Channel Myanmar

Ju Seok-tae

Noryang: Deadly Sea(2023) 7.0
Noryang: Deadly Sea(2023) Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ်  စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့  ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့  cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie

Noryang: Deadly Sea(2023)

The Wild(2023) 7.0
The Wild(2023) The Wild(2023)***************ဆုန်းဝူချောဆိုတဲ့ သူဟာ လက်ဝှေ့မှာအတော်ကြမ်းတဲ့ဖိုက်တာတစ်ဦးဖြစ်ပါတယ်... သူက လူမိုက်အမိုက်အပေါင်းအသင်းတွေလည်းရှိသလိုမြေအောက် တရားမဝင်လက်ဝှေ့လောကမှာလည်း ရံဖန်ရံခါအချီကြီးထိုးလေ့ရှိတယ်...တစ်နေ့တော့ တခြားဖိုက်တာတစ်ယောက်နဲ့ အချီကြီးထိုးဖို့ဖြစ်လာတယ်..အတွေ့အကြုံလည်းများသလို  ထိုးသတ်ရာမှာ ဆရာကြီးဖြစ်တဲ့သူ့အတွက် သိပ်မခက်တဲ့ပွဲဆိုပေမဲ့  တစ်ဖက်ပြိုင်ဘက်ကပွဲအပြီးသေဆုံးသွားပါတယ်.....ဒါ့ကြောင့် သူဟာ ထောင်ကျသွားခဲ့တယ်...နောင်တတွေ ရနေတဲ့သူဟာ ထောင်က ၈ နှစ်အကြာမှာ လွတ်လာပြီးအေးဆေးလေးနေမယ်လို့ကြိုးစားခါမှသူ့ရဲ့ လူမိုက်ဘော်ဒါဟောင်းတွေဟာ မဟာအရှုတ်တော်ပုံကြီးထဲကိုဆွဲသွင်းလာတဲ့အခါမှာတော့...သတ်ဖြတ်ခန်းတွေနဲ့ အဖော်အချွတ်ကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...File size…1.2GB & 513MB Quality…WEB-DL 1080p ,720p Format…mp4 Duration….1h 59m Genre …..Action,Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri Emily, Hnin Wai Oo & Treasure Htet
movie

The Wild(2023)

The Advocate: A Missing Body(2015) 7.0
The Advocate: A Missing Body(2015) The Advocate: A Missing Body(2015)*********************************ဥပဒေရုံးကြီးတစ်ခုရဲ့နာမည်ကျော်ရှေ့နေဗြောန်းဟိုဆောင်းဟာ လိုက်သမျှအမှုတိုင်းလိုလိုနိုင်အောင်စွမ်းဆောင်နိုင်ပြီး"အနိုင်ရတာကတရားမျှတမှုပဲ" လို့ခံယူထားသူတစ်ဦးဖြစ်ပါတယ်။ဆေးဝါးကုမ္ပဏီကြီးအတွက် အမှုနိုင်အောင်လုပ်ပေးပြီးတဲ့နောက်မှာတော့ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ဥက္ကဌမွန်းဂျီဟွန်းရဲ့ဒရိုင်ဘာအတွက် အမှုလိုက်ပေးဖို့ ငှားရမ်းခံရပါတယ်။အလောင်းရော၊ သက်သေရောမရှိတဲ့လူသတ်မှုဖြစ်နေပေမယ့် ရှေ့နေဗြောန်းကသူ့ထုံးစံအတိုင်း တရားပြိုင် အပြစ်မရှိအောင် ခုခံချေပပေးခဲ့ပါတယ်။ဒီလိုနဲ့ တရားခွင်နောက်ဆုံးနေ့ အမှုနိုင်ခါနီးမှာမှ သူ့အမှုသည်က သူသတ်ခဲ့တာဖြစ်ကြောင်းရုတ်တရက်ထဝန်ခံလိုက်တဲ့အခါမှာတော့ အမှုရှုံးနိမ့်သွားပါတော့တယ်။ရှေ့နေဗြောန်းတစ်ယောက် အရှက်တကွဲဖြစ်ခဲ့ရတဲ့အပြင် မျက်မြင်သက်သေအတုဖန်တီးမှုနဲ့ပါသံသယဝင်ခံရတဲ့အတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ အမှုပြန်စုံစမ်းရင်းကနောက်ကွယ်မှာ သူမထင်ထားတဲ့ ဖြစ်ရပ်ပေါင်းများစွာရှိနေတဲ့အခါမှာတော့...File Size :(1.7GB) and (688MB) Quality :WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:57:00 Genre : Crime , Thriller, Mystery, Comedy, Law Subtitle : Myanmar Subtitle (Hard Sub) Translated by  Ei Phyu Khin & Shoon Encoded by Phyo Pyae
movie

