Channel Myanmar

Josh McKenzie

Northspur (2022) 5.0
Northspur (2022)  2022 တုန်းကထွက်ရှိခဲ့တဲ့ Northspur ဆိုတဲ့ အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတွေ့ရမယ့် ကမ္ဘာကြီးမှာရောဂါပိုးမွှားတွေနဲ့ ပြည့်နှက်နေပြီးကမ္ဘာ့လူဦးရေကလည်း အနည်းငယ်သာကျန်ပါတော့တယ်။ကျန်ခဲ့တဲ့လူတွေကလည်း သင့်သင့်မြတ်မြတ်နေရမဲ့အစား အသက်ရှင်သန်နိုင်ဖို့အတွက်အချင်းချင်းသတ်ဖြတ်ပြီး ကြမ်းတမ်းတဲ့ကမ္ဘာကြီးတစ်ခုဖြစ်နေပါတော့တယ်။ဒီလိုရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်သန်နိုင်ဖို့အရေးအကြီးဆုံးအရာကတော့ အစားအသောက်မဟုတ်ဘဲ ဆေးဝါးဖြစ်နေပါတယ်။အဲ့ဒီကာလမှာ ခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုခုဖြစ်တာနဲ့ ပိုးဝင်ပြီးသေဆုံးမဲ့သေလူလို့ သတ်မှတ်လိုက်လို့ရပါပြီ။အဲ့ဒါကို ကယ်တင်နိုင်မဲ့တစ်ခုတည်းသော နည်းလမ်းကတော့ ပိုးသတ်ဆေးတွေထိုးဖို့ပဲဖြစ်ပါတယ်။ကယ်လန်နဲ့ မလင်ဒါတို့ကလည်း ဒီလိုကမ္ဘာကြီးထဲမှာနေထိုင်နေကြတဲ့လူတွေထဲမှာအပါအဝင်ဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ တစ်နေ့မှာ မလင်ဒါဒဏ်ရာရခဲ့ပြီးသေလုမြောပါးဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ကယ်လန်က သူ့မိန်းမရဲ့အသက်ကိုကယ်တင်ပေးနိုင်ဖို့အတွက် ဆေးရှာပုံတော်ထွက်ခဲ့ပါတော့တယ်။အိမ်မှာ ကျန်ခဲ့တဲ့မလင်ဒါလည်း ဒဏ်ရာတစ်ဖက်နဲ့ သူတို့အိမ်ထဲ ကျူးကျော်လာရတဲ့ ရန်သူတွေကိုရင်ဆိုင်ရတဲ့အပြင် ကယ်လန်ကလည်း သူ့မိန်းမကိုကယ်ဖို့အတွက် ဆေးတွေကိုရဖို့နည်းလမ်းတွေ့ခဲ့ပေမဲ့ အရမ်းခက်ခဲနေတဲ့အခါမှာတော့ ကယ်လန်တစ်ယောက်သူ့မိန်းမကို အချိန်မီကယ်တင်နိုင်ပါ့မလား လင်မယားနှစ်ယောက်ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.69 GB / 736 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard ...
movie

Northspur (2022)

Mega Time Squad (2018) 5.8
Mega Time Squad (2018) ဒီဇာတ်ကားလေးကတော့ time travelကားလေးပါ။ပေါ့ပေါ့ပါးပါးတင်ဆက်ထားတဲ့ဇာတ်ကားလေးပါ။ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကို ဓားပြမှုရာကနေ ယူလာတဲ့လက်ပတ်လေးကအချိန်ခရီးသွားလက်ပတ်လေးဖြစ်နေတဲ့အခါမှာ Johnnyတစ်ယောက်ထူးဆန်းမှုတွေ တစ်သီကြီးနဲ့ကြုံရပါတော့တယ်။တစ်ခါအချိန်ခရီးသွားတိုင်း သူ့ရဲ့ကိုယ်ပွားတစ်ယောက်ပေါ်လာကနေကိုယ်ပွားတွေအများကြီးဖြစ်လာပါတော့တယ်။ဒါပေမယ့် ကိုယ်ပွားအချင်းချင်းတွေ့တဲ့အခါထျောင်ကျဲဆိုတဲ့တရုတ်နတ်ဆိုးကြီးရောက်လာတတ်ပြီးအကုန်လုံးကိုဝါးမျိုသွားတတ်ပါတယ်။Johhnyတစ်ယောက် သူ့ရဲ့ကိုယ်ပွားတွေအများကြီးနဲ့ဘယ်လိုဒုက္ခသုက္ခတွေရောက်မလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ရှုစားလိုက်ပါခင်ဗျာ File Size : ( 737 MB) & ( 277 MB)Quality : Web-DL 720pRunning Time :1hr 26 minFormat : Mp4Genre : Action , Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Ye Man AungEncoded by Moe Myint Lwin
movie

Mega Time Squad (2018)

2016