Channel Myanmar

Jun Suk-ho

Room No.7 (2017) 5.8
Room No.7 (2017) Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ...
movie

Room No.7 (2017)

2017
Where Would You Like to Go? (2023)
Where Would You Like to Go? (2023) Where Would Yu Like to Go? (2023)************************************မတော်တဆမှုအတွင်း ကျောင်းသားဖြစ်သူဂွမ်ဂျီယုံးကို ကယ်တင်ဖို့ကြိုးစားရင်းအသက်ဆုံးရှုံးခဲ့ရတဲ့ အလယ်တန်းပြဆရာ ဂွမ်ဒိုဂယောင်း ။ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် နေ့ရက်တွေကို အထီးကျန်ပြီး နာကျင်စွာဖြတ်သန်းနေရရှာတဲ့မြောင်ဂျီတစ်ယောက် တစ်နေ့မှာ‌တော့ နိုင်ငံရပ်ခြားကို အလည်အပတ်သွားရင်းမိတ်ဆွေဟောင်းဖြစ်သူ ဟျောင်းဆော့နဲ့အမှတ်မထင် ဆုံတွေ့ခဲ့ရပါတော့တယ်။တစ်ဖက်မှာလည်း မောင်ဖြစ်သူကိုဆုံးရှုံးလိုက်ရပြီးနောက် လေဖြန်းရောဂါနဲ့ ဆေးရုံတက်နေရတဲ့ဂျီအွန်းဟာလည်းအသက်ရှင်နေလျက် နာကျင်မှုတွေထဲ ပိတ်လှောင်ခံစားနေရတဲ့သူပါ။ဆုံးရှုံးမှုကို ယူကြုံးမရဖြစ်ပြီး လွမ်းဆွတ်နေရပေမယ့် အစ်မဂျီအွန်းကိုအကောင်းဆုံးစောင့်ရှောက်ပေးနေရှာတဲ့ ဂျီယုံးရဲ့သူငယ်ချင်းဖြစ်သူ ဟယ်ဆူ။သူတို့ရဲ့နေ့စွဲတွေကို ဘယ်လိုမျိုးဖြတ်သန်းသွားကြမလဲ...။အနာကျင်ရဆုံးအခိုက်အတန့်ကိုရော ဘယ်လိုတွေကျော်လွှားသွားကြမလဲ...။ဒိုဂယောင်းရဲ့သေဆုံးမှုကိုမသိရှိဘဲ အတိတ်ကိုပြန်တူးဖော်နေတဲ့ဟျောင်းဆော့နဲ့ရော မြောင်ဂျီတစ်ယောက် ဘယ်လိုခံစားရမှာလဲ...။ကိုရီးယားကို ပြန်လာတဲ့အခါ မြောင်ဂျီကိုစောင့်နေတဲ့ ဂျီအွန်းရေးထားတဲ့စာကရော အခြေအနေတွေကို ဘယ်လိုပြောင်းလဲစေမလဲ...။စတဲ့လွမ်းဆွတ်ဖွယ် နွေရာသီနေ့ရက်တွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် ။ File Size : (1.43GB),&(540MB) Quality : WEB-DL 1080p,720p Format : mp4 Duration : 01:44:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Where Would You Like to Go? (2023)

The Roundup: No Way Out (2023) 6.8
The Roundup: No Way Out (2023) The Roundup : No Way Out (2023)မနှစ်က The Roundup ထွက်လာပြီး မကြာခင် ဒီနှစ်မှာပဲ အားလုံးမျှော်နေကြတဲ့ No Way Out ထွက်လာခဲ့ပါပြီ ဒီတစ်ခါတော့ စုံထောက်မာဆော့ဒိုတစ်ယောက် အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြောင်းသွားပြီဖြစ်ပြီး အမှုသစ်တွေလိုက်သွားမှာပါစုံစမ်းစစ်ဆေးရေးဌာနကို အမှုသစ်ဝင်လာချိန်မှာ အဲအမှုက လူသတ်မှုလို့ ထင်ရပေမဲ့ နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးဂိုဏ်းကြီးတစ်ခုနဲ့ သွားပတ်သက်နေပါတယ်အမြဲတမ်း လက်သီးနဲ့ဖြေရှင်းတတ်တဲ့ မာဆော့ဒိုဟာ ဉာဏ်သုံးပြီးလည်း အမှုတွေဖြေရှင်းတာကို ကြည့်ရပါဦးမယ် Outlaw, The Roundup တွေရဲ့ ဆွဲဆောင်တစ်ခုက ဗီလိန်မင်းသားတွေပဲမဟုတ်ပါလား ဒီတစ်ခေါက် No Way Out ရဲ့ဗီလိန်အနေနဲ့ကတော့ Lee Joon Hyuk ကပါဝင်သရုပ်ဆောင်ထားပါတယ်ကဲ.. ဘယ်တော့မရိုးနိုင်တဲ့ မာဒုံဆော့ရဲ့ ဟာသနှောတဲ့ အက်ရှင်တွေကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz နဲ့ Hsu Wai တို့ပဲ ဖြစ်ကြပါတယ်။Genre..... Crime, ...
movie

