Channel Myanmar

Josh Lucas

J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

An Unfinished Life (2005) 7
An Unfinished Life (2005) An Unfinished Life (2005)~ IMDb - 7/10, Rotten Tomatoes - 52% ~ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ... ဂျင်းနဲ့ ...
movie

An Unfinished Life (2005)

2005
When Strangers Appear (2001) 6.3
When Strangers Appear (2001) When Strangers Appear (2001) ======================= IMDb Rating - 6.3/10ဘတ်သ်တစ်ယောက် လူသူအလာကြဲလှတဲ့ သူ့ရဲ့လမ်းဘေးစားသောက် ဆိုင်လေးကို တစ်နေ့တာအတွက်စတင်ဖွင့်ချိန်မှာသူ့အတွက် သာမန်ပျင်း ရိဖွယ်နေ့တစ်နေ့လို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့်လည်း ဂျက်ခ်ဆိုတဲ့ ဒဏ် ရာရထားတဲ့ red flag တွေအပြည့်နဲ့လူချောလေးတစ်ယောက် ဆိုင်ထဲကို ဝင်လာချိန်မှာတော့ သူ့အထင်မှားသွားပြီဆိုတာ စသိလိုက်ရပါတယ်။ငနဲသားဟာ ထိတ်ထိတ်ပျာပျာရှိလွန်းတယ်၊ လက်ထဲမှာလည်း အကြွေစေ့တွေပဲပါတယ်။ ဘတ်သ်ကတော့ ဒါနပြုလိုက်တယ်လို့ သဘောထားပြီး သူ့ ကိုမနက်စာကျွေးနေချိန်မှာ နောက်ထပ် လူရမ်းကားပုံစံနဲ့လူသုံးယောက်ဆိုင် ထဲထပ်ဝင်လာပါတယ်။ သူတို့အုပ်စုခေါင်းဆောင်ကလည်း လူချောတစ်ယောက် ပါပဲ။အဲ့ဒီအချိန်မှာ ဂျက်ခ်တစ်ယောက် စားပွဲမှာထိုင်နေရာကနေပျောက်သွား ပြီး တစ်နေရာမှာ ဝင်ပုန်းနေတဲ့အချိန်မှာ ဘတ်သ် တစ်စုံတစ်ခုကိုသတိထားမိ လိုက်ပါတော့တယ်။ အဲ့ဒါကတော့ ပထမကောင်လေး ဂျက်ခ်နောက်ကိုဒီလူရမ်း ကားသုံးယောက်က အကြောင်းတစ်စုံတစ်ရာအတွက် လိုက်အန္တရာယ်ပေးနေ တယ်ဆိုတာပါပဲ။ ဒီနေ့တစ်နေ့တာဟာ သူ့အတွက် ဘယ်လိုမှပျင်းစရာမကောင်း တော့ဘူးဆိုတာ သေချာသွားပါပြီ။အခုချိန်မှာသိပ်မတွေ့ရတော့တဲ့ psychological thriller ကားကောင်းတစ်ကား ဖြစ်ပြီးအစကနေအဆုံးအထိ လှည့်ကွက်တွေအပြည့်နဲ့ဆွဲခေါ်သွားပါလိမ့်မယ်။ Josh Lucas , Radha Mitchell နဲ့ Barry Watson တို့လိုဝါရင့်သရုပ်ဆောင် ကြီးတွေရဲ့ နုစဉ်ဘဝကိုလတ်လတ်ဆတ်ဆတ်မြင်ရမှာဖြစ်ပါတယ်။ ပရိသတ် တွေလက်လွတ်မသင့်တဲ့ဇာတ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

When Strangers Appear (2001)

