Channel Myanmar

Jung Joon-ho

Iris: The Movie(2010) 6.7
Iris: The Movie(2010) Iris: The Movie(2010)********************အိုင်းရစ်ဆိုတဲ့ ဒရမ်မာလေးကို အတိုချုံ့ပြီး ပြန်ကြည့်ချင်သူများအတွက် movie version လေးရပါပြီNSS လို့ခေါ်တဲ့အေးဂျင့်အဖွဲ့အစည်းတစ်ခုကနေ အထူးအေးဂျင့်ဖြစ်တဲ့ ဟျွန်းဂျွန်းကိုမြောက်ပိုင်းကလူတစ်ဦးကို သတ်ဖို့အတွက်တာဝန်ပေးခဲ့ပါတယ်....တာဝန်ပြီးမြောက်သွားသော်လည်း သရုပ်မှန်ပေါ်သွားတဲ့အတွက်ကြောင့် NSS ဒါရိုက်တာဘဲ့ဆန်းကနေသူ့ကိုစွန့်ပစ်ဖို့အတွက် ဟျွန်းဂျွန်းရဲ့သူငယ်ချင်းဖြစ်သူ ဆာဝူကိုအမိန့်ပေးခဲ့ပါတယ်....အဲဒီကနေတဆင့် ဟျွန်းဂျွန်းတစ်ယောက် နာကျည်းမှုတွေစတင်ကာ မြောက်ကိုရီးယားနဲ့ပူးပေါင်းပြီးလက်စားချေဖို့စတင်ရင်း အိုင်းရစ် ဆိုတဲ့အဖွဲ့အစည်းတစ်ခုအကြောင်း တစ်စတစ်စသိလာတဲ့အခါမှာတော့....တစ်ဖက်မှာလည်း မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားကိုနျူးကလီးယားလက်နက်နဲ့ ဗုံးဖောက်ခွဲဖို့စီစဉ်ရင်း ဘယ်လိုတွေဆက်ပြီး တောင်နဲ့မြောက် ပြဿနာလေးတွေ ဖြေရှင်းသွားမလဲ,,,ဟျွန်းဂျွန်းသိထားတဲ့ အိုင်းရစ်အဖွဲ့ကရော ဘာတွေကြံစည်ပြီး ဘယ်လိုတွေလုပ်ဆောင်နေလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးပါဦး...File Size :(4.6GB)(1.2GB) and (398MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:05:00 Genre :Action, Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Shoon Encoded by Phyo Pyae
movie

Iris: The Movie(2010)

Another Public Enemy (2005) 6.0
Another Public Enemy (2005) Another Public Enemyပြည်သူ့လိုအပ်ချက်ကို အပိုင်နင်း ဖောင်ဒေးရှင်းကို ဗန်းပြပြီး မသမာတဲ့နည်းပေါင်းစုံနဲ့ ပိုက်ဆံ​တွေ အထုပ်လိုက်အထည်လိုက် တရားမဝင် သိမ်းကျုုံးယူ... ပိုက်ဆံကသာ ဒုတိယဘုရားသခင်အဖြစ် သတ်မှတ်ထားတဲ့ ​မြောင်ဆွန်းလုပ်ငန်းစု ဒါရိုက်တာ ဟန်ဆန်းအူ...လောကကြီးမှာ ပိုက်ဆံနဲ့အာဏာက အရေးကြီးဆုံးဆိုတာကို သိအောင် လောကဒဏ်ကနေ သင်ယူခဲ့ရပြီး မတရားမှုတွေကို တိုက်ဖျက်ဖို့ အမှုစစ်ဖြစ်လာခဲ့တဲ့ အမှု​စစ်ဂန်ချောဂျွန်...မိသားစုအ​ခြေအနေရော အကျင့်စရိုက်ပါ မတူညီတဲ့ သူတို့နှစ်ယောက်ဟာ အတန်းဖော်သူငယ်ချင်းတွေဖြစ်ကြသလို ဂန်ချောဂျွန် ဘယ်လောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြိုးစား မိသားစု​နောက်ခံကောင်းတဲ့ ဟန်ဆန်းအူ ဆီမှာပဲ မတရားဖိနှိပ်ခံခဲ့ရပြီး...တနေ့ မျဥ်းပြိုင်နှစ်ခုလို သူတို့နှစ်ယောက် ရာဇဝတ်ကျူးလွန်သူနဲ့ အမှုစစ်အဖြစ် ပြန်တွေ့ကြတဲ့အခါ...နိုင်ငံကြီးနဲ့ပါချီပြီး လုပ်စားကြတဲ့ လူချမ်းသာ နဲ့အာဏာရှင် ဟိုက်ပါ သူခိုးအကြီးစား ရာဇဝတ်သားဆိုတာ နိုင်ငံ့အဆိပ်ပင် ပြည်သူ့ရန်သူ ဖြစ်ပြီး အာဏာနဲ့ပိုက်ဆံရဲ့ အင်အားကြီးမားမှုနဲ့ ဥပဒေကြား အားပြိုင်မှုကို ပုံဖော်ထားတဲ့ နိုင်ငံ​​ရေးမှုခင်းရုပ်ရှင်ကောင်း old but ...
movie

