Channel Myanmar
Julian Richings
Urban Legend (1998) 5.6
Urban Legend (1998) Urban Legend (1998) ===============အမြို့မြို့အနယ်နယ်မှာ ပါးစပ်ရာဇဝင်လို့ခေါ်ကြတဲ့ ဇာတ်လမ်းတွေ၊ အချင်းချင်း လက်ဆင့်ကမ်းလာခဲ့တဲ့ပုံပြင်တွေကိုယ်စီရှိတတ်ကြပါတယ်။ အဲ့ဒါတွေဟာ အမှန် တကယ်လား စိတ်ကူးယဉ်လား ဆိုတာ ဘယ်သူမှစေ့စေ့စပ်စပ်စုံစမ်းလေ့မရှိကြ ပေမယ့် ပြောတဲ့သူတိုင်းကတော့ ကိုယ်တွေ့ကြုံသလိုပြောလေ့ရှိကြတာပါပဲ။အဖြစ်အပျက်တွေက ပန်ဒယ်တန်တက္ကသိုလ်ကျောင်းသူ မီချယ်မန်စီနီဆိုတဲ့ကောင် မလေးတစ်ယောက် ကားနောက်ခုံမှာ ပါလာတဲ့လူသတ်သမားရဲ့ခေါင်းဖြတ်သတ်ခံ လိုက်ရချိန်မှာစတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းဝင်းတစ်ခုလုံးကို တုန်လှုပ်သွား စေခဲ့ပေမယ့် ထုံးစံအတိုင်းယုံကြည်တဲ့သူတွေ မယုံကြည်ပဲလှောင်ပြောင်သူတွေနဲ့ဝိဝါဒ ကွဲပြားနေကြတုန်းပါပဲ။ အဲ့ဒီမီချယ်နဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူ နက်တလီကတော့ ဒီဖြစ်ရပ်ကြောင့်အထူးတုန်လှုပ်သွားခဲ့ရပါတယ်။သူ့ဘေးက လက်လှမ်းမီသူတွေကို သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့သူငယ်ချင်း တွေ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေထဲက အတိုင်း ဆင်တူနည်းလမ်းတွေနဲ့ အသတ်ခံလာရတဲ့အချိန်မှာတော့ နက်တလီတစ်ယောက် ကိုယ့် အားကိုယ်ကိုးပြီးလူသတ်သမားကိုဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဂန္ဓဝင် Slasher Films တွေထွက်ခဲ့တဲ့ 90s ကာလက နာမည်ကျော်တွေထဲက တစ်ကားဖြစ်ပါတယ်။ Horror ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်မယ့်ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.76 GB) / (751 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 39Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Alias Encoder..........SWM
movie
Urban Legend (1998)
1998
Universal Soldier II: Brothers in Arms (1998) 2.8
Universal Soldier II: Brothers in Arms (1998) ဒီဇာတ်ကားက နာမည်​ကြီး Universal Soldier​ (1992) ရဲ့ နောက်​ဆက်​တွဲ​ရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်​သံ​လိုင်း​မှာထုတ်လွှင့်ဖို့ ရိုက်​ကူး​ခဲ့တဲ့ ဇာတ်ကား​ဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်​တွေအစား အသစ်တွေထည့်သုံး​ထားပါတယ်။ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်​ရှင်အပြီးမှာ ဇာတ်​အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်း​ထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်း​ရှောင်​နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်​ပရိုဂရမ်ကို အစိုးရက ငွေကြေး​မထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံး​ဖြတ်​လိုက်ပါတယ်။ တစ်ချိန်​တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲ​မှာကျဆုံးခဲ့သူ Eric ​ဟာ Universal စစ်သည်​တွေကို ဖန်တီး​နေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်း​ခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကို​ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။တီဗွီမှာပြသဖို့ ရိုက်​ကူး​ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်​အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်း​အစား တခြား​တစ်ယောက်ကို​တွေ့နေရလို့ ဗန်ဒိန်း​ဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier​ franchise ထဲမှာပါဝင်တဲ့ ...