2001
Stolen (2012) 5.5
Stolen (2012)  တစ်ချိန်တစ်ခါက ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်မှာလည်းပြန်လည်တွေ့မြင်နေရပြီဖြစ်တဲ့မင်းသားကြီး Nicolas Cage ရဲ့ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stolen ဖြစ်ပြီးတော့ သူ့ကိုအများဆုံးတွေ့ရတဲ့ဇာတ်ရုပ်ဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီထဲမှာတော့ ဝေလ်ဆိုတဲ့ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်နေရာကနေတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဘဏ်တစ်ခုထဲက ပိုက်ဆံတွေကိုခိုးယူပြီးထွက်ပြေးနေတာကို တွေ့ရမှာပါ။ဒါပေမယ့် အကြောင်းအရင်းတစ်ခုခုကြောင့် သူ့တွဲဖက်ဖြစ်သူ ဗင်းဆင့်နဲ့သဘောထားကွဲလွဲပြီးသူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ကျန်ခဲ့ပြီးအဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့် ထူးဆန်းတာက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ပိုက်ဆံတွေကမရှိတော့ပါဘူး။ဒီလိုနဲ့ ထောင်ရှစ်နှစ်ကျပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ဘဝမှာအချစ်ရဆုံးသူဖြစ်တဲ့ သူ့သမီးနဲ့သွားတွေ့ခဲ့ပါတယ်။ဒါပေမယ့် ခါးခါးသီးသီးငြင်းလွှတ်ခံလိုက်ရလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သွားတွေ့နေတဲ့အချိန်မှာသူ့သမီးပြန်ပေးဆွဲခံလိုက်ရပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကပိုက်ဆံတွေကို တောင်းပါတော့တယ်။ဒီလိုနဲ့ ဝေလ်တစ်ယောက်သမီးကိုပြန်ရဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲအဲ့ဒီပိုက်ဆံတွေကရော တကယ်တမ်းဘယ်ရောက်သွားလဲဆိုတာတွေအပြင်တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်းကြည့်ရမဲ့ ဇာတ်ကားဟောင်းထဲးကမှ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။  File size…1.93 GB / 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Stolen (2012)

The Black Demon (2023)
The Black Demon (2023) မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်‌တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း "မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ"၊ "မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်" အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ ...
movie

The Black Demon (2023)

Life As We Know It(2010) 6.5
Life As We Know It(2010)   ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေနဲ့ ဟာသဆန်ဆန် မတည့်အတူနေ ဇာတ်လမ်းမျိုးကို စိတ်ဝင်စားပါသလား... ဒီလိုဆိုရင်တော့...Josh Duhamel နဲ့ Katherine Heigi တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Greg Berlanti ရိုက်ကူးတင်ဆက်ထားတဲ့ "Life as we know it" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန် တို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲရဲ့ မိတ်ဆက်ပေးမှုကြောင့် blind date လုပ်ခဲ့ကြပေမယ့် အချင်းချင်းမုန်းတီးစွာနဲ့ လမ်းခွဲခဲ့ကြပါတယ်။သူငယ်ချင်း နှစ်ဦး ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့နှစ်ဦးရဲ့ ဘဝဟာလဲ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ ပါ​တော့တယ်။ ကျန်ရစ်သူ တစ်နှစ်အရွယ်သမီးလေး ဆိုဖီကို သူငယ်ချင်းစုံတွဲရဲ့ စံအိမ်ကြီးမှာထိန်းကျောင်းရင်း အတူနေထိုင်ဖို့ ဖြစ်လာရာက မက်ဆာနဲ့ ဟောလီတို့နှစ်ယောက် သံယောဇဥ်ကြိုးတွေ နှောင်ဖွဲ့သွားကြမှာလား...မိသားစုတွေ တကွဲတပြားဖြစ်ကြဦးမလားဆိုတာကိုတော့...ရသပေါင်းစုံပါဝင်တဲ့ ရုပ်ရှင်လေးကြည့်ရင်း အပန်းဖြေကြပါစို့။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို Thae Suu မှ တင်ဆက်ထားပါတယ် ...
movie

Life As We Know It(2010)

Ford v Ferrari (2019) 8.1
Ford v Ferrari (2019) Ford v Ferrari (2019) IMDb - 8.1/10_______Rotten - 92% won 2 Oscars. Another 21 wins & 73 nominations     ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ...
movie

Ford v Ferrari (2019)

