Channel Myanmar
Jsu Garcia
Predator 2 (1990) 6.3
Predator 2 (1990) Predator 2(1990)IMDb Rating (6.3)ဒီဇာတ်ကားကတော့ ၁၉၈၇ မှာထွက်ရှိခဲ့တဲ့မင်းသားကြီးအာနိုးရဲ့ Predator ဇာတ်ကားရဲ့ Sequel ပါပဲ။ တခြားကမ္ဘာကဂြိုဟ်သားတွေကို ရဲတပ်ဖွဲ့ဝင်တွေကရင်ဆိုင်တိုက်ခိုက်ရတဲ့ဇာတ်လမ်းနဲ့ဗီလိန်ဖြစ်တဲ့ Predator ကိုသာကျောရိုးယူထားပြီး အဓိကဇာတ်ဆောင်တွေနဲ့ Storyline ပဲကွာသွားတာပါ။ဒီတစ်ခါမှာတော့ရဲအုပ်ကြီးဟယ်ရီဂန်နဲ့သူ့ရဲ့အဖွဲ့က ဒီအမျိုးအမည်မသိရပဲ လူအစုလိုက်သတ်ဖြတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ Predator ကိုကြိုးစားဖမ်းဆီးကြပုံတွေကို ထုံးစံအတိုင်းအက်ရှင်ခန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုရမှာပါ။ အက်ရှင်အသားပေးသိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းဖြစ်တာကြောင့်ရှည်ရှည်ဝေးဝေးညွှန်းစရာရယ်တော့သိပ်မရှိလှပါဘူး။ ထူးခြားချက်ကတော့ သူ့ခေတ်သူ့အခါနဲ့အထူးပြုလုပ်ချက်တွေကတကယ်ကိုချီးကျူးစရာပါ။အခုအချိန်မှာတော့ ဒီ Predator franchise ထဲကဇာတ်ကားခုနစ်ကားထိထွက်ရှိထားပြီဖြစ်ပြီး နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Prey ဟာဆိုရင်ဒီနှစ်ထဲမှာပဲလောလောလတ်လတ်ထွက်ရှိထားတာဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(2.8 GB)/(1.2 GB) Quality…BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie
Predator 2 (1990)
1080p HEVC
Collateral Damage (2022) 5.5
Collateral Damage (2022)    မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein
movie
Collateral Damage (2022)
New Nightmare (1994) 6.5
New Nightmare (1994) Wes Craven's The New Nightmare (1994) IMdb - 6.5/10, Rotten Tomatoes - 80%လောကကြီးထဲမှာ ဟိုးရှေးခေတ်ကတည်းကစပြီး ဘုရားသခင်ရဲ့ဖန်ဆင်းမှုတွေထဲမှာ ရောပြီးပါဝင်လာတဲ့ မကောင်းဆိုးဝါးဆိုတာ ရှိပါတယ်တဲ့။ သူက ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်လာခဲ့ပါသတဲ့။လူတွေက စိတ်ကူးစိတ်သန်းတွေထုတ်ပြီး ဇာတ်လမ်းတွေ ပုံပြင်တွေ ရေးဖြစ်တဲ့အချိန်မှာတော့ စာရေးဆရာတွေရဲ့ စိတ်ကူးဉာဏ်က မကောင်းဆိုးဝါးကို ဖမ်းယူပြီး ဇာတ်လမ်းထဲမှာ ထည့်ပိတ်လိုက်မိတယ်ဆိုပဲ။ ဇာတ်လမ်းမပြီးသေးသရွေ့တော့ မကောင်းဆိုးဝါးဟာ ဇာတ်လမ်းထဲမှာပဲ ပိတ်မိနေတာပေါ့။ ဇာတ်လမ်းပြီးသွားတဲ့အခါမှာတော့ မကောင်းဆိုဝါးက ပုံစံအသစ်နဲ့ပဲဖြစ်ဖြစ် ပုံစံအဟောင်းနဲ့ပဲဖြစ်ဖြစ် လောကကမ္ဘာအစစ်ထဲကို လွတ်မြောက်လာပါရောတဲ့။အခု Elm လမ်းပေါ်က အိပ်မက်ဆိုးဇာတ်ကားတွေထဲမှာ Freddy အဖြစ် ပိတ်မိနေတဲ့ မကောင်းဆိုးဝါးကြီးက Part 6 The Final Nightmare အပြီး ဇာတ်လမ်းအပြီးသတ်သွားတာကြောင့် လူ့လောကကို ထိုးဖောက်ဝင်လာဖို့ ကြိုးစားတဲ့အချိန်ပေါ့။ Freddy ...