The Roundup: No Way Out (2023)

2023
Dream (2023) 6
Dream (2023) Dream (2023)အားလုံးမေးနေကြတဲ့ Park Seo Joon နဲ့ IU တို့ရဲ့ ရုပ်ရှင်ထွက်လာပါပြီရှင်ဇာတ်လမ်းအကျဉ်းကိုပြောရရင် တအားကြိုးစားပေမဲ့ မဖြစ်မြောက်တဲ့ ဘောလုံးသမားယွန်းဟုန်းဒယ်ဟာ စိတ်ဆတ်ပြီး ဒေါသမထိန်းနိုင်ရာကနေ အနုပညာထဲဝင်မယ်ဆိုပြီး ဖြစ်လာပါတော့တယ်အဲဒီမှာ ပီဒီအီဆိုမင်းနဲ့တွေ့ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အကြောင်းဖန်ရင်းနဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ အလုပ်အတူတွဲလုပ်ရပါတယ်သူတို့ရိုက်တဲ့အစီအစဉ်ကလည်း အိမ်ခြေရာမဲ့တွေကို ကမ္ဘာ့ဖလားဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးရတဲ့အလုပ်ဆိုတော့ အခက်အခဲတွေကြားက ရုန်းကန်ပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားကြမှာပါအမျိုးမျိုးကြုံတွေ့ရပြီးမှ ရေစက်လာဆုံကြတဲ့ သူတို့အသင်းက နောက်ဆုံးမှာ အောင်မြင်မလား ကျရှုံးမလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Sports Quality…. 1080p | 720p | 480p File size… 1.6GB | 814MB | 407MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Dream (2023)

2023
Nobody’s Lover (2022) 5
Nobody’s Lover (2022) Nobody's Lover (2022)မြို့သေးသေးလေးမှာ အမေနဲ့ နှစ်ယောက်တည်း အတူနေတဲ့ ၁၈နှစ်အရွယ် ယူဂျင်းဆိုတဲ့ ကောင်မလေး တစ်ယောက် ...တစ်ရက်မှာ အမေက သူ့ချစ်သူနဲ့ ကလေးရသွားလို့ချစ်သူအိမ်မှာပဲ နေတော့မယ်ဆိုပြီး အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ ကောင်မလေး ...ကိုယ့်ဝမ်းကိုယ်ကြောင်းဖို့ အချိန်ပိုင်းအလုပ်လိုက်ရှာရင်း ပီဇာဆိုင်မှာ အလုပ်ရသွားခဲ့တဲ့ ၁၈နှစ်မလေးက ပီဇာဆိုင်မှာ ကောင်လေးနှစ်ယောက်နဲ့ တွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲ?လောကကြီးအကြောင်း ဘာမှမသိတဲ့ မြီးကောင်ပေါက်လေးရဲ့ ပထမဆုံးကြုံဖူးတဲ့ ချစ်ခြင်း လွမ်းခြင်း ခွဲခွါခြင်းတွေက ဘယ်လိုလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ကြရအောင်နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tiff ပါ။)File Size          : 2.5GB, 750MB, 341MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format  ...
movie

Nobody’s Lover (2022)

2022
Good Deal (2022) 5
Good Deal (2022) Good Deal (2022)(1080p ရပါပြီ)ဇာတ်ကားလေးရဲ့ နာမည်က Good Deal ဆိုတဲ့အတိုင်း အပေးအယူ အရောင်းအဝယ်တွေ လုပ်ကြတဲ့ ကားလေးပေါ့။ဘယ်သူတွေက ဘာအတွက်ကြောင့် ရောင်းပြီး ဘယ်သူတွေက ဘာလို့ ဝယ်ခဲ့ကြတာလဲ ဆိုတဲ့ အချက်က ဒီဇာတ်ကားကို စိတ်ဝင်စားစရာ ကောင်းစေတယ်။အပေးအယူ အရောင်းအဝယ်လုပ်ကြတဲ့ ပစ္စည်း ၅မျိုးအ‌ကြောင်းကို တစ်ခန်းပြီး တစ်ခန်းစီ ပြပေးထားတာက သာမန် ဒရာမာတွေနဲ့ မတူဘဲကွဲပြားနေတဲ့အချက်ဖြစ်ပြီး မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားတာကြောင့် အပေးအယူတစ်ခုပြီးသွားတိုင်း စိတ်ထဲ တစ်မျိုးလေး ခံစားရစေမယ့် ဇာတ်ကားမျိုးပါ။ပုံမှန်နဲ့ မတူညီတဲ့ ပြောပြရခက်တဲ့ ရသတစ်မျိုးကို အသစ်အဆန်း ခံစားကြည့်ချင်တဲ့သူတွေအနေနဲ့ ဒီကား‌ကို သေချာပေါက် ကြည့်သင့်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Miri ပါ။)File Size          : 2.1GB, 723MB, 364MB Quality      ...
movie