2019
4K HEVC
Sweet Home Alabama (2002) 6.2
Sweet Home Alabama (2002)   မယ်လနီဟာ နယူးယော့ခ်ဆိုတဲ့ မြို့ကြီးပြကြီးမှာ အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေး၀မ်းကျောင်းပြုနေတဲ့ မိန်းမချောလေးတစ်ဦးပါ အန်ဒရူးဆိုတဲ့ ချစ်ရတဲ့ကောင်လေး တစ်ဦးလည်းရှိသတဲ့ အန်ဒရူးဟာလည်း မြို့တော်၀န်ရဲ့သားဖြစ်သလို အတွင်း၀န်တစ်ယောက် အန်ဒရူးက မယ်လနီကို လက်ထပ်ခွင့်တောင်းတဲ့အခါမှာတော့ မယ်လနီတစ်ယောက်ရဲ့ဘ၀ဟာ ရှေ့ဆက် ပန်းခင်းတဲ့လမ်းချည်း ဖြစ်တော့မှာပါဒါပေမယ့် ပန်းခင်းလမ်းကိုရှေ့ဆက်ဖို့ဆိုရင်တော့ မယ်လနီဟာ သူမရဲ့အတိတ်ကနေ အရင်လွတ်မြောက်အောင် ထွက်ပြေးရမှာဖြစ်ပြီး သူမအလွတ်မြောက်ချင်ဆုံးအရာကတော့ အထက်တန်းကျောင်းပြီးတော့ သူနဲ့လက်ထပ်ခဲ့တဲ့ ဂျိတ်ဆိုတဲ့ ကောင်လေး ဖြစ်ပါတယ် ဒီတော့ မယ်လနီတစ်ယောက် အတိတ်ကို အပြီးသတ်ဖို့ရာ သူမရဲ့ ဇာတိမြို့လေးကို ပြန်လာရင်း ရှုပ်ထွေးမှုတွေကြား သောကရောက်ရပါတော့တယ် ခင်ပွန်းလောင်းအသစ်နဲ့ ခင်ပွန်းဟောင်းကြား ဗျာများရမယ့် မယ်လနီတစ်ယောက်အကြောင်းကို drama comedy အဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.77GB)/(1.24GB) / (581MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Comedy / Romance Subtitle….Myanmar ...
movie

Sweet Home Alabama (2002)

Session 9(2001) 7.0
Session 9(2001) Session 9(2001) အညွှန်း********************ဂေါ်ဒွန်ဦးဆောင်တဲ့အဖွဲ့ဟာ ကျောက်ဂွမ်းမှုန့် (Asbestos) တွေရှင်းလင်းသန့်စင်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်...စိတ္တဇဆေးရုံတစ်ခုကိုပြန်လည်ပြုပြင်ရေးပရောဂျက်မှာလေလံဝင်ဆွဲရာကနေအနည်းဆုံးသုံးပတ်ကြာမဲ့အလုပ်ကိုတစ်ပတ်နဲ့ပြီးစေရပါမယ်ဆိုပြီး လေလံအောင်ခဲ့ပါတယ်... ဂေါ်ဒွန်ကတော့ သူ့မိန်းမဝင်ဒီနဲ့ သူ့သမီးလေးကြောင့် တစ်ခုခုစိတ်ရှုပ်နေရပုံပါ... သူတို့အလုပ်လုပ်နေကြရင်း session 9 ဆိုတဲ့ ခွေကိုဖွင့်ကြည့်ခဲ့မိပါတယ်... အဲဒီမှာတော့ မေရီဆိုတဲ့ စိတ်အထွေထွေကွဲပြားတဲ့ရောဂါသည်လေးကိုဆွေးနွေးမေးမြန်းထားတာပဲဖြစ်ပါတယ်... ဟန့်ကလည်း ငွေပြားတွေရှာတွေ့ပြီးနောက်မှာထူးထူးဆန်းဆန်းပျောက်ကွယ်သွားပါတယ်...အဲဒီနောက်မှာတော့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ကိုပေါ်လာပါတော့တယ်...ဘာတွေလဲဆိုတာကိုတော့....Box Office ဝင် Horror မို့ ခံစားကြည့်သင့်ပါကြောင်း...File Size :(1.7GB) (715 MB) and (278MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:37:00 Genre : Horror,  Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae
movie

Session 9(2001)

Alive (1993) 7.1
Alive (1993) Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie

Alive (1993)

