Channel Myanmar

Jun Fubuki

Call Me Chihiro (2023) 6.9

Call Me Chihiro (2023)

The Boy and the Heron (2023) Cam Version 7.6
The Boy and the Heron (2023) Cam Version IMDb - 7.6/10 Rotten Tomatoes - 97%Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီးSpirited Awayဇာတ်ကားအပြီး ဒုတိယမြောက်Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီးဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ကောင်းကိုကောင်းစေရမယ်။လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင်ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl's moving castleရဲ့အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီးJapan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ အခုအထိလည်း နိုင်ငံတကာမှာပြသနေတဲ့အပြင်ကြည့်သူတွေအများအပြားရှိသေးတာမလို့ digital release(အကြည်)ဟာဇွန်လမှထွက်မယ်ဆိုတဲ့အထိကို ကြမ်းနေပါတယ်။ သတင်းတွေကလည်း စွတ်ကြီးနေတော့ ကျနော်ကိုယ်တိုင်လည်းဟုတ်ပါ့မလားဆိုပြီး ကြည့်ချင်နေခဲ့တာပါ။နောက်တော့ januaryလမှာပဲ ရုံခိုးရိုက်ထွက်လာပါတယ်။ဖွင့်ကြည့်တော့ တော်တော်ကိုရိုက်ထားတာအဆင်မပြေတာရော၊ဘိုစာတန်းမဟုတ်တာရောကြောင့် မကြည့်ဖြစ်ခဲ့ဘူးဗျ။ ပြီးခဲ့တဲ့တစ်လလောက်မှာတော့ ဘိုစာသီးသန့်ထွက်လာပါတယ်။ဒါပေမဲ့ ရုံခိုးရိုက်ပဲရှိသေးတာမလို့ ကြည့်သင့်မကြည့်သင့်လုပ်နေရာကနေ၂ပတ်ကြာသွားခဲ့တယ်လေ။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ကြည့်လိုက်မယ်ကွာဆိုပြီးအစပိုင်းလေးဖွင့်ကြည့်ဖို့လုပ်ရာကနေ ရုံခိုးရိုက်ဆိုတာရော၊အသံဝါးတာရော အကုန်မေ့သွားပြီး ဇာတ်လမ်းကိုအဆုံးထိမျောပါသွားခဲ့တာဗျ။ဇာတ်လမ်းဆုံးတော့လည်း Studio Ghibliကတော့ လုပ်ချလိုက်ပြန်ပြီ။တကယ့်ဆရာကြီးပါကွာဆိုပြီးပဲတွေးမိနေတော့တယ်။ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရSpirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice ...
movie

The Boy and the Heron (2023) Cam Version

2023
Bunny Drop (2011) 7.2
Bunny Drop (2011) Bunny Drop (2011)~ IMDb – 7.2/10, RT - 68%, MyDramaList – 8.2/10 ~ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား။ အဲဒီကလေးက ကိုယ့်ကလေးမဟုတ်ဘဲ တစ်ခြားသူရဲ့ကလေးဖြစ်နေတဲ့အပြင် ပြောစကားနားမထောင်တဲ့ကလေးဖြစ်နေပြန်ရင်လည်း ပြုစုစောင့်ရှောက်ရပိုခက်မှာမလား။ဒိုင်းကီချိ (Daikichi) တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်း (Rin) လို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ ဒိုင်းကီချိရဲ့မိဘကအစ သူ့ဆွေမျိုးတွေက ရင်းကို သူတို့မိသားစုမျိုးရိုးရဲ့ အရှက်ရစရာတစ်ခုလို့ သတ်မှတ်ကြပြီး ဘယ်သူမှခေါ်ထားပြီး မစောင့်ရှောက်ချင်ကြဘူး။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့‌ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ...
movie

Bunny Drop (2011)