Good Deal (2022)

2022
Lucid Dream (2017) 6.2
Lucid Dream (2017) Lucid Dream 2017Lucid Dream ဆိုတာ လူတစ်ယောက်က အိပ်မက်ထဲမှာရောက်နေပေမယ့် ဒါဟာအိပ်မက်ပဲလို့ သူ့မှာ အသိစိတ်ရှိနေတာမျိုး အဲဒီ အိပ်မက်ကို Control လုပ်နိုင်တာမျိုးကို Lucid Dream လို့ခေါ်ပါတယ် အပြင်မှာ ကိုယ်အမှတ်မထင်ဖြစ်သွားတဲ့ အရာတွေကိုတောင်မှ Lucid Dream ထဲမှာပြန်မက်လိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေလောက်တဲ့ အိပ်မက်မျိုးပေါ့ဒီဇာတ်ကားမှာတော့ မင်းသားကြီး Go Soo နဲ့ Sol Kyung Gu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းစုံထောက်ချွဲဒယ်ဟိုဟာ လူချမ်းသာတွေ အာဏာရှိလူတန်းစားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲတမ်းဖော်ထုတ်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်ပါဒါကြောင့်လည်း အာဏာရှိလူတန်းစားတွေ လူကုံထံတွေက သူ့ကို အမြင်မကြည်ကြပါဘူးသူ့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသားလေး ချွဲမင်အူရှိပါတယ် အမိမဲ့သားလေး မင်အူက သတင်းထောက်ချွဲရဲ့ဘဝမှာ အရေးအပါဆုံးသူပေါ့တစ်ရက် သားအဖနှစ်ယောက် ကစားကွင်းတူတူသွားရင်း မင်အူလေး ပြန်ပေးဆွဲခံခဲ့ရပါတယ် ဒီပြန်ပေးဆွဲမှု ၃ နှစ်ကြာတဲ့အထိ ဘာသဲလွန်စတစ်ခုမှ မရခဲ့ဘူးအဲဒီအချိန်မှာ LUCID DREAM ကနေတစ်ဆင့် ပြန်ပေးသမားတွေ တရားခံတွေကို ...
movie

Lucid Dream (2017)

Singles (2003) 6.5
Singles (2003) Singles (2003)IMDb - 6.5/10"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ" ဆိုသလိုပဲ ..... လမ်းခွဲတယ်ဆိုတာ လမ်းသစ်ဖောက်ဖို့ပါပဲ။ နိဂုံးဆိုတာ တခြားနိဒါန်းတစ်ခုရဲ့အစလည်း ဖြစ်နေနိုင်တာပါပဲ။ဘ၀မှာ အငြင်းခံရတယ်တို့ အဖြတ်ခံရတယ်တို့ဆိုတာ ရင်နာစရာပေမယ့် ကိုယ့်ကိုဖြတ်တဲ့သူက ကိုယ်နဲ့မထိုက်တန်လို့လည်းဖြစ်နိုင်ပါတယ် .....ဒီဇာတ်ကားလေးကတော့ ခေါင်းစဉ်အတိုင်း အချစ်ရေးကံခေကြတဲ့ စင်ဂယ် BFF သုံးယောက်အကြောင်းရိုက်ထားတာပါ။ (အချစ်ကံခေတယ်ပဲပြောတာပါ .... FA လို့မပြောဘူးနော် FA တွေက ငါ့အတွက်ဟ လို့ ထင်မှာစိုးလို့ 😣)ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ နာနန်းတစ်ယောက် စားသောက်ဆိုင်ဘက်တာ၀န်ပေးခံတဲ့အခါ .... အရင်ရည်းစားထက် သူ့အပေါ်အရာရာကောင်းပေးတဲ့လူနဲ့တွေ့တဲ့အခါ ...နာနန်းတစ်ယောက် အလုပ်ကိုရွေးမလား ချစ်သူကိုရွေးမလား...ကျန်တဲ့ တစ်အိမ်တည်းနေ Bff နှစ်ယောက်ကရော မူးပြီး အတူတူအိပ်မိသွားတဲ့အခါ .. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...ဒီကားလေးက 2009 ခုနှစ်မှာ အစာအိမ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့တဲ့ နာနန်းနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Jang Jin Young ကို Blue Dragon Films Award မှာ Best Actress ဆုရစေခဲ့တဲ့ကားလေးဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eainy ပဲ ...
movie