movie
Universal Soldier II: Brothers in Arms (1998)
Relax, I’m from the Future (2023)
Relax, I’m from the Future (2023)  အနာဂတ်သွားတာတွေ အတိတ်ကိုပြန်သွားတာတွေ ဗေးရီးယန့်လိုမျိုးတွေကို ဟာသနှောထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမဲ့ ငပြောင်ကားတစ်ကားပါ။အေးဆေးနော်...ငါက အနာဂတ်ကလာတာဆိုတာကြီးကို တွေ့သမျှလူ လျောက်ပြောနေတဲ့ ဘဲကြီးတစ်ဗွေ။ သူဘာလို့ အချိန်ခရီးသွားရလဲဆိုတော့ တယောက်တည်း ငေါင်နေရတာပျင်းလို့ပါတဲ့။အဲဒါနဲ့ ၂၁ရာစုကာလဆီကို အပျင်းများပြေမလား အချိန်ခရီးသွားကြည့်တာတဲ့။ တစ်ခုရှိတာက နည်းပညာအခက်အခဲကြောင့် ပစ္စုပ္ပန်ကိုပြန်သွားလို့မရပါဘူး။ ဒီမှာတင်ပဲ အနာဂတ်ကဆိုတဲ့အတွက်ကြောင့် ထွက်မဲ့ထီဂဏန်းတွေကြိုသိဘာညာနဲ့ ကျေးဇူးရှိတဲ့ မိတ်ဆွေသစ်တွေကိုကူညီရင်း သူ့အကြောင်းကိုသိပြီး လိုက်ဖမ်းတဲ့လူတွေကို ရှောင်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသနှောတင်ဆက်ထားတာမို့ အပျင်းပြေစေမဲ့ကားတစ်ကားပါပဲ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ PTပဲဖြစ်ပါတယ်) File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by PT
movie
Relax, I’m from the Future (2023)
Dead Silence (2007) 6.1
Dead Silence (2007) Dead Silence (2007) ============ IMDb Rating (6.1) အရုပ်သရဲကားတွေထဲမှာတော့ Dead Silence က ဇာတ်လမ်းဇာတ်ကွက်လုံးဝမိမိုက်တဲ့ထဲပါပါတယ်။ ဒီဇာတ်ကားကို ကမ္ဘာကျော် Horror Film တွေထဲ Top ဝင်ခဲ့တဲ့ The Conjuring Universe ကို စဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Wanက ရိုက်ကူးပြီး Insidious ကိုအသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Leigh Whannell က ဇာတ်ညွှန်းရေးခဲ့ပါတယ်။ 💀💀 ကျွန်တော်ဒီကားကြည့်တာ ၂ခါရှိပြီ။ကြည့်တဲ့အခါတိုင်း လန့်ရတယ်၊ဇာတ်အိမ်ကို ကြိုက်လို့ ပြန်ရှာကြည့်တယ်။တခြားHorrorတွေထက် ကွဲထွက်တယ်။သူ့ဟန်ပန်နဲ့ သူရှိတယ်။🤐 💀💀 Horror တွေရဲ့ ထုံးစံအတိုင်း စလာတုန်းက ဘာမှန်းမသိဘူး ကြောက်ဖို့ကောင်းတာပဲသိတယ်။နောက်ပိုင်းမှ ဇာတ်က တဖြည်းဖြည်း နက်နဲလာတယ်။🤐 💀💀 အဓိက က ကျွန်တော်အံ့ဩမင်တပ်သွားရတဲ့ point က ပြီးခါနီးမှ ဇာတ်တစ်ခုလုံးရဲ့ မြှုပ်ကွက်ကို ၁မိနစ်အတွင်းရိုက်ပြဖော်ပြသွားတာက အမ်....ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ....🤐၁မိနစ်အတွင်းလေးနော်...😳 အစက အဲ့လောက်ထိကို....မတွေးထား မထင်ထားတာပါ... ...
