Channel Myanmar

Julie Lee

(18+) A Chinese Torture Chamber Story (1994) 5.9
(18+) A Chinese Torture Chamber Story (1994) ဂေါ်ဖီထုပ်ကလေးဆိုတဲ့ ခြေသေးမမိန်မပျိုလေးဟာ ဆေးဆရာယန်နေဝူ ဆီမှာအိမ်တော်ထိန်းအဖြစ်တာဝန်ထမ်းနေပါတယ်။ ဒါပေမယ့် ယန်က သူ့အပေါ်တိမ်းညွတ်နေပြီးတစ်ချိန်မှာ ကိုယ်လုပ်တော်အဖြစ်မြှောက်စားဖို့အထိ ဆန္ဒရှိနေပါတယ်။ ယန်ရဲ့ဇနီးဖြစ်သူနဲ့အောက်ရုံးတရားသူကြီးရဲ့ သားနဲ့ဖောက်ပြန်နေတဲ့ ဇာတ်လမ်းကိုဂေါ်ဖီထုပ်ကလေး အမှတ်မထင်မြင်သွားတဲ့နောက်မှာတော့ သူ့ရဲ့ဇာတ်လမ်းပေါ်လာမှာစိုးရိမ်စိတ်နဲ့ဂေါ်ဖီထုပ်ကလေးကို ယောက်ျားပေးစားပြီးအဝေးပို့လိုက်ရုံမကပဲ ဆက်လက်ဒုက္ခပေးဖို့အကြံဆိုးတွေကြံပါတော့တယ်။ အဲ့ဒါကတော့ သူပေးစားလိုက်တဲ့ဂေါ်ဖီထုပ်ကလေးရဲ့ယောက်ျားကိုတစ်ဖက်လှည့်နဲ့လုပ်ကြံပြီး အဲ့ဒီအမှုကိုဂေါ်ဖီထုပ်ကလေးနဲ့ခင်ပွန်းသည် ယန်နေဝူတို့အပေါ်ပုံချလိုက်တာပါပဲ။ဒီအမှုကိုစစ်တဲ့တရားသူကြီးကိုယ်တိုင်က ဘက်လိုက်တဲ့သူဖြစ်တဲ့အတွက်တရားခွင်မှာ အဲ့ဒီအချိန်က တရားဝင်ပြဌာန်းထားတဲ့ ရက်စက်ကြမ်းတမ်းလွန်းတဲ့နှိပ်စက်နည်းအမျိုးမျိုးနဲ့စစ်မေးတော့မှာဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ် ၁၉၉၀ လွန်နှစ်များဆီက ဂန္ဓဝင်ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားနာမည်နဲ့တွဲမသိရင်တောင် ဂရုထဲမှာ လာမေးကြတဲ့ လေပေါ်မှာဝဲပျံပြီးကိုယ်ဖော့ပညာနဲ့ဂျိန်းကြတဲ့ ဟောင်ကောင်ကတုံးကြီး Elvis Tsui ရဲ့နာမည်ကျော်ဇာတ်ဝင်ခန်းကို သိကြမှာပါ။ ဇာတ်ကားနာမည်နဲ့လိုက်အောင်အလွန်ရက်စက်ပြီး စိတ်မသက်သာဖွယ် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံနဲ့ကြံကြံဖန်ဖန်ပေါက်ပေါက်ရှာရှာလို့ပြောရမယ့် လိင်ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ဒါပေမယ့်လည်း Dark comedy ဆန်ဆန်မြူးမြူးသွက်သွက်နဲ့ပေါ့ပါးတဲ့တင်ဆက်ပုံအရ ကြည့်ရတာပျော်စရာကောင်းပြီး entertaining ဖြစ်တဲ့ကားပါ။ File size…(880 Mb)/(520 Mb) Quality….Webrip 720p/480p Format…mp4 Duration….01:28:00 Genre...Drama Thriller Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias 
movie