Singles (2003)

2003
Miss & Mrs. Cops (2019) 5.5
Miss & Mrs. Cops (2019) Weightlifting fairy ကားထဲက မင်းသမီးလေး ပါတဲ့ ကားသစ်လေးပါအလွန်တရာထူးချွန်တဲ့ စုံထောက်ပတ်ခ်မီယောင်းဟာ အိမ်ထောင်ကျ၊ကလေးရပြီးနောက်မှာ သူမ ချစ်ခင်နှစ်သက်ရတဲ့စုံထောက်အလုပ်ကိုစွန့်လွှတ်ခဲ့ရပြီး ပြည်သူ့တိုင်ကြားချက်များဌာနမှာပဲပြောင်းရွှေ့တာဝန် ထမ်းဆောင်နေခဲ့ရပါတယ်သူ့ယောင်းမဖြစ်သူ ချွဲဂျီဟေးကလည်း ရဲဖြစ်ဖို့မွေးဖွားလာတယ်ထင်ရတဲ့ရဲမေတစ်ယောက်ပါပဲတစ်ရက်မှာတော့ ဂျီဟေးဟာ သံသယရှိသူတစ်ယောက်ကိုဖမ်းဆီးရာမှာ အလွန်အကျွံအားသုံးတယ်ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူခံရပြီးမီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခန့်ထားခံခဲ့ရပါတယ်ပုံမှန်ဆိုမတည့်လေ့ရှိတဲ့ သမီးယောင်းမနှစ်ယောက်ဟာမတော်တဆ မှုခင်းတစ်ခုထဲပါဝင်မိပြီး သူတို့မထင်ထားလောက်တဲ့အထိပြစ်မှုကကြီးမားနေတဲ့အခါမှာတော့..သာမန်ချိန်းခြောက်အကြပ်ကိုင်မှုလို့သာ ယူဆထားခဲ့တဲ့ အမှုခင်းလေးတစ်ခုဟာကွင်းဆက်ရာဇဝတ်မှုကြီးဖြစ်နေတဲ့အခါမှာတော့..သမီးယောင်းမနှစ်ယောက်ဘယ်လိုဖော်ထုတ်ကြမလဲဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာဟာသနှောပြီးကြည့်ရမှာပဲဖြစ်ပါတယ်ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ကြည့်ရတာ အပိုအလိုမရှိ ကွက်တိပါပဲနော် File Size : (1 GB , 367 MB)Quality :  WEB-DL 720pRunning Time : 1 hr 47 minFormat : Mp4Genre : Comedy , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by NeveEncoded ...
movie

Miss & Mrs. Cops (2019)

2019
Hard Hit (2021) 6.1
Hard Hit (2021)  Hard Hit (2021)အခုတစ်ခေါက်မှာတော့ တောင်းဆိုနေကြတဲ့ ပရိတ်သတ်ကြီးအတွက် ဂျွန်လ ၂၃ရက်ကမှ အသစ်စက်စက် ထွက်ရှိ ရုံတင်ထားတဲ့ ကိုရီးယား Action/Thriller ဇာတ်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်IMDB 6.0/10 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီးCast တွေအနေနဲ့ကတော့ နာမည်ကြီး အချစ်တော်မင်းသား Ji Chang-Wook နဲ့ Seo-book,Rampant အစရှိတဲ့ ဇာတ်ကားကြီးတွေမှာပါဝင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Woo Jin-Joတို့က ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Baro ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပို့ဖို့လုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ်အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ် ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတို့လည်း အတူရှိနေခဲ့ပါတယ် ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ရင်တမမနဲ့ ခံစားကြည့်ရှုရဦးမှာပါဒီကားထဲမှာ ဘဝအတွက် သင်ခန်းစာယူစရာတချို့လည်းရနိုင်လို့ အက်ရှင်ကားလည်းကြည့် အနှစ်သာရ အချို့လည်းခံစားနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ...
movie

Hard Hit (2021)