movie
Dead Silence (2007)
Saw IV (2007) Saw 4 5.9
Saw IV (2007) Saw 4 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie
Saw IV (2007) Saw 4
Open Range (2003) 7.4
Open Range (2003)  ဒီတစ်ခါမှာတော့ IMDb 7.4 ထိရရှိထားတဲ့ Western action drama ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ် အရင်တုန်းက မွေးမြူရေးလုပ်တဲ့သူတွေဟာ ကျွဲနွားတွေကို ခြံနဲ့မွေးမြူတာမဟုတ်ဘဲ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာရင်း အလွတ်ထိန်းကျောင်းကြတာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 19ရာစုနှောင်းပိုင်း ခြံသွင်းမွေးမြူရေး စတင်ပေါ်ပေါက်လာချိန်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်ဘောစ့် ချာလီ မိုစ့်နဲ့ ဘတ်တွန်တို့ဟာ အလွတ်ထိန်းကျောင်းသူတွေဖြစ်ကြပြီး တစ်ရက်မှာတော့ အလွတ်ထိန်းကျောင်းခြင်းကို မကြိုက်ကြတဲ့ မြို့လေးတစ်မြိုနားကိုရောက်လာပါတယ် မြို့ထဲကိုဝယ်စရာရှိတာလေးတွေဝယ်ဖို့ လွှတ်လိုက်တဲ့ မိုစ့်တစ်ယောက် ကုန်စုံဆိုင်မှာ ရန်ဖြစ်ပြီး အချုပ်ကျသွားပါတော့တယ် အချုပ်ထဲကနေ ပြန်သွားထုတ်ကြတဲ့အချိန်မှာ မွေးမြူရေးခြံကြီးပိုင်ရှင် ဒတ်စ်တာဟာ သူတို့ကို ဒီမြို့ကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ် ဒတ်စ်တာဟာ ဒီမြို့မှာ အာဏာရှိတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဖြစ်ပြီး အရမ်းလည်းလောဘကြီးပါတယ် ဒတ်စ်တာရဲ့လူတွေ ဘောစ့်ရဲ့ တိရစ္ဆာန်အုပ်ကို ပြဿနာလာရှာချိန်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဒီမြို့ကနေရော အဆင်ပြေပြေထွက်သွားနိုင်မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တဲ့အပြင် ရှုခင်းလှလှလေးတွေနဲ့ ...
movie
Open Range (2003)
Beau Is Afraid (2023) 7.1
Beau Is Afraid (2023) Beau Is Afraid (2023)~ IMDb - 7.1/10, Rotten Tomatoes - 67% ~မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ...
movie
Beau Is Afraid (2023)
2023
4K HEVC
Survival of the Dead (2009) 5.7
Survival of the Dead (2009) Survival of the Dead (2009)======================= ခေတ်ကြီးက Zombies တွေ နဲ့ ကမ္ဘာကြီးကပရမ်းပတာတွေဖြစ်နေတဲ့အချိန်ပေါ့။ ဒီလိုအခြေအနေတွေကြားမှာ အထက်ကိုစိတ်နာပြီးတပ်ပြေးလာတဲ့ ‌ဆာ့ခ်ျတို့ စစ်သားတွေတသိုက်။ပလမ်းကျွန်းပေါ်မှာကလည်း အိုဖလင်း မိသားစုနဲ့ မဲလ်ဒွန်းမိသားစုရဲ့ဇွန်ဘီးတွေအပေါ်အယူအဆကွဲလွဲပုံကြောင့်ပစ်ခတ်နေကြတာကပုံမှန်လိုပဲ။အိုဖလင်းတွေက ဒီဖုတ်ကောင်တွေကိုအမြစ်ဖြုတ်သတ်ပစ်ရမယ်ထင်ကြတယ်။ မဲလ်ဒွန်းတွေက ဒီကောင်တွေကိုပြောင်းလဲနိုင်မယ်ထင်ကြတယ်။အားလျော့တာတဲ့ အိုဖလင်းတွေရဲ့ခေါင်းဆောင် ပတ်ထရစ်ဟာတနေ့မှာ‌တော့ ကျွန်းကနေပါနှင်ထုတ်ခံရပါတော့တယ်။ ကျွန်းကိုပြန်နိုင်ဖို့ကြံနေတဲ့ပတ်ထရစ်နဲ့ ဘေးကင်းရာနေရာတခုရှာနေတဲ့ဆာ့ခ်ျတို့တွေ့ကြတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲ သူတလူငါတမင်းခေတ်မှာဘယ်သူကများအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး... File size…1.11GB / 415MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 30m Genre ..... Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Survival of the Dead (2009)
Mimic (1997) 6
Mimic (1997) Mimic (1997)~ IMDb - 6/10, Rotten Tomatoes - 64% ~ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက ...