Another Public Enemy (2005)

Piggyback (2022) 4.5
Piggyback (2022) Piggyback (2022)Piggyback ဆိုတာကတော့ ကျောပိုးတာကို ပြောတာပါ။ အဖေက သားကို ကျောပိုးထားတာ ဆိုတော့ သားအဖ မေတ္တာအကြောင်းပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ..... တံငါရွာလေးမှာနေထိုင်တဲ့ သားအဖအကြောင်းလေးကို သဘာဝဆန်ဆန်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါ အသက်ကြီးမှမွေးတဲ့သားလေးကို မိခင်မရှိဘဲ ဖအေတစ်ယောက်တည်း ပျိုးထောင်ရင်းနဲ့ ပိုင်ဆိုင်တဲ့လှေလေးကိုပါ မဆုံးရှုံးအောင် ကြိုးစားတဲ့ နိုမာရဲ့အဖေနဲ့... အသက်ငယ်ပေမဲ့လည်း သိတတ်ပြီး ထက်မြက်တဲ့ နိုမာဆိုတဲ့ကောင်လေးရယ်... အသက် ၂၄ နှစ်ကွာတဲ့ တရုတ်မလေးကိုမှ တမ်းတမ်းစွဲဖြစ်နေတဲ့ နိုမာရဲ့ဦးလေး... သားအဖရဲ့ မေတ္တာ၊ ညီအစ်ကို သံယောဇဉ်တွေနဲ့ နိုမာတို့ သူငယ်ချင်း တစ်သိုက်တလွဲတွေလုပ်တာကို ဒရာမာချိုးရင်းနဲ့ ပြုံးမိစေမယ့် မိသားစုဟာသရုပ်ရှင်လေးကို ကြည့်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်ဖခင်ဖြစ်သူနေရာမှာ သရုပ်ဆောင်ထားတာကတော့ From now on Showtime မှ စစ်သူကြီးအဖြစ် သရုပ်ဆောင်ထားတဲ့ Jung Joon Ho ပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Family Quality…. 1080p | 720p | 480p File ...
movie

Piggyback (2022)

