Channel Myanmar

Juan Miguel Severo

Love You Long Time (2023) 5.8
Love You Long Time (2023)  ဒီဖိလစ်ပိုင်ကားကတော့ မြင်ဖူးနေကျဖိလစ်ပိုင်ကားတွေနဲ့ ကွဲထွက်ပါတယ်။အရာရာကို သဘာဝရှုခင်းလှလှ၊ ရုပ်ရှင်ဓာတ်ပုံလှလှတွေနဲ့  ငြိမ့်ငြိမ့်လေးပြသွားတာအချစ်ကဗျာတစ်ပုဒ် ဖတ်နေရသလိုပါပဲ။ အစပိုင်းမှာ ကြည့်ရတာပျင်းကောင်းပျင်းနိုင်ပေမဲ့စိတ်ရှည်ရှည်နဲ့ဆက်ကြည့်ရင် ဒီရုပ်ရှင်ကပေးစွမ်းချင်တဲ့ရသတွေကို ခံစားရမှာပါ။ အချစ်ဆိုတာလည်း ခက်တော့ခက်သား ဝေးရမယ်ဆိုမှ ပိုတွေ့ချင်မိတယ် ခွဲရမယ်ဆိုမှဆွဲထားချင်မိတယ်။ Before Trilogy တွေကိုကြည့်ပြီး မရိုးမရွဖြစ်စေတဲ့အရာကလည်းဒီလိုပဲ ဘဝမှာအလွယ်ရခဲ့သမျှအချစ်တွေအားလုံးကို ပေါပေါပဲပဲလုပ်ခဲ့ပြီးမှ ရထားခရီးစဉ်ဆုံးရင် ခွဲရတော့မယ့်လူကိုမှ ချစ်မိသွားလို့ နှစ်ယောက်သား နောင်တမရအောင် လမ်းခုလတ်ကဘူတာမှာ တစ်ညတာဆင်းနေခဲ့ကြတယ်မဟုတ်လား။ ကိုယ်ရဲ့ပစ္စုပ္ပန်က မင်းရဲ့အတိတ်မင်းရဲ့ပစ္စုပ္ပန်က ကိုယ့်အနာဂတ်အဖြစ် ၄ နှစ်တာ ကွာဟနေတဲ့ အချိန်ကာလကိုကိုယ်တို့အချစ်နဲ့ ဘယ်လိုပိတ်ဆို့ကြမလဲ။ ကိုယ်ကတော့ ဖုန်းအဟောင်းတစ်လုံးနဲ့မကျေနပ်နိုင်ဘူး။ မင်းကိုထိတွေ့ခွင့်တွေ၊ မင်းနဲ့အတူထိုင်ပြီး ကော်ဖီသောက်ခွင့်တွေ၊မင်းချသမျှဆုံးဖြတ်ချက်တိုင်းမှာ အရေးပါခွင့်တွေကို လောဘတက်ချင်သေးတယ်။မျှော်လင့်ချက်ဟာ အရာရာဆိုတာကို လက်ခံကြလားဗျ။ မျှော်လင့်ချက်ကြောင့်အသက်ရှင်သလို မျှော်လင့်ချက်ကြောင့် သေဆုံးနိုင်တာပါပဲ။ ကိုယ့်ကိုယ်ကိုသေလူလို့သက်မှတ်ထားတဲ့ကိုယ်က ဒီမျှော်လင့်ချက်တွေကြောင့်ပဲ အသက်ရှင်ချင်လာမိတယ်...ဒီဇာတ်ကားလေးကတော့Healing movie ကောင်းကောင်းတစ်ခုဖြစ်တဲ့အတွက် အချစ်ကြောင့်စိတ်ပင်ပန်းနွမ်းနယ်နေခဲ့ရင် ဒီကားကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်ခင်ဗျာ။ File size…1.26GB / 481MB Quality…NF WEB-DL ...
movie

Love You Long Time (2023)

The Hows of Us (2018) 7.9
The Hows of Us (2018) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်... ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး... IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she's dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး.....ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် ! George က Primoကို မြင်တည်းက ကြည့်မရဘူး...ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်... မိသားစုက သူ့ကိုချစ်ကြတယ်...အဖွားဖြစ်သူက Primoကို အသည်းစွဲ...နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်... အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်...ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်... နေ့ရက်တိုင်းဟာ ပျော်စရာပဲ...ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်...သူတို့ ဝေးခဲ့ကြတယ်... အရာရာဟာ နေသားမကျခြင်းတွေနဲ့...အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်... Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့... ...
movie

The Hows of Us (2018)

2018