movie
Mimic (1997)
1997
Wickensburg (2022)
Wickensburg (2022) Wickensburg နယ်မြို့လေးကိုပြောင်းလာတဲ့ စီလင်းနဲ့ အဲလီရက်တို့ သားအမိ ၂ ယောက်... မြို့ကိုလာတဲ့လမ်းမှာတင် ဒေသခံတစ်ယောက်ရဲ့ထူးခြားတဲ့စကားတွေ.. မြို့ထဲရောက်တော့လည်း ပုံမှန်မဟုတ်တဲ့ လူတွေရဲ့အပြုအမူတွေဟာ သားအမိ ၂ ယောက်အတွက်ထူးဆန်းနေခဲ့ပါတယ်။ နယ်မြို့လေးမှာလည်း အရင်တည်းက ကျိန်စာမိတယ်ဆိုတဲ့ယုံတမ်းစကားကိုလည်းယုံကြည်ပြီး သူ့ကိုယ်သူစုန်းမလို့ခံယူထားတဲ့ ဒေသခံ ဝီလိုဆိုတဲ့ကောင်မလေး နဲ့ အဲလိရက်တို့ခင်မင်သွားပြီး ကျိန်စာအကြောင်းကိုရှာဖွေကြပါတော့တယ်။ တစ်ဖက်မှာလည်း တက်ကြွပြီးတော်တဲ့ ဂျာနယ်လစ်လေးစီလင်းတစ်ယောက် အလုပ်အသစ်မှာ ဘယ်လိုတွေကြုံတွေ့ရမလဲ သတင်းတွေရေးဖို့ရှာဖွေမွှေနှောက်ရင်း စုံစမ်းရင်း ဘာတွေထပ်ပြီးဖော်ထုတ်နိုင်မလဲ.. ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်တွေရယ် ဒီမြို့လေးကတကယ်ပဲ ကျိန်စာမိနေတာလား နောက်ဆုံးဘယ်လိုဖြစ်သွားမလဲဆိုတာကို Mystery ဆန်ဆန် မပျင်းရဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမှာပါ။ File size…(1.8GB) / (1.14GB) / (412MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sarah
movie
Wickensburg (2022)
Stanleyville (2022)
Stanleyville (2022)   ဘဝမှာ အရေးအကြီးဆုံးက မိမိကိုယ်ကိုနားလည်ဖို့ပါပဲ အဲဒီလိုမှမဟုတ်ရင်ကိုယ်ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာတောင် သိမှာမဟုတ်ပါဘူးအဲဒီလိုပဲ လူတွေအများကြီးနေထိုင်တဲ့ ဒီကမ္ဘာပေါ်မှာ လူအမျိုးမျိုးစိတ်အထွေထွေနဲ့ လူတွေကအမျာကြီးမှ တကယ့်အများကြီးပါပဲအခုကားလေးကတော့ လူတွေရဲ့ စိတ်အမျိုးအစားကို ရိုက်ပြထားတဲ့ကားလေးပါပဲလူတွေသန်းချီတဲ့အထဲကမှ စိစစ်ရွေးချယ်ပြီး ဝင်ပြိုင်ရတဲ့ ပြိုင်ပွဲကြီးဆိုပြီးလူ ၅ယောက်ကို ဆက်သွယ်ကာ ပြိုင်ပွဲတစ်ခုလုပ်ပေးတဲ့ကားလေးပါပဲဆုကတော့ ကားအသစ်စက်စက်တစ်စီးရယ် မိမိကိုယ်ကိုနားလည်နိုင်စွမ်းရယ်တဲ့ပြိုင်ပွဲမှာတော့ အဆင့်၈ခုရှိပြီး တစ်ဆင့်ပြီးတိုင်း နိုင်တဲ့သူက