1993
Red Dog (2011) 7.4
Red Dog (2011) Red Dog (2011)~ IMDb - 7.4/10, Rotten Tomatoes - 83% ~လူသားတွေမှာ soul (ဝိညာဉ်) ဆိုတာ ရှိပါသတဲ့။ သူက ရုပ်လုံးရယ်လို့မရှိဘဲ အ‌ဖြူရောင်အလင်းလုံးသပ်သပ်ရယ်ပါ။ သူက ခန္ဓာစဲတဲ့အခါမှာ ကိုယ်ခန္ဓာကိုစွန့်ခွာလို့ ကောင်းကင်ဘုံကို ခိုဝင်ရောက်ရှိပါသတဲ့။ ဝမ်းနည်းစရာကောင်းတာကတော့ တိရစ္ဆာန်လေးတွေမှာ ဝိညာဉ်မရှိရှာပါဘူး။ သူတို့ဟာ သေဆုံးချိန်မှာ ဒီအတိုင်းပျောက်ကွယ်သွားကြပါသတဲ့။ဝိညာဉ်ရှိပါတယ်ဆိုတဲ့ လူသားတွေကြားမှာ၊ ခွင့်လွှတ်ခြင်းကိုခံရပြီး သုခဘုံမှာ ခိုဝင်ရမယ်ဆိုတဲ့ လူသားတွေကြားမှာ ခွေးတစ်ကောင်ဟာ မွန်မြတ်ခြင်းကို လမ်းပြသွားလေရဲ့။ သစ္စာတရား၊ မေတ္တာတရား၊ တွယ်တာမှု စတဲ့ ကောင်းခြင်းတရားတွေကို လူသားတွေသိအောင် သင်ကြားပေးခဲ့သူပေါ့။ သူဟာ တောရိုင်းခွေးတစ်ကောင်ရယ်ပါ။ ဩစတေးလျရဲ့ အနီသွေးလွှမ်းတဲ့မြေပေါ်က နီညိုရောင်ခွေးတစ်ကောင်ပါပဲ။ဒီဇာတ်ကားဟာ ခွေးချစ်သူတွေ မျက်ရည်မခိုင်ရင် မကြည့်သင့်ပါဘူး။ ဂျပန်ခွေးလေး ဟာချီကို ရဲ့ ဇာတ်လမ်းက ကမ္ဘာကို ကိုင်လှုပ်ပြီးနောက်ပိုင်း သူ့ဇာတ်လမ်းကိုမှီးလို့ ဇာတ်ကားတွေ ...
movie

Red Dog (2011)

2011
The Forever Purge 2021 5.7
The Forever Purge 2021    Purge ရုပ်ရှင်တွေကို အတော်များများတော့ ရင်းနှီးကြမှာပါ။ အမေရိကန်နိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ဓလေ့တစ်ခုရှိတယ်ဗျာ။ နှစ်စဉ်နှစ်တိုင်းတစ်နှစ်ကို တစ်ရက်တိတိ သန့်စင်ရေးနေ့ဆိုပြီး ခွင့်ပြုပေးတယ်။ အဲဒီနေ့မှာတစ်နိုင်ငံလုံးကလူတွေကို ဘယ်ရာဇဝတ်မှုနဲ့မှအရေးမယူပါဘူး။ လူပဲသတ်သတ် ကြိုက်တာလုပ်လို့ရပါတယ်။ အဲဒီလိုနေ့မှာ သတ်ဖို့ကြိုးစားတဲ့သူတွေ၊အသက်ရှင်ဖို့ ကြိုးစားတဲ့သူတွေ အစုံပေါ့။ ဒီရုပ်ရှင်ကတော့ လေးကားမြောက်ပါ။ အရင် Purge တွေထက် ပိုဆိုးသွားပါပြီ။ ၂၄ နာရီပြည့်တာတောင်တစ်နိုင်ငံလုံးကို အရင်လိုတားလို့မရတော့ဘူး forever purge ဆိုတဲ့ လှုပ်ရှားမှုပေါ်ပေါက်လာပါပြီ။ ပိုဆိုးတာက စတင်လိုက်တဲ့သူတွေက လူဖြူကြီးစိုးရေး အစွန်းရောက်မျိုးချစ်တွေ ဖြစ်နေတာကြောင့် မက္ကဆီကိုသားတွေ အခြားနိုင်ငံသားတွေအားလုံးကို ဦးတည်သတ်ဖြတ်လာပါတော့တယ်။ ဒီလူသတ်ကောင်တွေကြားထဲကနေ အမေရိကန်တွေနဲ့ မက္ကဆီကိုသားတွေ ပူးပေါင်းပြီး ဘယ်လိုအလွတ်ရုန်းရမလဲဆိုတာ File size…(1.8 GB) and (1 Gb) Quality….web 1080p and 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

