Channel Myanmar

Julie Nathanson

Marmaduke (2022) 5.4
Marmaduke (2022) ခန္ဓာကိုယ်ကကြီးမားသလောက် ကလေးဆိုးကြီးလိုအဆော့မက်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ပြာကလက်စိန်ဂရိတ်ဒိန်းခွေးအမျိုးအစားလေး Marmaduke...တစ်နေ့မှာတော့သူ့ကိုထိန်းမရလို့ သူ့သခင်Philက အခန်းပိတ်အပြစ်ပေးခဲ့ပါတယ်။ခန္ဓာကိုယ်ကိုသာလှောင်ပိတ်လို့ရမယ် ပြာကလက်စိန်လုပ်တတ်တဲ့ငါ့ရဲ့အကျင့်ကိုတော့လှောင်ပိတ်မရဘူးဆိုတဲ့မူနဲ့အတူ သူမွှေခဲ့ပါတော့တယ်။အပြင်ဘက်မှာ Philရဲ့သား Marmaduke ရဲ့သူငယ်ချင်းလေး Billy ရဲ့မွေးနေ့ပွဲကျင်းပနေချိန် အပေါ်ထပ်သော့ခတ်ထားတဲ့အခန်းထဲကနေ သူခုန်ထွက်လာခဲ့ပါတယ်။ပါတီပွဲတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ရဲ့သူ့ရဲ့အမွှေစိန်ဖြစ်ရပ်ကို မှတ်တမ်းတင်ကာဆိုရှယ်မီဒီယာထက်တင်လိုက်ရာက လူကြိုက်များကျော်ကြားလာခဲ့ပါတော့တယ်။ဒီလိုထိန်းမနိုင်သိမ်းမရဖြစ်နေတဲါ Marmadukeရဲ့သတင်းကို ခြောက်ကြိမ်ဆက်ချန်ပီယံခွေးလေ့ကျင့်ရေးသမား Guy Hilton တွေ့သွားခဲ့ရာကနေ....Marmaduke ရဲ့အနာဂတ်ဘယ်လိုဆက်ဖြစ်လာမလဲဘယ်လိုတွေဆက်မွှေဦးမှာလဲစတာတွေကို ရယ်ပြုံးဖွယ်ရာကြည့်ရှုရမယ့် Netflix ကနေအသစ်ထွက်လာတဲ့ animation ကားလေးဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.6GB) / (800MB) Quality__WebDL_1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__01:30:00 Type__Animation, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Marmaduke (2022)

Batman: The Long Halloween, Part Two(2021) 7.5
Batman: The Long Halloween, Part Two(2021)   စုံ​ထောက်ကြီးဘတ်မန်းနှင့် ဟောလိုးဝင်းခရီးရှည်ကြီး အပိုင်း(၂)ထွက်လာပါပြီ.အပိုင်း(၁)မှာ ဂျိုကာနဲ့ နွယ်ပျိုမယ်တို့ ​ပေါ်လာကြပြီဖြစ်သလို ဇာတ်လိုက်​ကျော် ​ဟောလီး​ဒေးလူသတ်သမားကလည်း မြို့မျက်နှာဖုံးကြီးဖယ်ကိုနီရဲ့အ​ရေးပါတဲ့မိသားစုဝင်တစ်​ယောက်ကို ထပ်သတ်ပြီးအဆုံးသတ်ထားပါတယ်အပိုင်း(၂)မှာ​​တော့ ​ဟောလီး​ဒေးအမည်ခံလူသတ်သမားက ဘယ်သူဖြစ်​နေမလဲ.စုံ​ထောက်ကြီးဘတ်မန်းထင်​နေသလို ဟာ​ဗေးဒန့်ကပဲ​ ဟောလီး​ဒေးဖြစ်​နေမလား.ပရိတ်သတ်အချစ်​တော်ဂျိုကာကြီးနဲ့ နွယ်ပျိုမယ်တို့က​ရော ဘယ်လိုအ​ဖျက်အ​မှောင့်လုပ်ငန်း​တွေ လုပ်ကြဦးမလဲ.တခြားဘယ်နာမည်ကြီးဗီလိန်​တွေ ထပ်ပါလာဦးမလဲ.ဟာ​ဗေးဒန့်ဆိုတဲ့နာမည်ကြားလိုက်ရုံနဲ့ DC fanတိုင်းသိကြတဲ့ ဗီလိန်တစ်​ယောက်က ဘယ်လို​မွေးဖွားလာမလဲ...စတဲ့​​ပ​ဟေဠိ​ပေါင်းများစွာ၊လှည့်ကွက်​ပေါင်းများစွာကို ဘတ်မန်းနဲ့အတူ ပရိတ်သတ်​​တွေကိုယ်တိုင် ​ဖော်ထုတ်အ​ဖြေရှာရဦးမှာပါBatman:Under The Red Hood​ နောက်ပိုင်းထွက်လာတဲ့ထဲမှာ ဒီLong Halloween part 1 and 2ဟာ ​တော်​တော်​လေးDarkဖြစ်တာမို့DC animated universe fanတိုင်း လတ်လွတ်မခံပဲကြည့်ရှုသင့်တဲ့ animationတွေပဲဖြစ်ပါတယ်. အား​ပေးကြည့်ရှုလိုက်ကြပါဦး Translated by : JimXEncoded by  YKFile Size : 1.67GB and 970MBDuration : 1h 27mins 
movie