တစ်မှတ်ရပါတယ်အားလုံးပြီးလို့ အမှတ်အများဆုံးရတဲ့သူက အနိုင်ရရှိသူပါပဲအဲဒီလိုနဲ့ ပြိုင်ပွဲမှာ ကားကိုလိုချင်တဲ့သူ နာမည်ကြီးချင်တဲ့သူ ဒီပြိုင်ပွဲလိုမျိုးပြိုင်ပွဲတွေကိုနောက်ကွယ်ကနေကြိုးကိုင်နေတဲ့သူ မိသားစုကြားထဲမှာလူရာမဝင်လို့ကိုယ့်ကိုကိုယ်နားလည်နိုင်စွမ်းလိုချင်တဲ့သူ အမ်အယ်အမ် လိုမျိုးဈေးရောင်းနေတဲ့သူအဲဒီလူတွေရဲ့ ပြိုင်ဆိုင်မှုတွေကို လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးအမြင်နဲ့ရောစပ်တင်ဆက်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲFile size…(1.15GB)/(600MB)/(400MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield
movie
Stanleyville (2022)
Vicious Fun (2020) 6.5
Vicious Fun (2020) Vicious Fun (2020) ==============IMDb Rating - 6.5/10, Rotten Tomato 88%Rating ကောင်းတွေရထားတဲ့ လူသတ် Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်သုံးသပ်ရေးနဲ့ horrorမဂ္ဂဇင်း‌ရေးသူ ဂျိုးဟာ အပေါင်းသင်းမရှိ လူသိပ်မသိတဲ့ သာမန် လူငယ် Nerd လေး တစ်ယောက်ပါ ။ တစ်နေ့သူ ကောင်မလေးရှာချင်တာကြောင့် ဘားတစ်ခုသွား အရက် သောက်ရင်းကနေ မှောက်သွားပါတယ်။ ပြန်နိုးလာတဲ့အချိန်မှာ သူရောက် သွားတာကတော့ အမေရိကရဲ့ အကြမ်းဆုံးကွင်းဆက်လူသတ်သမား ၅ ယောက်စုပြီး အစည်းအဝေးလုပ်နေတဲ့ စကားဝိုင်းကိုပါ ။ သူလည်းအဲ့ဒီကနေ လွတ်မြောက်နိုင်ဖို့ သူ့ရေးဖူးတဲ့ Horror ဇာတ်လမ်းတွေထဲက လူသတ်ဇာတ်ကောင်အဖြစ် အယုံသွင်းရင်း လိုက်လျောညီထွေနေ‌လိုက်ရပါတယ် ။ဒါပေမယ့် ‌တကယ့်လူသတ်သမားတွေနဲ့ရင်ဆိုင်တွေ့နေရတဲ့ ဂျိုးတစ်ယောက် အချိန်အကြာလာတာနဲ့ အလွဲတွေလုပ်မိကာ ဟန်မဆောင်နိုင်တော့ဘဲ အလိမ်တွေ ပေါ်ကုန်ပါတယ်။ အဲ့ဒီကနေ ဂျိုးတစ်ယောက် အသက်ရှင်လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ အရမ်းကြမ်းတဲ့ ဟာသတွေ စကားလုံးအသုံးနှုန်းတွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းစွာ ရိုက်ပြထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size ...