2011
Tokyo Family (2013) 7.5
Tokyo Family (2013) Tokyo Family (2013) =============== IMDb Rating - 7.5/10ငါတို့ဟာ အသုံးမကျတဲ့သားတွေပေါ့။ ဘယ်တော့မှလည်း ကိုယ့်ဘဝ ကိုယ်နိုင်အောင် မကျောင်းနိုင်ခဲ့ကြပြန်။ မရှင်သန်နိုင်အောင် ရှင်သန် နေခြင်းတွေနဲ့ မရေနိုင်အောင် ရာသီတွေဘယ်ရွေ့ကြာပြီလေလဲ၊ ငါ မသိတော့တဲ့ မရေရာခြင်းတွေ။ အိမ်ပြန်မရောက်ဖြစ်တဲ့သားတွေ အတွက် အိမ်ဟာရှိနေသေးလည်း သားတွေအိမ်ပြန်ရောက်မလာဘဲ အိမ်ဟာ မရှိတရှိကလေးပဲ ငွေ့ငွေ့ကျန်။ကမ်းကုန်အောင် ပေတေလေလွင့်နေသားတစ်ယောက်ကို အိမ်ဟာ ဘယ်တော့မှ ကျောခိုင်းမသွားခဲ့ဘူး။ "နေ့စဉ်မှာပိုက်ဆံထွက်မြဲ ရှာ တော့မလွယ်" သူ့စီးကရက်ဖိုး သူမလောက်လို့ လက်ဖြန့်တဲ့အခါလည်း ဘယ်တော့မှ အဲဒီလက်ဟာ ဗလာမဖြစ်ခဲ့ဘူး။ မမြင်ပေသေချာနေတဲ့ လူပေလူတေလေးရဲ့ ရှုပ်ပွနေတဲ့အခန်းကျဉ်းလေးကိုလည်း မမေ့ခဲ့ဘူး။ ငါ့ရဲ့ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း အဲဒီကမ္ဘာမှာ ငါရှာမတွေ့နိုင်ခဲ့တော့ အမှားများစွာကြား နေသားကျလာခြင်းဟာလည်း ငါယုံကြည်နေတဲ့ လူ ဆန်တဲ့ကမ္ဘာ။"ဝေးခဲ့သူမို့ " ငါတို့ရဲ့အချစ်တို့ကိုလည်း ငါတို့ရဲ့အပြုံးလို့ ကောင်းချီးပေး ပိုခမ်းနားစေတဲ့အခါ... အခုလိုသိခြင်းနဲ့မဟုတ်ဘဲ ရင်နဲ့နားလည်နိုင်တဲ့အခါ ... အဲဒီအခါ ငါနှောင်းသွားမလား။ တကယ်တမ်းသာဆို အဲဒီအချစ်ဟာ ငါရေစုန်မျှောချင်ခဲ့တဲ့ ဘဝပေါ့။ ဘယ်တော့မှ လိမ္မာမလာနိုင်တဲ့ငါ အဖြေ မရနိုင်မှာကိုလည်း သေချာနေခဲ့ခြင်းတွေ။ "အရိပ်စစ်"ရဲ့အတိတ်ဟာာ အမြဲအသစ်ပဲ။ ဘယ်အရာတွေဘယ်လိုနေမယ် မသေချာနေလည်း ဘယ် လိုပဲ ကွေ့ကောက်စီးစီးပေါ့ ဘယ်တော့မှ ...
movie

Tokyo Family (2013)

2013
Call Me Chihiro(2023) 6.7
Call Me Chihiro(2023) Call Me Chihiro(2023)********************Netflixက ထုတ်လွှင့်ခဲ့တဲ့ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ချီဟီရိုဆိုတဲ့ မိန်းမလှလေးက သူ့ရဲ့ဘဝကို ပင်လယ်ကမ်းခြေနားက မြိုသေးသေးလေးတစ်ခုမှာပေါ့ပေါ့ပါးပါးနေထိုင်နေတဲ့ သူတစ်ယောက်ပါ....အသင့်စားထမင်းဘူးလေးတွေရောင်းတဲ့ ‌ဆိုင်မှာဝင်လုပ်ရင်း မြိုလေးထဲရှိသမျှလူကြီးလူငယ်မရွေး တိရိစ္ဆာန်လေးတွေကိုက အစ ကြင်နာသနားတတ်တဲ့သူလေးပေါ့...ဒါပေမယ့် သူ့ရဲ့အတိတ်ကတော့ သိပ်မလှလှပါဘူး....အရင်က အနှိပ်ခန်းတစ်ခုမှ လိင်လုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ချီဟီရိုတစ်ယောက်က တကယ့်တကယ်ဘဝကို ဇာတ်မြှုပ်ပြီး အေးအေးဆေးဆေးနေထိုင်ဖို ကြိုးစားတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ အမြင်စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့ရင်းရခဲ့တဲ့ သင်ခန်းစာတွေနဲ့တကယ်ရော အေးအေးဆေးဆေးဖြတ်သန်းနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်....File Size :(1.9GB) and (803MB) Quality :NF.Web-Dl 1080P,720p Format…mp4 Duration…01:23:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon & Thynn Encoded by Phyo Pyae
movie

Call Me Chihiro(2023)

