Channel Myanmar

Julia Wieniawa-Narkiewicz

How I Fell in Love with a Gangster (2022)
How I Fell in Love with a Gangster (2022) ဒီကား‌လေးကတော့ အရင်ခေတ်က နာမည်ကြီးခဲ့တဲ့ပိုလန်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး Niko Skotarczak ရဲဘ၀ဇာတ်ကြောင်းကိုမှီငြမ်းပြီး ရိုက်ပြထားတာပါ။သူကပိုလန်နိုင်ငံမှာ ကွန်မြူနစ်ခေတ်က အရှေ့ဂျာမဏီနဲ့မှောင်ခိုကူးပြီးတော့အရမ်းချမ်းသာလာတာပါ။သူ့ကိုပိုလန်ရဲ့ Pablo Escobar လို့တောင်ခေါ်ကြပြီး သူလည်း Escobar လိုပဲသူ့မြို့‌ကဆင်းရဲသားတွေအတွက်‌ တော့လူကြိုက်များပြီး ဘောလုံးအသင်းတစ်သင်းကိုလည်းငွေကုန်ခံပြီး၀ယ်ခဲ့ပါသေးတယ်။နီကိုရဲ့လူနေမှုစရိုက်ကတော့အဲဒီခေတ်မှာ ထူးဆန်းပြီးတော်တော်လူပြောများခဲ့ပါတယ်။ ဒီကားမှာ‌တော့နီကိုရဲ့ ကလေးဘ၀ကနေစပြီး လူမိုက်ဖြစ်လာပုံ၊ဒုစရိုက်လုပ်ငန်းတွေနဲ့ကြီးပွားလာပုံ၊ပိုလန်ရဲ့နာမည်အကြီးဆုံးဂိုဏ်းစတားဖြစ်လာပုံနဲ့နောက်ပိုင်းမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လာပြီး‌ကျဆုံးသွားပုံတွေကို ရိုက်ပြထားပါတယ်။နီကိုရဲ့ဘ၀တလျှောက် များပြားလှတဲ့ချစ်သူအမျိုးသမီးတွေ၊သူ့မိသားစု၀င်အကြောင်းတွေ၊ဒုစရိုက်လောကရဲ့ လှည့်ဖျားမှုတွေ၊သစ္စာဖောက်မှုတွေ ရက်စက်တာတွေပါကြည့်ရှူရမှာပါ။ ပိုလန်ဘာသာစကားပြောကားလေးဖြစ်ပြီး တင်ဆက်ပုံက Goodfellas ကားတို့လိုပုံစံဖြစ်ပြီးတမူထူးခြားပါတယ်။ဒါရိုက်တာ Maceij Kawulskiကရိုက်ကူးထားပြီး Tomasz Wlosok,Antoni Krolikowski, Agnieszka Grochowska, Magdalena Lamparska တို့ပါ၀င်ထားပါတယ်။ File size…(3 GB)/(1.7 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….03:05:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

How I Fell in Love with a Gangster (2022)

Nobody Sleeps in the Woods Tonight(2020) 6.0
Nobody Sleeps in the Woods Tonight(2020) Nobody Sleeps in the Woods Tonight(2020)IMDb...6.0စမတ်ဖုန်းတွေ၊ဂိမ်းတွေစွဲနေကြတဲ့ ဆယ်ကျော်သက်လူငယ်တွေကို နည်းပညာတွေနဲ့ဝေးဝေးနေပြီး သဘာဝတရားကိုခံစားနိုင်အောင် စီစဥ်ပေးထားတဲ့ offline campလေးတစ်ခုရှိပါတယ်။ဒီcampလေးထဲမှာဆိုရင် ဖုန်း၊လပ်တော့စတဲ့ လျှပ်စစ်ပစ္စည်းတွေလုံးဝယူမလာရဘဲ စီစဥ်ပေးထားတဲ့အတိုင်း အုပ်စုငယ်လေးတွေဖွဲ့ပြီး activityတွေလုပ်ရပါတယ်။နည်းပြ"မစ္စ အီဇာ"ဦးဆောင်တဲ့အဖွဲ့လေးကတော့ တောနက်ထဲကို ခြေလျင်ခရီးထွက်လာကြပါတယ်။တောထဲမှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဖွဲ့ရင်း စလိုက်ရန်ဖြစ်လိုက်၊ညဘက်မှာ မီးပုံဖိုရင်းသီချင်းတွေဆိုလိုက်နဲ့ ပတ်ဝန်းကျင်ကိုသတိမမူမိဘဲ ပျော်ရွှင်နေကြပါတယ်။မနက်လင်းလို့ခရီးဆက်ထွက်တော့မယ့်အချိန်မှ အဖွဲ့ထဲကကောင်လေးတစ်ယောက် ပျောက်ဆုံးနေပြီး သွေးကွက်အချို့ကျန်နေခဲ့တဲ့အတွက် လူစုခွဲပြီးလိုက်ရှာကြည့်ကြတဲ့အခါမှာတော့......တောနက်ထဲမှာရောက်နေတဲ့အပြင် ဆက်သွယ်စရာဖုန်းလည်းပါမလာကြတဲ့သူတို့တစ်တွေ တောထဲမှာ မထင်မှတ်ထားတဲ့ဘယ်လိုအန္တရာယ်မျိုးနဲ့ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦး.... File Size :(970MB) and (361 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Horror  , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin Encoded by Phyo Pyae
movie

Nobody Sleeps in the Woods Tonight(2020)