movie
Vicious Fun (2020)
2020
Shoot ‘Em Up (2007) 6.7
Shoot ‘Em Up (2007) Shoot 'Em Up (2007)IMDb - 6.7/10_____Rotten - 67% မမမိုနီကာပါဝင်တဲ့ Action/Thriller လေးပါ...မုန်လာဉနီမြင်ရင် သတိရနေမိတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။ဇာတ်လမ်းအကြောင်းလေးကို အနည်းငယ်မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအစမှာ ဘယ်သူမှန်းမသိတဲ့ ဗိုက်ကြီးသည်မိန်းကလေးတစ်ယောက်နဲ့စတင်ထားပါတယ်။ဒီမိန်းကလေးကို ဘယ်ကမှန်းမသိတဲ့ လူတစ်စုကသတ်ဖြတ်ချင်နေကြပါတယ်. . .အဲ့လိုပြသနာတွေဖြစ်နေကြတုန်းမှာ ဘယ်လိုပေါ်လာမှန်းမသိတဲ့ ဇာတ်လိုက်က မိန်းကလေးကိုကယ်သွားပါတယ်...ကလေးတောင်မွေးပေးလိုက်သေး...သူတို့ဇာတ်ရှုပ်ကြီး အပစ်အခတ်ကြမ်းကြမ်းနဲ့ ဘယ်လိုရှင်းကြမလဲဆိုတာ....။ဇာတ်လမ်းသွား တမူထူးခြားတဲ့ဇာတ်ကားလေးပါပဲ။ File size…(1.5 GB) Quality….BluRay HEVC 1080p Format…mkv Duration….01:26:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Idiot Myo Ko
movie
Shoot ‘Em Up (2007)
2007
HEVC 1080p
Regression (2015) 5.7
Regression (2015)  လျို့ဝှက်သည်းဖို ဇာတ်လမ်းတွေမှ နှစ်ခြိုက်သူတို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ ဇာတ်ကားကြည့်နေတဲ့တောက်လျှောက် ကိုယ်တိုင်ဝင်ပါပြီး စုံစမ်းချင်စိတ်ပေါက်သွားမယ့်ကားမျိုး...ဇာတ်လမ်းအစမှာ အိန်ဂျလာက သူ့အဖေကို အဓမ္မပြုကျင့်ပါတယ်ဆိုပြီး ရဲတိုင်ထားပါတယ် သူ့အဖေက ဝန်ခံပေမယ့် ဘာမှမမှတ်မိဘူးတဲ့ အဲ့ဒီလိုနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းအောင် အစပျိုးလိုက်ပါတယ်"လူ့စိတ်ဆိုတာ စကြာဝဠာကြီးတစ်ခုလုံးပဲ " မလိုချင်တဲ့ မှတ်ဉာဏ်တွေက အလိုလို တံခါးပိတ်သွားတက်တယ် ဖွင့်ပေးရမယ့် သော့က Regression လို့ခေါ်တဲ့ စိတ်နောက်ပြန်ဆွဲတဲ့ အိပ်မွေ့ချ ကုထုံးပဲ ဘယ်ညာယိမ်းနေတဲ့ ချိန်သီးရဲ့ နောက်မှာ ဘာရှိနေလဲ မကောင်းဆိုးဝါးတွေလား? စေတန်ခေါ် နတ်ဆိုးလား? နတ်ဆိုးဝါဒီတွေလား? တစ်စုံတစ်ဦးကတော့ သူ့ချိန်သီးရဲ့နောက်မှာ မကောင်းဆိုးဝါးတွေရှိနေခဲ့တယ် တစ်စုံတစ်ဦးရဲ့ ချိန်သီးရှေ့ကို စေတန်ဝါဒီတွေရောက်လာတယ်စိတ်ဆိုတဲ့ကျယ်ပြောတဲ့ စကြာဝဠာကြီးထဲမှာ အတွေးကွင်းဆက်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__1.8 GB, 1 GB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by ...
movie
Regression (2015)
True Fiction (2019) 4.7
True Fiction (2019) ဒီရုပ်ရှင်ကို ဒါရိုက်တာ Braden Croftကရိုက်ကူးထားပြီးသည်းထိတ်ရင်ဖိုရုပ်ရှင်လောကရဲ့ ဂန္တဝင်မြောက်လက်ရာတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ခေတ်သစ်သည်းထိတ်ရင်ဖိုအနုပညာလက်ရာတစ်ခုလို့ဆိုလို့ရပါတယ်။True fictionဆိုတဲ့ အမည်အတိုင်းဒီရုပ်ရှင်ဟာ စိတ်ကူးယဥ်ဝတ္ထုလောကကို အခြေတည်ထားတယ်။ဒီဇာတ်လမ်းမှာ Avery Maloneလို့ခေါ်တဲ့ အထီးကျန်စာကြည့်တိုက်မှူးလေးကစာရေးရာမှာ စိတ်အားထက်သန်ပြီး သည်းထိတ်ရင်ဖိုဝတ္ထုတွေကိုရေးတဲ့စာရေးဆရာ Caleb Conradကို သူမရဲ့ Heroအဖြစ် သဘောထားပါတယ်။သူမက Calebအတွက် လက်ထောက်တစ်ယောက်အဖြစ်အလုပ်လုပ်ဖို့ အခွင့်အရေးရလာခဲ့တယ်။ဒီတော့ Averyဟာ လူထုကိုမျက်နှာမပြဖူးတဲ့ သူမရဲ့Heroနဲ့ တွေ့ဆုံပါတော့တယ်။Calebက လက်ထောက်အလုပ်မဟုတ်ဘဲ ကစားပွဲတစ်ခုမှာကစားသူအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းလိုက်တဲ့အခါမှာAveryက မဆိုင်းမတွ လက်ခံလိုက်တာပေါ့။Calebက ကစားပွဲကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ၊ကိုယ်ရေးကိုယ်တာမေးခွန်းတွေနဲ့ စတင်ပြီးAveryရဲ့ အကြောက်တရားကို ထိန်းချုပ်စမ်းသပ်ပါတော့တယ်။လက်တွေ့ဆန်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အပြောင်းအလဲကြောင့်လက်တွေ့ဆန်မှုကနေ ရူးသွပ်မှုအဖြစ်အသွင်ပြောင်းလာတဲ့နောက်မှာတော့ဘာတွေ ...