The Forever Purge 2021

The Secret: Dare to Dream 2020 6.4
The Secret: Dare to Dream 2020 ဒီ ဇာတ်ကားလေးကတော့ မိသားစုတစ်စုရဲ့ချစ်ခြင်းမေတ္တာကိုဖော်ကျူးထားတဲ့ ဇာတ်ကားလေးတစ်ကားပါမရန်ဒါအမည်ရတဲ့မုဆိုးမတစ်ယောက်ဟာ ခက်ခဲပင်ပန်းစွာနဲ့အသက် မွေး၀မ်းကျောင်းပြုပီး ကလေး၃ယောက်ကိုပြုစုပျိုးထောင်နေတဲ့မိန်းမတစ်ယောက်ပါတစ်နေ့တော့သူတို့နေတဲ့မြို့ကလေးကို ဟေဇယ်မုန်တိုင်းက၀င်ရောက်တိုက်ခတ်ခဲ့ပါတယ် တိုက်ခတ်လာတဲ့မုန်တိုင်းနဲ့အတူ သူမကို ကူညီပေးတဲ့ ဘရေးအမည်ရတဲ့လူတစ်ယောက် တိုက်ဆိုင်စွာရောက်ရှိလာခဲ့ပါတယ်ဘရေးရဲ႕ ဘ၀သင်ခန်းစာတွေ စိတ်ခွန်အားဖြစ်စေတဲ့စကားတွေကြောင့် စိတ်ပျက်အားငယ်နေတဲ့မိသားစုလေးဟာ အသက်၀င်လာခဲ့ပါတယ်ဒါပေမဲ့ မရန်ဒါရဲ့ယောက္ခမကတော့ ဘရေးကိုသိပ်သဘောမကျခဲ့ပါဘူးနောက်ဆုံးမှာ ဘရေးတစ်လျှောက်လုံးဖွင့်ပြောချင်ပေမဲ့ထုတ်မပြောနိုင်ခဲ့တဲ့ လျို့၀ှက်ချက်တစ်ခုပေါ်ပေါက်လာတဲ့အခါ ဒီအခြေအနေတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်အ့ဒီ့လျို့၀ှက်ချက်ကဘာလဲ သူတို့တွေပေါင်းစည်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်  File size… 1Gb Quality… Webrip 1080p Format…mp4 Duration….01:47:00 Genre ... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Translated by Zhang Yu Yan Encoded by Littleneo
movie

The Secret: Dare to Dream 2020

The Lincoln Lawyer(2011) 7.3
The Lincoln Lawyer(2011)  The Lincoln Lawyer (2011) အညွှန်း**********************************IMDb   .... 7.3,,,,RT..... 73%(အလန်းစားနင်းကန်လန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH လေးပါပြုလုပ်ပေးထားပါတယ်...)"ကနဦး ဒေါ်လာ ၁သိန်း အရင်လိုချင်တယ်...ပြီးရင် အလုပ်ချိန် ၁နာရီ ကို ဒေါ်လာ ၅၅၀ အမှုစပြီးကြားနာရင် ဒေါ်လာ ၁၀၀ ထပ်တိုးမယ်" ဒါကတော့ ရှေ့နေမစ်ခ်ရဲ့ အမှုတစ်ခုအတွက်ပျမ်းမျှအခကြေးငွေပဲ....ပိုက်ဆံချေမယ်ပြောပြီး ငွေမရသေးရင် တရားရုံးတင်တဲ့ရက်ကိုရွှေ့ပစ်တဲ့ရှေ့နေတစ်ယောက်...သူကဘိန်းရာဇာလိုကောင်တွေနဲ့တောင်အလုပ်လုပ်တဲ့သူ...သူ့မှာသိပ်တော်တဲ့အလွတ်တန်းစုံထောက်တစ်ယောက်ရှိသလိုနယ်ပယ်အသီးသီးက သတင်းအတိအကျရယူပေးနိုင်တဲ့အဆက်အသွယ်တွေလည်းရှိတယ်...ဒီလောက်ဆိုမစ်ခ်ဆိုတဲ့ရှေ့နေဟာ ဘယ်လိုဆရာကျနေမလဲသိလောက်ပါပြီ...ဒီလိုနဲ့တစ်နေ့မှာ မစ်ခ် ဟာ... လူကုံထံသူဌေးသား တစ်ယောက် မုဒိမ်းမှု၊လူရိုက်မှုတွေနဲ့ အစွပ်စွဲခံထားရတဲ့ အမှုကို ကူညီပေးဖို့သဘောတူလိုက်တယ်...အဲ့ဒီမှာ သောက်ကျိုးနည်းပြဿနာတွေ တသီကြီး စပါတော့တယ် ....ဒီကားက မင်းသားကြီး  Matthew McConaughey အဓိကသရုပ်ဆောင်ထားတဲ့ကား...ဒီလိုစရိုက်မျိုးတွေဆို အပိုင်နိုင်ဆုံးလို့တောင်ဆိုရမယ်..ဇာတ်လမ်းက အရမ်းမိုက်သလိုအစမှအဆုံးထိ ဆွဲဆောင်မှုရှိလွန်းတယ်....လက်မလွှတ်သင့်တဲ့ နင်းကန်ကောင်းတဲ့ကားမို့ကြည့်ကြပါလို့ညွှန်းလိုက်မယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...File Size :(2.17GB)(855 MB) and (377 MB) Quality ...
movie

