Channel Myanmar

Jude Beny

Pet Sematary: Bloodlines (2023)
Pet Sematary: Bloodlines (2023) မြေမြှပ်လိုက်တိုင်း ပြန်ရှင်လာတဲ့ သင်္ချိုင်း၊ စာရေးဆရာကိုယ်တိုင်အကြောက်ဆုံးစာအုပ်Pet Semetaryဒီဇာတ်လမ်းဟာ ဟော်ရာစာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်အကြီးဆုံးဝတ္ထုတွေထဲက တစ်အုပ်ဖြစ်တဲ့ Pet Semetary ကိုအခြေခံပြီးရိုက်ကူးထားတာပါ။စတီဖင်ကင်းဟာ အင်တာဗြူးတိုင်းမှာ သူရေးတဲ့ဝတ္ထုတွေထဲသူအကြောက်ဆုံးဇာတ်လမ်းကိုပြောပါဆိုရင် Pet Semetary ကိုပဲ ညွှန်းလေ့ရှိပါတယ်။ပထမဆုံးရုပ်ရှင်ကို 1989 မှာ ရိုက်ကူးခဲ့ပြီး၊ ၂၀၁၉ မှာ ဗားရှင်းအသစ်ရိုက်ကူးထားပါတယ်။နှစ်ကားလုံးကို ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။အခု ဇာတ်လမ်းကတော့ မူရင်းဝတ္ထုထဲက ဇာတ်လမ်းကြီးမစခင်ရှေ့မျိုးဆက်အကြောင်းကို ရိုက်ကူးထားတာပါ။မူရင်းဇာတ်လမ်းထဲက အဘိုးကြီးဂျက်ဟာ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်လိုက်ပါပဲ။မူရင်းဇာတ်လမ်းတုန်းက တိရစ္ဆာန်သင်္ချိုင်းအကြောင်းကို အဘိုးကြီးကစကားအနေနဲ့ သတိပေးတဲ့ဟာကို အခြေခံပြီး ဇာတ်လမ်းပြန်ဖွဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလဒ်လိုမြို့မှာ ဖုန်းဆိုးမြေလို့ ခေါ်ရမဲ့ နေရာတစ်ခုရှိတယ်။အရင်ကတော့ မျိုးနွယ်စုတွေဟာ တိရစ္ဆာန်တွေကိုမြှပ်နှံပြီး တိရစ္ဆာန်ဝိညာဉ်တွေဟာလူတွေကို မကောင်းဆိုးဝါးလက်ကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဲဒီမြေက ပုတ်သိုးသွားပြီး သီးနှံတွေလည်းသေဆုံးလာသလိုမကောင်းဆိုးဝါး အားကောင်းလာတဲ့အခါ စွန့်ခွာပြီး ပြေးခဲ့ကြပါတော့တယ်။နှောင်းလူတွေ အဲဒီ သင်္ချိုင်းမြေကို ဆက်မသုံးမိအောင်လည်း သတိပေးထားကြပါတယ်။ဒါပေမဲ့ အဲဒီမြေရဲ့ မကောင်းဆိုးဝါးက ...
movie

Pet Sematary: Bloodlines (2023)

2023
4K HEVC