movie
True Fiction (2019)
The Witch (2015) 6.9
The Witch (2015) (Unicode)IMDB 6.8Rotten Tomatoes 90%အိမ်ထောင်ဦးစီး William..၊ သူ့ဇနီးသည် Katherine..၊ သမီးကြီး Thomasin..၊ သား Caleb..၊ အမွှာနှစ်ယောက် Jonas နဲ့ Mercy တို့မိသားစုဟာ ဘာသာရေးဆိုင်ရာ ပြဿနာတစ်ခုအပေါ်မူတည်ပြီး သူတို့နေထိုင်ရာအရပ်ကနေ နှင်ထုတ်ခြင်းကို ခံလိုက်ရတယ်။ဒီလိုနဲ့ပဲ သူတို့မိသားစုဟာ လူသူဝေးရာ တောစပ်တစ်နေရာမှာ အိမ်လေးတစ်လုံးဆောက်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်လို့ အေးအေးလူလူ နေနေခဲ့ကြတယ်။အဲ့ဒီနေရာလေးမှာ အခြေချပြီး မကြာခင်မှာပဲ Katherine က Samuel ဆိုတဲ့ ကလေးလေးကို မွေးဖွားခဲ့သေးတယ်။အချိန်ကာလက ၁၇ ရာစု၊ New England တစ်နေရာ။ဒီလိုနဲ့ တစ်ရက်တော့ သူ့အမေကိုယ်စား Samuel လေးကို ထိန်းပြီး Peekaboo (ဒီမှာဆို တူတူရေဝါး ဆိုတာမျိုး) ဆိုတဲ့ကစားနည်းလေး ကစားနေရင်းနဲ့Thomasin ...
movie
The Witch (2015)
2015
Cube ( 1997 ) 7.2
movie
Cube ( 1997 )
1997
Polar (2019) 6.3
Polar (2019) Polar (2019)____IMDb - 6.3/10  Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ)    File Size : (900 MB) Quality : HDRip 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle ...
movie
Polar (2019)
2019
Man of Steel (2013) 7.0
Man of Steel (2013) Man of Steel (2013) IMDb - 7.0/10_____Rotten 56%   Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီးJune 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇာတ်ကားအသစ်ဖြစ်ပါတယ်...Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်းထူးဆန်းတဲ့ မိုးကောင်းကင်ကနေကျလာတဲ့ လူသားလေးကို ရိုးသားတဲ့ တောသူတောင်သူ လင်မယားကမွေးစားလိုက်တဲ့ ဇတ်လမ်းပါပဲဒါပေမယ့် ထူးခြားနေပါတယ်....Super Man ခေါ် ခါအလ် ရဲ့ မွေးဖွားခြင်းနဲ့ သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကိုတွဲမြင်ရမှာဖြစ်ပါတယ်ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့Super Man ရဲ့ ဖခင် ဂျိုအယ် နဲ့ မိခင် လာရာ က သူ့သား ရဲ့ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်....အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့ငယ်ဘ၀ မှာ လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ်ကျနော်တို့ ...
movie
Man of Steel (2013)
2013