The Lincoln Lawyer(2011)

Thinner 1996 5.8
Thinner 1996 Billy ကအရမ်းအ၀လွန်နေတဲ့ ရှေ့နေတစ်ယောက်ပါ တစ်ည သူနဲ့ သူ့မိန်းမ ပါတီပွဲတစ်ပွဲကအပြန် ဘာညာလုပ်ရင်း မိန်းမအိုတစ်ယောက်ကို မတော်တဆကားနဲ့တိုက်မိခဲ့ပါတယ်။ထို့နောက် Billyက ဂျစ်ပစီအဖိုးအိုတစ်ယောက်ရဲ့ ကျိန်စာတိုက်ခြင်းကို ခံလိုက်ရပါတယ် ကျိန်စာကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်ဆိုးရွားတာပါ တစ်ဖြည်းဖြည်းပိန်လာတာပါ ပိန်လာပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်လာတာကတကယ် သွေးပျက်ဖို့လည်းကောင်းပါတယ် Billy တစ်ယောက် သူ့ရဲ့ကျိန်စာဆိုးက‌နေလွတ်မြောက်နိုင်‌ အောင်ကြိုးစားပေမယ့် တကယ်‌ရောလွတ်‌မြောက်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှု‌ပေးကြပါနော်........ဒီဇာတ်လမ်းကဆိုရင် IT တို့ The shining တို့လိုနာမည်ကြီး horror ၀တ္တု‌‌တွေကို‌ရေးသားခဲ့တဲ့ စာရေးဆရာကြီးStephen Kingရဲ့ လက်ရာကို film အဖြစ်အသက်သွင်းထားတဲ့ ဇာတ်ကားဖြစ်ပြီး Robert John Burke,Michael Constantine,Kari Wuhrer,Joe Mantegna တို့ကအဓိကပါ၀င်သရုပ်‌ဆောင်ထားပါတယ် Horror film ဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားမှုများစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်....File size… 1 Gb / 500 ...
movie

Thinner 1996

Secondhand Lions 2003 7.5
Secondhand Lions 2003 ဝေါလ်တာဆိုတဲ့ ဆယ့်လေးနှစ်သားလေးဟာ လိမ္မာရှာပေမဲ့ မြာပွေတဲ့ အမေနဲ့နေ နေရရှာတဲ့ ဖတဆိုးသားလေးပါ ဒီလိုနဲ့တစ်နေ့မှာ သူ့အမေ ရည်းစားရှာထွက်ဖို့ ကောင်လေးဝေါ်လ်တာကို သူ့ရဲ့ လူပျိုကြီးအဖိုးလေးနှစ်‌ယောက်ဖြစ်တဲ့ ဟက်ဘ်နဲ့ ဂါ့သ်ဆီမှာ ချန်ထားခဲ့ပါတယ် ဒီလူပျိုကြီးနှစ်ယောက်ဆီမှာ ဝှက်ထားတဲ့ပိုက်ဆံတွေရှိနေတယ်လို့သတင်းထွက်လို့ အမျိုးတိုင်းက စိတ်၀င်‌စားနေကြတာပါ ဒီလိုနဲ့ ဝေါလ်တာက ဟက်ဘ် နဲ့ ဂါ့သ်တို့အိမ်ရောက်အပြီးမှာ‌တော့ တကယ်ပဲပိုက်ဆံတွေရှိနေလား သူတို့နှစ်ယောက်က ဘယ်လိုနောက်ကြောင်းတွေရှိမလဲ ဝေါ်လ်တာကရော ဘာဆက်ဖြစ်လာမှာလဲ စတဲ့အကြောင်းအရာပေါင်းများစွာကို ကြည့်ရှုရမဲ့ မိသားစုဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်   File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 49min Genre :   Comedy, Drama, Family  Subtitle : Myanmar Subtitle (Hard Sub) Translated by Chuck Chuck Encoded by Littleneo
movie

