Channel Myanmar

Josh Diogo

The Starving Games(2013)
The Starving Games(2013)  The Hunger Games ရုပ်ရှင်စီးရီးကိုတော့တော်တော်များများရင်းနှီးကြမယ် ထင်ပါတယ်ဗျ။ခရိုင် ၁၂ခုကနေ ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်စီ ရွေးချယ်ခံရပြီး ကစားပွဲထဲမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်တဲ့အထိ တိုက်ခိုက်ရတဲ့ ဂိမ်းမျိူးပါ။ယခုတင်ဆက်ပေးလိုက်တဲ့ The Starving Gamesကတော့The Hunger Gamesကို parodyအဖြစ် သရော်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဇာတ်လမ်းအတိုင်းကိုမှ မထင်မှတ်ထားတဲ့ ဟာသတွေ အများကြီးထည့်ထားတဲ့ အခွီဇာတ်ကားပဲဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ဇာတ်လိုက်မင်းသမီးဟာ သူ့ညီမဖြစ်သူဂိမ်းကစားဖို့အရွေးချယ်ခံလိုက်ရတာကို လက်မခံနိုင်ပဲ သူ့ကိုယ်သူသူ့ညီမကိုယ်စား ဝင်အရွေးခံခဲ့ရာကနေ ဇာတ်လမ်းစပါတယ်။ဒီလိုနဲ့ ဂိမ်းထဲမှာ ဘယ်လိုတလွဲတွေ ဆက်ဖြစ်ကြမလဲဆိုတာဟာသပေါင်းစုံနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ File size…2.29GB / 1.01GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 23m Genre ..... Adventure , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato
movie

The Starving Games(2013)

Magic Mike XXL(2015) 5.6
Magic Mike XXL(2015)  2012ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Magic Mikeရဲ့ အဆက်ဖြစ်ပြီး 2023မှာလည်း sequelအနေနဲ့ ထပ်လာဖို့ရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဖော်အချွတ်လောကကနေ အနားယူပြီး သုံးနှစ်ကြာ ကိုယ်ပိုင် ပရိဘောဂ လုပ်ငန်းကိုသာ တစ်စိုက်မတ်မတ် လုပ်နေတဲ့ Mikeဟာ တစ်နေ့မှာတော့ အရင်အဖွဲ့ဟောင်းဆီကနေ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dellas ဆုံးပါးသွားခဲ့ပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒီလိုနဲ့ အသုဘစောင့်အိပ်ရအောင်လို့ လိုက်သွားပြီး အရင်အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်ဆုံမိတဲ့နောက် မထင်မှတ်ထားတာတွေ ဖြစ်ပျက်လာတဲ့အခါမှာတော့..။IMDb rating 5.6နဲ့ Tomatometerမှာ 65% ရရှိထားပြီး ပထမတစ်ကားထက် စာရင် Dance sceneတွေ Soundtrackတွေ သိသိသာသာ ပိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါရိုက်တာအနေနဲ့ကတော့ ပထမတစ်ကားရဲ့ ပရိုဂျူဆာဖြစ်တဲ့ ဝါရင့်ဒါရိုက်တာကြီး Gregory Jacobက စီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။File size…(2.02GB)  / (1.07GB) / 546MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comsdy / Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO
movie

Magic Mike XXL(2015)