Channel Myanmar

Juliette Plumecocq-Mech

My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)

The Wannabes (2022) 6.3
The Wannabes (2022) The Wannabes (2022) ================ IMDb Rating - 6.3/10ပြင်သစ် comedy ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ The Wannabes (2022) ပါ။Tech Universe ဆိုတဲ့ စတိုးဆိုင်တစ်ဆိုင်မှာ ဒန်နီရယ် နဲ့ စတက်ဖန် ဆိုတဲ့ မတည့်အတူနေ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရှိပါတယ်။ဘယ်လောက် တောင် မတည့်ကြသလဲဆိုရင် မြင်တာနဲ့ ထသတ်ကြတဲ့အဆင့်အထိပါပဲ။ ဒန်နီရယ်ကတော့ သီချင်းဆိုဝါသနာပါပြီး အဆိုတော်ပိုးရှိသူတစ်ယောက် ဖြစ်ပါတယ်။ စတက်ဖန်ကတော့ အိမ်သုံးကုန်ပစ္စည်း မီးဖိုချောင်ပစ္စည်း‌စတာ တွေကို ခရေစေ့တွင်းကျသိပြီး အဲဒီပစ္စည်း‌တွေအပေါ်မှာ ရူးသွပ်သူပါ။ နှစ်ယောက်စလုံးဟာ ကြောင်နဲ့ကြွက်လို တစ်ခုမှ မတူညီကြပေမယ့်လို့ တူတာတစ်ခုကတော့ နှစ်ယောက်စလုံး အကြွေးတွေတင်နေကြတာပါပဲ။ဒန်နီရယ်ဟာ သူ့အခက်အခဲတွေကို ဖြေရှင်းဖို့ ပစ္စည်းဈေးနှုန်းခန့်မှန်းရတဲ့ Game Show တစ်ခုမှာ ၀င်ပြိုင်ပြီး ဆုကြေးတွေယူဖို့ အကြံရခဲ့ပါတယ်။ ဒီအကြံကို ပြောပြပြီး စတက်ဖန်ကို စည်းရုံးလို့ ကြောင်နဲ့ကြွက်လို နှစ်ကောင် သူတို့ကိုယ်စီမှာရှိကြတဲ့ အရည်အချင်းတွေကိုအသုံးချပြီး Game Show မှာ ဘယ်လိုတွေ တလွဲလုပ်မလဲဆိုတာ ကြည့်ရင်းပရိသတ်တွေ ခွီလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chuck Chuck ...
movie

The Wannabes (2022)

2022
Three Times Nothing (2022) 6.4
Three Times Nothing (2022)  "Three Times Nothing"ဒီတစ်ခါမှာတော့ ဘ၀မှာရင်ဆိုင်ရမယ့် အတွေ့အကြုံ အခက်အခဲတွေကို ဟာသနှောပြီးရိုက်ထားတဲ့ ပြင်သစ်ဟာသကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဗလာလူတန်းစားတွေမှာ ဘယ်လိုဘဝတွေရှိမလဲ.. ဗလာလူတန်းစား ၃ယောက် ဆုံမိတဲ့အခါ ဘာတွေဖြစ်လာမလဲ..မတူညီတဲ့ ဘဝမျိုးစုံကနေလာတဲ့ အိမ်ခြေယာမဲ့ ၃ယောက်ရဲ့ ဘဝအတက်အကျတွေ.. ၃ယောက်လုံးမှာ မတူညီတဲ့ အိပ်မက်တွေရှိကြပြီး အဲ့ဒီအိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ.. ငွေကြေးဟာ ဘဝမှာ ဘယ်အတိုင်းအတာအထိ အရေးပါသလဲ.. ဆိုတာတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ တော်ရုံဆို သိပ်ပြီး စိတ်ကူးမယဉ်ကြည့်ဖူးတဲ့ ပစ္စည်းမဲ့လူတန်းစားတွေရဲ့ နေ့စဉ်ဘဝတွေ၊ ဘာရုပ်ဝတ္ထုမှ မလိုဘဲ ပျော်ရွှင်အောင် နေတတ်ကြတဲ့ ပုံစံတွေကို ခံစားကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကို မြည်းစမ်းကြည့်ဖို့ recommendပေးပါတယ်..။(မှတ်ချက် - ပြင်သစ်ကားကို English နောက်ခံသံနဲ့ဆိုပေမယ့် တစ်သားတည်းလိုပဲမို့ ကြည့်ရအတော်အဆင်ပြေပါတယ် )File Size__(1.8GB) / (850MB) Quality__WebDL-1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:38:00 Type__Comedy , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Khu Encoded ...
movie

Three Times Nothing (2022)