Channel Myanmar

Josh Ridgway

Boys Don’t Cry (1999) 7.5
Boys Don’t Cry (1999)  2000 ခုနှစ်မှာ ဒီဇာတ်ကားနဲ့ပဲ Best Actress အော်စကာဆုရခဲ့ပြီး Best Performance နဲ့ Best Actress ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး Hilary Swank နဲ့ ဇာတ်ကားကောင်းတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Peter Sarsgaard က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်တီနာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ လိင်သတ်မှတ်ဖို့အတွက်ပြဿနာရှိနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့နော် Operation လုပ်ဖို့ဆရာဝန်တွေနဲ့တိုင်ပင်ထားပေမယ့် လက်ရှိမှာတော့ ယောကျ်ားလေးလိုပဲဝတ်စားပြီး စော်တကာကို ပတ်ကြူနေတာပေါ့ ဒါပေမယ့် အဲဒီလိုလိင်အပြောင်းအလဲတွေကို လက်မခံတဲ့ Falls City ဆိုတဲ့မြို့ကို အမှတ်မထင်ရောက်သွားတာကနေ သူ့ဘဝကြီးတစ်ခုလုံး ဘယ်လိုမျှော်လင့်မထားတဲ့ ကံကြမ္မဆိုးတွေနဲ့ ရင်ဆိုင်ရမလဲ၊ သူချစ်မိသွားတဲ့ကောင်မလေးကရော ဘယ်လောက်ထိသူ့ကိုနားလည်ပေးနိုင်မလဲဆိုတာကိုတော့...........LGBT တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ လူတိုင်းလည်းကြည့်သင့်ပြီး ပညာယူသင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ (***တကယ်တော့ လူ့ဘဝကြီးကဆန်းကြယ်လွန်းပါတယ်***)ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.9 GB)/(940 Mb) Quality….Webrip 1080p / ...
movie

Boys Don’t Cry (1999)

Arlington Road (1999)
Arlington Road (1999)  Thriller/Crimeထဲမှာမှ Terroristဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ "မိုက်ကယ်ဖာရာဒေး"နဲ့ "အော်လစ်ဗာလန်း"ကတော့ အဓိကဇာတ်ဆောင်တွေပေါ့။ "မိုက်ကယ်ဖာရာဒေး"ဆိုသူ သမိုင်းဘာသာရပ်ပါမောက္ခက သီးခြားနေတတ်ပေမဲ့ ဉာဏ်လည်းကောင်း၊စိတ်ရင်းလည်းကောင်းသူတစ်ဦးပါ။ ဒီလိုနဲ့ အာလင်တန်လမ်းမှာရှိတဲ့ ဖာရာဒေးရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကို မိသားစုတစ်စုပြောင်းလာခဲ့တယ်။ ဖာရာဒေးရဲ့အိမ်နီးချင်းအသစ် အော်လစ်ဗာမှာ ကြောက်ဖို့ကောင်းတဲ့လျို့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲဒီလျို့ဝှက်ချက်က ဘဝပေါင်း​များစွာကို နေ့ချင်းညချင်း ပြောင်းလဲသွားစေနိုင်တဲ့ လျို့ဝှက်ချက်မျိုးပါ။ ဖာရာဒေးရိပ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ FBIအေးဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ဇနီးသည်လီရယ်ကို ဆုံးရှုံးထားတဲ့ဖာရာဒေးရဲ့ဘဝထဲမှာ အိမ်နီးချင်းအသစ်ရောက်လာတဲ့အခါ ဖာရာဒေးဘဝက ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ။ သမိုင်းမှာဘယ်လိုနာမည်မျိုးကျန်ရစ်မလဲ။ ရက်အနည်းငယ်အတွင်းမှာပဲ လူတစ်ယောက်ရဲ့ဘဝထဲမှာ အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ သရုပ်ဆောင်တွေက actingအရမ်းတော်ပြီး ဇာတ်လမ်းဇာတ်ကွက်ရော အဆင့်မြင့်မြင့်ရိုက်ကူးထားတဲ့ကားတစ်ကားမျိုးဖြစ်တာမို့လို့ အချိန်ပေးကြည့်ရတာအရမ်းတန်လို့ ဒေါင်းကြည့်ဖို့ကို recommendပေးပါတယ်နော် File size…(2 GB)/(1B)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Drama,Crime,Thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

Arlington Road (1999)