Batman: The Long Halloween, Part Two(2021)

2021
Batman: The Long Halloween, Part One (2021) 7.5
Batman: The Long Halloween, Part One (2021) Batman: The Long Halloween, Part One (2021)ဒီဇာတ်လမ်းမှာတော့ ဘတ်မန်း စုံထောက်ဝင်လုပ်တာကိုတွေ့ရမှာပါ. ထုံးစံအတိုင်း ရာဇဝတ်ကောင်တွေ ပေါများတဲ့ဂေါ်သမ်ဟာ ဟောလိုးဝင်းအားလပ်ရက်တွေမှာ အခြေအနေပိုဆိုးလာခဲ့ပါတယ်.ဘာလို့လဲဆိုတော့ မြို့မျက်နှာဖုံးငွေခဝါချနေတဲ့ ဖယ်ကိုနီမိသားစုဆိုတဲ့ ဒိတ်ဒိတ်ကျဲမိသားစုတွေရဲ့ဂိုဏ်းကလူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရလို့ပါ,ဒါကြောင့် ဖယ်ကိုနီမိသားစုကို ဖြုတ်ချချင်တဲ့ ဒန့်ရယ်လူသတ်မှုကိုဖော်ထုတ်ချင်တဲ့ ဘတ်မန်းရယ်နှစ်ယောက်ပေါင်းပြီး အမှုလိုက်ကြမှာပါ,ဒီဇာတ်လမ်းကတော့ Part1ဖြစ်ပြီးPart2ကတော့Julyလမှာထွက်ရှိမှာမလို့ စောင့်မျှော်အားပေးနိုင်ပါတယ် Translated by MoonLightEncoded by YKQuality : 1080p BluRay and 720pFile Size : 1.19GB and 855MBDuration :  1h 25min 
movie

Batman: The Long Halloween, Part One (2021)

2021
Suicide Squad: Hell to Pay (2018) 7.3
Suicide Squad: Hell to Pay (2018) Suicide Squad: Hell to Pay ဇာတ်ကားကိုWarner Bros. Animation မှထုတ်လုပ်ပြီးတော့ Warner Bros. Home Entertainment မှဖြန့်ချိပါတယ်။31 ကားမြောက် DC Animation Movie ဖြစ်ပြီးတော့ ဒါရိုက်တာ Sam Liu ကရိုက်ကူးခဲ့ပါတယ်။ဇာတ်ကားရဲ့အစမှာတော့ Amanda Waller ကDeadshot, Count Vertigo, Punch and Jewelee နဲ့ Black Manta တို့ပါဝင်တဲ့ Task Force X ကို Tobian Whale လို့ခေါ်တဲ့လူကိုရှင်းဖို့ တာဝန်ပေးလိုက်တာ။အဆိုပါတာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း Count Vertigo ရဲ့သစ္စာဖောက်မှုကြောင့် Punch တစ်ယောက်သေဆုံးသွားပါတယ်။Deadshot လည်းသေခါနီးအခြေအနေရောက်ခဲ့ပေမယ့် အမြဲတမ်းတစ်ကွက်ကြိုမြင်တဲ့ Amanda Waller ရဲ့သတိရှိမှုကြောင့် သစ္စာဖောက်ကိုရှင်းပစ်နိုင်ခဲ့ပါတယ်။အဆိုပါစစ်ဆင်ရေးပြီးပြီးချင်းမှာပဲ Amanda Waller ဟာ Task Force X ကိုနောက်တစ်ခါ ...
movie

Suicide Squad: Hell to Pay (2018)

2018