(18+) A Chinese Torture Chamber Story (1994)

The Eight Immortals Restaurant: The Untold Story (1993) 7.0
The Eight Immortals Restaurant: The Untold Story (1993) လူသားပေါက်စီလို့ဆိုလိုက်တာနဲ့ ဟိုတုန်းကကားတွေတော်တော်များများကို ပြန်အမှတ်ရမိမှာပါ ဒီကားကတော့ မကာအိုပြည်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ Eight Immortal စားသောက်ဆိုင်က ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ ၁၉၈၅ မကာအိုပြည်က Eight Immortal ဆိုတဲ့ စားသောက်ဆိုင်လေးမှာ လူနှစ်ယောက် မာကျောက်ကစားရင်း အငြင်းအခုံထဖြစ်တယ် ၀မ်ချီးဟန်ဆိုတဲ့ သိပ်ကိုဖျံကျပြီး ကလိမ်ညာဏ်များတဲ့သူက မာ​ကျောက်ကစားတိုင်း တစ်ကွက်ခိုးခိုးပြီးဆော့တာ ဆိုင်ရှင် ချန်လမ်က​ကောင်းကောင်းသိတယ် ဒါကြောင့်လဲ ၀မ်ချီးဟန်နိုင်တိုင်း ပိုက်ဆံမပေးပဲ အကြွေးနဲ့လျှော်လျှော်ထားခဲ့တာ တကယ်တော့ ဆိုင်ရှင် ချန်လမ်ကပိုက်ဆံ တစ်ပြားတောင် ပေးချင်စိတ်ရှိတာမဟုတ်ပါဘူး ဒါပေမယ့် ဒီငွေလေး အနည်းကျဥ်းလောက်အတွက်နဲ့ မကာအိုမှာဟိုးလေးတကျော်ဟော်လေးတစ်ကျိုးဖြစ်သွားစေ တဲ့ ထိပ်တန်းလူသတ်မှု တစ်နည်းအားဖြင့် လူသားပေါက်စီဆိုပြီးနာမည်ကြီးတဲ့ case တစ်ခုပေါ်လာခဲ့ပါတယ် ဒီကားဟာ 1993 လောက်ကရိုက်တဲ့ကားပေမယ့်လို့ တကယ့်အဖြစ်ပျက်နဲ့အတော်လေးတူအောင် ရိုက် ယူထားနိုင်တာတွေ့တယ် နောက်ပြီး R-Rated အဆင့်ရှိ scene တော်တော်များများပါတဲ့အတွက် ကလေးသူငယ်တွေ နှလုံးရောဂါရှိသူတွေမကြည့်ကြဖို့ ပြောချင်ပါတယ်အဲ့ဖက်ခေတ်ကရိုက်တဲ့ကားပေမယ့် အသတ်အဖြတ်တွေ 21+ scene တွေ အော်ဂလီဆန်လောက်အောင်အများအပြားပါ၀င်တာမို့ ကျွန်တော်ကတော့ ဒီလိုကားမျိုး reboot တောင်ပြန်မလုပ်ပါစေနဲ့လို့ဆုတောင်းမိပါတယ် ဒီဖက်ခေတ်နည်းပညာတွေ မိတ်ကပ်အလန်းစားတွေ နဲ့ ရိုက်ရင်ဘယ်လောက်တောင်အော်ဂလီဆန်ရမလဲလို့ ကဲ အော်ဂလီလဲဆန်ရမယ် ရွံဖို့လဲကောင်းရမယ် တကယ့်ဖြစ်ရပ်မှန်လဲဖြစ်တဲ့ကားကိုကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ် တချို့တော်တော်များလဲ ကြည့်ပြီးလောက်ပြီထင်ပါတယ် Translated By : Hein Thet Naing Encoded By : XCode
movie

The Eight Immortals Restaurant: The Untold Story (1993)

1993