပ္ပတိန်အမေရိက Chris Evans, No Time to Die နဲ့ Knock Knock ဇာတ်ကားတို့မှာ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားခဲ့တဲ့ မင်းသမီး Ana de Armas, 13 Reason Why ရဲ့ Katherine Langford တို့အပြင် တခြားနာမည်ကြီးတွေလဲပါသေးတယ်။မင်းသမီး Ana de Armas ရဲ့ ရှယ်သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Daniel Craig က သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ No Time to Die ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဒီမင်းသမီးကို ထည့်ရိုက်ခိုင်းခဲ့တယ် ဆိုကြတယ်....ပါဝင်သရုပ်ဆောင်ရတဲ့အချိန် အတိုလေးဆိုပေမယ့် သူ့ရဲ့ဖမ်းစားမှုကို ...
movie

Knives Out (2019)

4K HEVC
G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009) G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie

G.I. Joe: The Rise of Cobra (2009)

2009
HEVC 1080p 5.1
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
The Interview (2014) 6.5

The Interview (2014)