movie
New Nightmare (1994)
1994
Candyman 3: Day of the Dead(1999) 4
Candyman 3: Day of the Dead(1999) သေဆုံးသူများရဲ့နေ့မှာ ကွယ်လွန်လေပြီးတဲ့သူတွေကို တောင့်တအောက်မေ့ဖို့နဲ့ သူတို့ရဲ့ ဝိညာဉ်တွေကို ပြန်လည်ကြိုဆိုတဲ့အနေနဲ့ ကျင်းပတတ်ကြပါတယ်။ကိုယ့်မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ကို ပြန်လည်တွေ့ဆုံနိုင်ဖို့ ဖိတ်ခေါ်တဲ့ပွဲလေးပေါ့။အဲဒီနေ့မှာ လူ့လောကရဲ့ ဝိညာဉ်လောကကို ခြားနားထားတဲ့ အကာအရံက အပါးလွှာဆုံးလို့သတ်မှတ်ကြပါတယ်တဲ့။ မမျှော်လင့်ဘဲ ဖိတ်ခေါ်မိခဲ့တဲ့အတွက် ချိုချဉ်လူသားကြီးရဲ့ မျိုးဆက်ဖြစ်တဲ့ ကာရိုလိုင်းကို ချိုချဉ်လူသားကြီး လာပြီးနှုတ်ဆက်ရင်း သူ့ဘေးကလူတွေကို တစ်ယောက်ပြီး တစ်ယောက်သတ်ပစ်ပါတယ်။သွားလေရာတိုင်း အလောင်းချင်းထပ်နေတော့ ကာရိုလိုင်းကို ရဲတွေကလည်း တရားခံလို့ထင်လာပြီး သူ့ကိုလိုက်ဖမ်းကြပါတော့တယ်။မျိုးဆက်အမွေကို ဆက်ခံထားတဲ့ ပန်းချီဆရာမလေး ကာရိုလိုင်းတစ်ယောက် ရဲတွေနဲ့ ချိုချဉ်လူသား ဝိညာဉ်လူသတ်သမားကြားမှာ ဘယ်လိုအသက်ဆက်ရှင်သန်နိုင်အောင် ကြိုးစားသွားမယ်ဆိုတာကို တတိယမြောက် Candyman ဇာတ်ကားဖြစ်တဲ့ Day of the deads ဇာတ်ကားမှာ ရင်တထိတ်ထိတ်ကြည့်ရမှာပါ။(ဘာသာပြန်တင်ဆက်ပေးတဲ့သူကတော့ Oleander ပဲဖြစ်ပါတယ်)  File size…(1.4GB)/ (691 MB)/ (344 MB) Quality…Bluray 1080p /720p / 480p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle ...
movie
Candyman 3: Day of the Dead(1999)
1999
Che: Part One (2008) 7.2
Che: Part One (2008) Che: Part One(2008)__________IMDb - 7.2/10   [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....)  (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ကပ်ပတိန်ကြီး ...
movie
Che: Part One (2008)
A Nightmare on Elm Street (1984) 7.5
A Nightmare on Elm Street (1984) A Nightmare on Elm Street (1984) =========================Rotten Tomatoes… 94%IMDb… 7.5ကျွန်တော်တို့ငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။မူမမှန်​ဖြစ်​လာမယ်​။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?ဇာတ်လမ်းအကျဉ်း =============Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တို့သူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမို့သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။)  File size…(1.6 GB) and (970 MB) Quality…BluRay 1080p and 720p Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Chan Myae Kyaw 
movie
A Nightmare on Elm Street (1984)
We Were Soldiers (2002) 7.2
movie
We Were Soldiers (2002)
2002