Secondhand Lions 2003

Ford v Ferrari (2019) 8.1
Ford v Ferrari (2019) Ford v Ferrari (2019) IMDb - 8.1/10_______Rotten - 92% won 2 Oscars. Another 21 wins & 73 nominations  #Unicode ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ...
movie

Ford v Ferrari (2019)

2019
What They Had (2018) 6.1
What They Had (2018) ညကြီးသန်းခေါင်ဘစ်တီတစ်ယောက်မောင်ဖြစ်သူဆီကဖုန်းခေါ်သံကြောင့် နိုးလာခဲ့ရပါတယ် အကြောင်းကတော့ သူတို့အမေအိမ်ကနေပျောက်သွားတယ်ဆိုတာကြောင့်ပါ မိဘတွေရဲ့အဝေးမှာတစ်အိုးတစ်အိမ်ထူထောင်နေပြီဖြစ်တဲ့ဘစ်တီမှ မိဘတွေနေထိုင်တဲ့မြို့လေးဆီကိုသမီးလေးကိုပါအပါခေါ်လာပြီးထွက်လာခဲ့ပါတော့တယ် အမှန်တော့ဘစ်တီရဲ့သမီးလေးအမ်မာကလဲ ကျောင်းအဆောင်မှာအရက်ခိုးသောက်တာကြောင့် အဆောင်ကထုတ်ပယ်ခံရတာကိုဘစ်တီကိုယ်တိုင်ပဲသွားခေါ်ထားရတာပါ အတွေးတွေအများကြီးနဲ့ဘစ်တီတို့သားအမိကိုမောင်ဖြစ်သူနီကိုးလစ်ပ်ကလေဆိပ်ကနေတန်းကြို ပြီးတာနဲ့ အဖေ့ဆီကိုတန်းသွားတဲ့အခ်ျန်မှာ သူ့တို့အမေကိုပြန်ရှာတွေ့နေပါပြီ ဘစ်တီတို့ရဲ့အမေကအတိတ်မေ့တဲ့ဝေဒနာကိုခံစားနေရပါပြီ နီကိုးလစ်ပ်ကသားကောင်းတစ်ယောက်ဖြစ်ပေမယ့် ဒီလောက်အချိန်တွေအကြာကြီးကိုသူတစ်ယောက်တည်းရင်မဆိုင်နိုင်တော့မှာကြောင့် အမေဖြစ်သူကိုရိပ်သာပို့ဖို့တိုက်တွန်းပါတယ် ဖခင်ဖြစ်သူပါသူ့မိန်းမရဲ့အနီးအနားမှာနေနိင်ပါတယ်ဆိုတာတောင် ဘစ်တီတို့ရဲအဖေကလုံးဝသူ့မိန်းမကိုပို့ဖို့လက်မခံခဲ့ပါဘူး ဒီလိုနဲ့ပဲဇာတ်လမ်းလေးကို ဆက်ထားပါတယ် ဒီဇာတ်ကားကတော်တော်လေးကိုသွက်ပါတယ် လိုတာတွေကိုပဲတိုက်ရိုက်ပြော ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ မိသားစုအတွင်းကမိဘနဲ့သားသမီးတွေရဲ့ဆက်ဆံပုံလေးတွေကိုဖော်ပြထားပြီးတော့ တစ်သက်မှာတစ်ယောက်ကိုသက်ဆုံးတိုင်ချစ်တတ်တဲ့သူအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးပါ ကိုယ်တွေကတော့ ဒီကားကိုကြည့်ပြီးအပြင်မှာသက်ကြီးရွယ်အိုစုံတွဲတွေကိုတွေ့ရင်ပိုပြီးတော့ကြည်နူးမိလာပါတယ် ဒီလောက်နှစ်တွေကြာတဲ့အထိ မေတ္တာမပြယ်ဖို့ဆိုတာလွယ်တာမှမဟုတ်ပဲကို ... ဒီတော့ ကြည့်သင့်ပါတယ်ဆိုတဲ့ဇာတ်ကားထဲမှာပါပါတယ်လို့ညွှန်းချင်ပါတယ် Translated by Aye Chansu Encoded by sithu
movie