2021
Miss Baek (2018) 6.8
Miss Baek (2018) ဒီကား​​လေးက​​တော့ child abuse အ​ကြောင်းရိုက်​ထားတဲ့ဇာတ်​လမ်း​လေးပါ တကယ့်​ဖြစ်​ရပ်​မှန်​ကိုရုပ်​ရှင်​ရိုက်​ထားတာဆို​တော့ ရင်​ထဲ​တော်​​တော်​ထိပါတယ်​ ( ဘာသာပြန်​ရင်းမျက်​ရည်​​တောင်​ကျတယ်​ ) သရုပ်​​ဆောင်​​တွေကလည်းတကယ့်​အပိုအလိုမရှိသရုပ်​​ဆောင်​ထားတာပါ ​ message ​တွေအများကြီးနဲ့တကယ့်​အနှစ်​ကား​လေးပါ ကြည့်​ပြီးရင်​ ရင်​ထဲတစ်​ခုခု​တော့ကျန်​ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးက​တော့ ​​​ဘတ်​ဆန်းအာ(miss beak) ဟာ လူသတ်​ဖို့ကြိုးစားမှုနဲ့​ထောင်​ကျဖူးတဲ့အမျိုးသမီးတစ်​​ယောက်​ ငယ်​စဉ်​ကတည်းအ​ကြောင်းအမျိုးမျိုး​ကြောင့်​ အ​မေအရင်းက​နေစွန့်​ပစ်​တာကိုခံခဲ့ရတယ်​ ဒီလိုနဲ့ဘ၀ကိုဖြစ်​သလိုရပ်​တည်​လာရင်း မထင်​မှတ်​ပဲ​အေးစက်​​နေတဲ့​ဆောင်းညတစ်​ညမှာ လမ်း​ဘေးမှာထိုင်​ပြီးခိုက်​ခိုက်​တုန်​​နေတဲ့ ကိုးနှစ်​အရွယ်​မိန်းက​လေးတစ်​​ယောက်​နဲ့​စ​တွေ့ခဲ့တယ်​ အဲ့က​လေးမ​လေးကလည်းအ​ဖေအရင်းနဲ့ အ​ဖေဖြစ်​သူရဲ့အတူ​နေရည်းစားရဲ့နှိပ်​စက်​မှု​တွေကို အရွယ်​နဲ့မလိုက်​​အောင်​ခါးစည်းခံ​နေရတဲ့က​လေးမ​လေး ဒီက​လေးမ​လေးကိုဘတ်​ဆန်းအာက​တွေ့သွားတဲ့အချိန်​မှာ ဘတ်​ဆန်းအာက သူ့မရဲ့အတိတ်​ကဘ၀ကိုသတိရသွားပြီး ဒီက​လေးမ​လေးအ​ပေါ်သနားသွားပါ​တယ်​ ဘတ်​ဆန်းအာကဒီ​က​လေးမ​လေးရဲ့ခန္ဓာကိုယ်​ကဒဏ်​ရာ​တွေကို​တွေ့ပြီး က​လေးမ​လေးကိုနှိပ်​စက်​ကြတဲ့အ​ကြောင်းကိုသိသွားပါ​တော့တယ်​ ဘတ်​ဆန်းအာနဲ့ဒီက​လေးမ​လေး​တွေ့ပြီး ​ ဘာ​တွေဆက်​ဖြစ်​မှာလဲ ဒီက​လေးမ​လေးကို​ရော ဘတ်​ဆန်းအာကကယ်​တင်​နိုင်​မှာလား ဘတ်​ဆန်းအာကို​ရော သူ့အ​မေကဘာလို့စွန့်​ပစ်​သွားခဲ့တာလဲ ဆိုတာ​တွေကို​တော့ ဇာတ်​လမ်းထဲမှာပဲကြည့်​​ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie

Miss Baek (2018)

2018
Seondal: The Man Who Sells the River (2016) 6.5
Seondal: The Man Who Sells the River (2016) Seondal: The Man Who Sells the River (2016)_____IMDb - 6.5/10   ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့ အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။ ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီး စစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်…. ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီး ညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်… သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ… ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့… သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။ တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်း မအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်…. ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူ ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစား ဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့… ငွေကြေးအင်အားကလည်းတောင့်တင်း တရုတ်ကိုလည်းပိုင်ဆိုတော့ ဘုရင်ကတောင် မနိုင်လို့ လက်မှိုင်ချနေရတဲ့ လူလည်ကြီး မုသားသခင် ကင်အီနွန်းကလည်း ညီငယ်အတွက် ...
movie

Seondal: The Man Who Sells the River (2016)

2016