2022
Righteous Ties (2006) 6.3
Righteous Ties (2006) Righteous Ties (2006) Investigation Couple ဆိုတဲ့ မှုခင်းဆေးဆရာဝန်ကားမှာ ဒေါက်တာ ဘဲ့ဘုန်း အနေနဲ့ လူသိများတဲ့ မင်းသားကြီး Jung Jae Young ရဲ့ အက်ရှင် ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဂိုဏ်းစတားလူမိုက်တွေဟာ ဂိုဏ်းစတားလူမိုက်ဆန်ခဲ့ကြတဲ့အချိန်တုန်းကပေါ့။ သေနတ်တွေမသုံးတဲ့ Old School ဂိုဏ်းစတားကြီးတွေ၊ ဆွန်းထန် ချီဆောင်းနဲ့ ဂျူဂျွန်းတို့ဟာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက်ဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ရှေ့ဆင့်နောက်ဆင့် ညာလက်ရုံးတွေ ဖြစ်လာကြသူတွေပါ။သုံး‌ယောက်လုံးကလည်း စိတ်မြန်လက်မြန် ခြေသွက်လက်သွက် တဇောက်ထိုးစိတ်တွေနဲ့မို့ ဂိုဏ်းလောကမှာ ရှိန်ရတဲ့ဘဲကြီးတွေဖြစ်ပါတယ်။ ကိုယ့်ဂိုဏ်းအတွက် ဘာမဆိုပေးဆပ်နိုင်တဲ့ ဒီဘဲကြီးတွေဟာ သူတို့ဆရာရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတဲ့အချိန်မှာတော့ ...အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားဟာ ဒီဇာတ်ကားထဲက လူမိုက်ဘဲကြီးတွေအတွက် ဘယ်လောက်များမှန်မလဲ ဆိုတာတော့ ဇာတ်လမ်းလေးထဲ ကြည့်ရှုခံစားကြရမှာပါ။အက်ရှင်ကားကို ဟာသနဲ့အလွမ်းအဆွေးတွဲဖက်ပြီး တင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး ခံစားလို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Paing ပါ။) File Size : ...
movie

Righteous Ties (2006)

2006
My Boss, My Teacher (2006) 5.7
My Boss, My Teacher (2006) IMDb Rating (5.7)Rotten Tomatoes (60%)ဒီကားကတော့ ပထမကား My Boss,My Hero (2001) ရဲ့ အဆက်ဖြစ်ပါတယ်။ပထမကားက သရုပ်ဆောင်တွေပဲ ပြန်ပါလာတာမို့ ပထမကားလိုပဲအချိတ်အဆက်မိမိ ရယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ပထမကားမှာတော့ လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ်တစ်ယောက် အထက်တန်းကျောင်းကို ပြန်တက်ပြီးအောင်လက်မှတ်ရရှိခဲ့ပေမယ့် သူ့ဆရာ လူမိုက်ဂိုဏ်းချုပ်ကြီးကတော့ တင်းတိမ်ခြင်းမရှိသေးပါဘူး။သူ့တပည့်ကျော်ဂန်ဒူဆစ်အနေနဲ့ အဆင့်မီလူမိုက်ဖြစ်ဖို့ကျောင်းပညာရေးဆက်သင်ရဦးမယ်ယူဆပြီး ကျောင်းကိုထပ်လွှတ်လိုက်ပါပြီ...ဒီတစ်ခါတော့ ကျောင်းသားမဟုတ်တော့ပါဘူး...ကျောင်းဆရာအနေနဲ့ပါ။လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ် တဖြစ်လဲ ကျောင်းဆရာဂန်ဒူဆစ်နဲ့ သူ့ရဲ့တပည့်ကျော်ခေါင်းကြီးတို့တွေကျောင်းမှာ ဘယ်လိုတွေချကြဦးမလဲဆိုတာ...။(ဒီဇာတ်ကားက BluRay HD မထွက်ရှိတာကြောင့် DVDRip Quality နဲ့သာ တင်ဆက်လိုက်ရပါတယ်။)  File size…(1.7 GB) / (800 MB) Quality…DVDRip 720p / 360p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Tayza
movie

My Boss, My Teacher (2006)