The Advocate: A Missing Body(2015)

Master(2016) 7.0
Master(2016) Master(2016)************Lee Byung-hun  အဓိက ပါဝင်ထားတဲ့ ဒီအက်ရှင်ကားကြီးဟာBO လည်း ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးမွှမ်းခြင်းတွေလည်း ရရှိခဲ့ပါတယ်.. ဂျင်ယောင်းဖီဆိုတဲ့သူဟာ ပိရမစ်စနစ်ဆိုတဲ့ ငွေစုစနစ်တစ်ခုကိုတည်ထောင်ပြီးတော့တစ်နိုင်ငံလုံးကပြည်သူတွေဆီကနေ ငွေသန်းပေါင်းများစွာလိမ်ယူနေတာပါ။ဒါကို စုံထောက်ဂင်ဂျယ်မြောင်းဆိုတဲ့သူကသိပြီးတော့ ဖမ်းဖို့သက်သေရှာနေပါတယ်။သက်သေရပြီး ဖမ်းမိခါနီးမှာပဲ ဂျင်ယောင်းဖီက ပိုက်ဆံတွေယူပြီး ကိုးရီးယားနိုင်ငံကနေထွက်ပြေးသွားတာမလို့ စုံထောက်အဖွဲ့အရေးနိမ့်သွားရပါတယ်။ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ စုံထောက်ဂင်ဂျယ်မြောင်းက လက်မလျော့ဘဲ ဂျင်ယောင်းဖီကိုဖမ်းဖို့အတွက် သူ့ကိုယ်ပိုင်အထူးအဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။သူ့ရဲ့အဖွဲ့နဲ့အတူ ဖိလစ်ပိုင်မှာနောက်ထပ်လိမ်လည်မှုကျူးလွန်ဖို့ကြံစည်နေတဲ့ ဂျင်ယောင်းဖီကို ဘယ်လိုမိအောင်ဖမ်းမလဲ။ဉာဏ်အရမ်းထက်တဲ့ လူလိမ်ဂျင်ယောင်းဖီကရော ဘယ်လိုအကွက်တွေနဲ့လှည့်ထွက်ဦးမလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။File Size :(2.6GB)(1.04GB) and (342MB) Quality :WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:23:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Master(2016)

Hide and Seek (2013) 6.3
Hide and Seek (2013) Hide and Seek (2013) ================“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။”အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။

အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Hide and Seek (2013)

2013
Aloners (2021) 6.8
Aloners (2021) Aloners (2021)Aloners ဆိုတဲ့ကားလေးကတော့ 2021 မှာထုတ်လွှင့်ထားတဲ့ Rating 6.8/10 ရရှိထားတဲ့တစ်ကိုယ်တည်းသမားတွေရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင်တော့ Aloners ဆိုတဲ့ခေါင်းစဥ်လေးအတိုင်း တစ်ကိုယ်တည်းသမားတွေရဲ့ဘဝ ခံစားချက်ကိုဖော်ပြထားတာဖြစ်ပါတယ်ဂျီနာဆိုတဲ့မိန်းကလေးဟာ credit card နဲ့ပတ်သက်တဲ့ Call-center ကအရည်အချင်းရှိတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တယ် ဒါပေမယ့်လည်းသူကတစ်ခြားသူတွေနဲ့ရင်းရင်းနှီးနှီးနေရတာကိုမကြိုက်ပဲသူတစ်ယောက်တည်းပဲနေလေ့ရှိတယ်အဲလိုနဲ့ဝန်ထမ်းအသစ်ကောင်မလေးနဲ့ဆုံမိတဲ့အခါမှာတော့ သူ့ရဲ့ခံစားချက်တွေကအရင်လိုပဲတစ်ယောက်တည်းပဲဆက်ဖြစ်နေဦးမလား ဒါမှမဟုတ်ပြောင်းလဲသွားမလားဆိုတာကြည့်ရှူလိုက်ရအောင်ပါနော်အညွှန်း နဲံ ဘာသာပြန်ကတော့ Yong Hom ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.1GB | 457MB | Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Yong Hom Encoder ..... August
movie

Aloners (2021)

2021
The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie

The Admiral: Roaring Currents (2014)

2014