Fullmetal Alchemist_The Revenge of Scar (2022) 5.6
Fullmetal Alchemist_The Revenge of Scar (2022) Fullmetal Alchemist : the Revenge of Scar (2022)အန်နမှာ အောင်မြင်ထားပြီး သူ့ကိုယ်ပိုင်ပရိသတ်နဲ့ သူရှိပြီးသားFullmetal Alchemistကို 2017တုန်းက live actionရိုက်ခဲ့ပါတယ်။ အန်နမဲကြည့်ထားတဲ့သူအတွက် ဘယ်လိုနေမလဲမသိပေမဲ့ ဒီတိုင်းကြည့်ရင်တော့ မဆိုးပါဘူး။ ကြည့်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ရိတ်တင်အနေအထားအရ အန်နမဲ ပရိသတ်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားပုံရပါတယ်။ဇာတ်လမ်းကတော့ ပထမကားအတိုင်းပဲ Edward Elricက ခန္ဓာမရှိတဲ့ သူ့ညီအတွက် ခန္ဓာပြန်ရအောင်လုပ်ပေးဖို့ ကြံပါတယ်။ ဒီလိုနဲ့ သူတို့ မြို့တော်ကို လာတဲ့လမ်းမှာ နိုင်ငံခြားက Alchemistဆန်ဆန်ပညာသည်တွေနဲ့ မင်းသားတစ်ပါးက သူတို့ဆီ အဂ္ဂရိတ်ဓာတ်လုံးအကြောင်းမေးရင်း ရန်ထဖြစ်ကြတယ်။ နောက် scarလို့ခေါ်တဲ့ သူတို့မြို့က alchemistတွေ ဖျက်ဆီးလိုက်တဲ့ Ishvalan က လူတစ်ယောက်က လက်စားချေဖို့ alchemistတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေပါတယ်။ ဒီလိုနဲ့ Edward နဲ့ scarတို့ ထပ်တိုက်တိုးကြပါရော။ ဒီလိုနဲ့ဘာတွေဆက်ဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှုကြည့်ကြပါ။ဇာတ်က အန်နမဲလောက်အရသာတော့ ...
movie

Fullmetal Alchemist_The Revenge of Scar (2022)

Your Eyes Tell (2020) 7.1
Your Eyes Tell (2020) Your Eyes Tell (2020)မိုးအေးနေတဲ့ဒီလိုအချိန်တွေမှာ ကြည့်လို့ကောင်းမဲ့ Melo Drama ဇာတ်ကားတစ်ခုပါ။ Ryusei Yokohama နဲ့ Yuriko Yoshitakaတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီး Kpop group ဖြစ်တဲ့ BTS အဖွဲ့ရဲ့ "Your Eyes Tell" သီချင်းကို Theme Song အဖြစ်အသုံးပြုထားပါတယ်။အန်တိုနီယို ရေးက လက်ဝှေ့သမားဖြစ်ခဲ့ဖူးပေမဲ့ အတိတ်ကလုပ်ရပ်အမှားကြောင့် အတိတ်ကိုပြန်မပြောချင်တဲ့အထိ သူ့ကိုယ်သူ စိတ်နာနေတဲ့သူပါ။ "အကရီ"ကတော့ သူ့မိဘတွေနဲ့ခရီးသွားရင်း ကားမတော်တဆဖြစ်ပြီး အမြင်အာရုံဆုံးရှုံးခဲ့ရသူပါ။ထောင်ကထွက်လာပြီးတဲ့နောက် ရေးက လက်ဝှေ့ဆရာတွေဆီပြန်မသွားဘဲ ဇာတ်မြှုပ်ရင်း ကားပါကင်စောင့်တဲ့အလုပ်ကိုဝင်လုပ်ပါတယ်။အကရီက ရေးကို ကားပါကင်စောင့်တဲ့ဦးလေးလို့အထင်မှားပြီး ရေးနဲ့စကားပြောမိရာကနေ သူတို့နှစ်ဦးစပြီးဆုံကြပါတယ်။ဘဝကိုအရှုံးပေးထားတဲ့ ရေး က အမြင်ဆုံးရှုံးထားပေမဲ့ ဘဝမှာ ပျော်ပျော်နေနိုင်အောင်ကြိုးစားနေတဲ့ အကရီကိုကြည့်ပြီး ပြောင်းလဲလာပါတယ်။တစ်ဖက်မှာလည်း သူ့ရဲ့အတိတ်ဟောင်းတွေနဲ့အတူ အကရီရဲ့မျက်စိကွယ်ရတဲ့အကြောင်းအရင်းက ဆက်စပ်နေတဲ့အခါ...ရေးနဲ့အကရီတို့နှစ်ယောက် ဘာတွေဆက်ပြီးကြုံတွေ့ကြရမလဲ...ဒဏ်ရာတွေကို ဘယ်လိုကုစားဖေးမပေးကြမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်ပြီးကြည့်ရှုပေးပါဦး။( အညွှန်းရေးသားထားသူကတော့ Ingyin San ...
movie