What They Had (2018)

2018
Stealth (2005) 5.0
Stealth (2005) နည်းပညာတွေတိုးတက်လာတဲ့ ခေတ်မှာ လူနဲ့လုပ်ဆောင်သောအရာတွေကိုစက်တွေအစားထိုးပြီးလုပ်ဆောင်လာကြပါပြီ....အထူးသဖြင့် စစ်မြေပြင်တိုက်ပွဲတွေမှာ လူသားစစ်သားတွေအသေကြေနည်းပါးအောင်လျော့ချဖို့အတွက် အသုံးပြုလာကြပါတယ်...ဒီထဲမှာမှ ရေတပ်စစ်သဘောင်္င်္အုပ်စုတစ်ခုမှာ အသံထက်မြန်အောင်မောင်းနှင်နိုင်တဲ့ ဂျက်လေယာဉ်အုပ်စုတစ်ခုရဲ့ ၄ ယောက်မြောက်အဖွဲ့ဝင်အဖြစ်လူသားကဲ့သို့အသိဥာဏ်ရှိတဲ့ မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကိုအသုံးပြုဖို့အတွက် အကြောင်းဖန်လာပါတော့တယ်....EDI လို့အမည်ပေးထားတဲ့ စွမ်းအားမြင့်မောင်းသူမဲ့လေယာဉ်ဟာ အနာဂါတ်စစ်ပွဲတွေမှာ စိုးမိုးနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပြီးတော့သူ့အတွက်လိုအပ်တဲ့တိုက်ခိုက်ရေးအချက်လက်တွေကို ထည့်ပေးလိုက်ရုံနဲ့ သူကိုယ်တိုင် ရှာဖွေဝင်ရောက်နိုင်စွမ်းလည်းရှိပါတယ်....တခြားတိုက်လေယာဉ်တွေနဲ့မတူတာကတော့ သူဟာ လူသားတစ်ယောက်နီးပါးခံစားတတ်ပါတယ်...သို့ပါသော်ငြားလည်း သူဟာ လူသားတွေဖန်တီးတီထွင်ထားတဲ့စက်ပစ္စည်းတစ်ခုသာဖြစ်ပါတယ်...စက်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နည်းပညာပိုင်းအခက်ခဲတွေရှိတယ်လို့မထင်စေလိုပါဘူး...ဘာလို့လဲဆိုတော့ သူဟာ အမိန့်ကိုတိကျစွာလိုက်နာနိုင်ပါတယ်...ဒါကြောင့်လည်း စစ်ဆင်ရေးတစ်ခုမှာ ချပေးလိုက်တဲ့အမိန့်တစ်ခုကိုတိကျစွာလိုက်နာဆောင်ရွက်နေရင်းကနေ သူ့ရဲ့တွဲဖက်လေယာဉ်မှုးသုံးယောက်လုံး ကံကြမ္ပာဆိုးကျရောက်ဖို့စတင်လာပါတော့တယ်....အသေးစိတ်ကိုတော့ ကိုယ်တိုင်ကြည့်ရင်းခံစားကြပါ...ဒီကားရဲ့ထူးခြားချက်ကတော့ မြန်မာဆိုတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံလည်းပါနေတာပါပဲ...ကားတိုင်းကားတိုင်းမှာ ကိုယ့်နိုင်ငံပါနေရင်ပဲလူတိုင်းကကြည့်ချင်နေကြပါပြီ...Rating 5 ၂၀၀၅ ခုနှစ်ကထွက်ထားတဲ့ကားမို့အထင်မသေးစေချင်ပါဘူး...ဇာတ်ကားတစ်ကားရဲ့ကောင်းကွက်ဆိုးကွက်တွေကို ကြည့်သူတွေကပဲဆုံးဖြတ်ပေးလိုက်ကြပါဦး......ကားကောင်းလေးတစ်ကားလို့ထင်မြင်မိပါတယ်...... File Size : (951MB) and (277 MB) Quality : BluRay 720p Running Time : 2h 01 min Format : Mp4 Genre :  Action , Sci-Fi , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Stealth (2005)

2005