Your Eyes Tell (2020)

Like Father, Like Son (2013) 7.8
Like Father, Like Son (2013) Like Father, Like Son(2013) IMDb.....7.8,,,,Rotten.....87%  ဒီဇာတ်ကားရဲ့အစ(၁၀)မိနစ်လောက်မှာ ခင်ဗျားတို့ဟာ မိသားစုတစ်စုရဲ့ နိစ္စဓူ၀ လုပ်ငန်းစဉ်လေးတွေကိုတွေ့လိမ့်မယ်...အဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်.....အိမ်ထောင်ဦးစီးရဲ့ အလုပ်အကိုင်နဲ့ မိသားစုအပေါ်ဦးဆောင်ပုံ၊ သားသမီးနဲ့ မိန်းမအပေါ် ဘယ်လိုသဘောထားပုံကိုတွေ့ရမယ့်အပြင်ဇနီးသည်ဖြစ်သူရဲ့ ပါရမီဖြည့်ဟန်နဲ့  အသက်(၆)နှစ်အရွယ် သူတို့ထုဆစ်နေတဲ့သားလေးရဲ့ လောကကြီးပေါ် လျော်လှမ်းဖို့ကြိုးစားပုံတွေကိုပထမ(၁၀)မိနစ်လောက်မှာ သိသွားလိမ့်မယ်...တစ်နေ့ ဒီသားလေးမွေးတဲ့ ဆေးရုံကနေ လာခဲ့ဖို့ပြောလို့သွားတဲ့အခါမှာ ဆေးရုံက တာဝန်ရှိသူတွေကပြောတယ်....လွန်ခဲ့တဲ့(၆)နှစ်က ကျွန်တော်တို့ဆေးရုံမှာ ခင်ဗျားတို့ ကလေးလွဲသွားတယ်တဲ့......မိဘ(၂)ဦးအတွက် တကယ့်ကို အံအားသင့်စရာဖြစ်ရပ်ပါပဲ....အဲ့ဒီအချိန်မှာ သူတို့ DNA ပြန်စစ်တော့ တကယ်လည်း လွဲမှားနေတယ်....ဆေးရုံက လူကြီးတွေက လွဲခဲ့တဲ့ (၂)ဘက်မိဘတွေကိုတွေ့ဆုံပေးတယ်...ဒီနေရာမှာ ကြည့်ရှူနေတဲ့ ခင်ဗျားတို့သာဆိုရင်ရော ဘယ်လိုလုပ်မလဲ....ကိုယ့်သားလေးအရင်းဆိုပြီး(၆)နှစ်လုံးပြုစုပျိုးထောင်လာခဲ့တာ...ဟော ခုတော့ သားအရင်းမဟုတ်တော့ဘူးတဲ့.....ကလေးချင်းပြန် လဲမှာလား.....ဒီလိုကျပြန်တော့လည်း (၂)ဘက်မိဘတွေကမလုပ်ရက်ပြန်....မလဲရင်လည်း ကိုယ့်သားအရင်းမဟုတ်တဲ့အပြင်  ကျောင်းမွေးစာရင်းမှာ မိဘရဲ့ DNAက မကိုက်လို့ကျောင်းအပ်ဖို့ကလည်းအခက်အခဲဖြစ်.....Capernaum(2018) ဇာတ်ကားထဲမှာတော့ ခင်ဗျားတို့အားလုံးဟာဇိမ်းရဲ့အဖြစ်တစ်ခုကို လိုက်လံခံစားရတာ...ပြောချင်တာက ဇိမ်းပါဝင်တဲ့Capernaum(2018)လိုကားမျိုးကိုကြိုက်တယ်ဆိုဒီကားကိုလည်းကြည့်ကြပါလို့ပြောချင်တယ်...ဒီကားမှာတော့ မိဘ (၄)ယောက်နဲ့ သားလေး(၂)ယောက်နောက်ကိုပါ လိုက်ပြီးတွေးရတယ်.....ငါဆိုရင်ရော  ဘယ်လိုလုပ်မလဲ....အကောင်းဆုံးဖြစ်အောင် ...
movie

Like Father, Like Son (2013)

2013