My Boss, My Hero(2001) 6.5
My Boss, My Hero(2001) ဂန်ဒူဆစ် ဟာ တိုက်ရည်ခိုက်ရည်ရှိပြီး လူမိုက်လောကမှာ အလားအလာကောင်းတဲ့ ဂန်းစတားတစ်ယောက်ပါသူ့ရဲ့စွမ်းဆောင်မှုတစ်ခုကြောင့် ဂိုဏ်းခေါင်းဆောင်ကြီးက သဘောကျပြီး ဆိုးလ်မြို့ရဲ့ အချက်အချာအကျဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ မြောင်ဒေါင်း ကို အုပ်ချုပ်စေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အထက်တန်းတောင် မအောင်တဲ့ သူ့ကိုအရေးပါတဲ့နေရာတစ်ခုကို အုပ်ချုပ်ဖို့ တာ၀န်ပေးတာ မဖြစ်သင့်ဘူးလို့ ကျန်တဲ့ လူမိုက်တွေက ဝိုင်းကန့်ကွက်ကြတဲ့အခါဂန်ဒူဆစ် တစ်ယောက် ကြီးကောင်ကြီးမား လူလတ်ပိုင်းအရွယ်ကျမှ ကျောင်းပြန်တက်ဖို့ လုပ်ရပါတော့တယ် သူ့ရဲ့တပည့်ကျော်နှစ်ယောက်ကြောင့် ပုဂ္ဂလိက ကျောင်းတစ်ခုမှာ ၀င်ခွင့်ရခဲ့ပေမယ့် ဂန်းစတားဘ၀ကနေကျောင်းသားဖြစ်သွားတဲ့ လူမိုက်ကြီး ကျောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုဟာသလေးတွေနဲ့ ကြည့်ရှုခံစားရမှာပါဒီကားအဆက် My Boss,My Teacher (2006) ကို  https://channelmyanmar.org/?s=my+boss+my+teacher ဒီမှာကြည့်ပါ။ Translated by : Aung Tay ZaEncoded by: YKFile Size ...
movie

My Boss, My Hero(2001)

2001
Hitman: Agent Jun (2019) 6.4
Hitman: Agent Jun (2019) CM ရဲ့ ပရိတ်သတ်တွေ အတွက် နောက်ထပ် ဟာသ အက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့်သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါတစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့  အဖွဲ့ရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်အဲ့လိုကနေ ဂင်ဘုံဂျွန်က လုပ်ကြံသူဂျွန်အဖြစ်နဲ့  အဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ် လုပ်ကြံသူအလုပ်ကို ငြီးငွေ့လာတဲ့ဂျွန်က အဲ့လောက ကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့  ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်၁၅ နှစ်အကြာမှာ သူ့ရဲ့လုပ်ကြံသူ ဘဝအကြောင်းကို ကာတွန်းဆွဲရင်း နာမည်ကြီးလာခဲ့ပါတယ် လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်ကဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါနော် File Size : ( 1 GB , 418 MB) Quality : ...
movie

Hitman: Agent Jun (2019)

Marrying the Mafia 5: Return of the Family ( 2012 ) 5.4
Marrying the Mafia 5: Return of the Family ( 2012 ) Marrying The Mafia ဇာတ်ကားတွေရဲ့နောက်ဆုံးကားဖြစ်ပါတယ်5 ကားလုံးကို ဒီမှာဒေါင်းကြည့်နိုင်ပါတယ်အရင်ကားတွေရဲ့အဆက်ပါပဲ..သရုပ်ဆောင်တွေတော့အပြောင်းအလဲရှိသွားပါတယ်သရုပ်ဆောင်တွေတော့ ပြောင်းသွားပေမယ့် ဘာမှန်းမသိတဲ့Mafia မိသားစုအရှုပ်တော်ပုံကတော့ အတူတူပါပဲ။ဒီတစ်ခေါက်တော့ ဘက်လိုက်တတ်တဲ့ အဖေကြီးကြောင့်ညီအစ်ကိုတွေကြား မတည့်ကြတဲ့ Mafia မိသားစုအကြောင်းပါ။ဒီတော့ အနှိမ်ခံ ညီအစ်ကို ၃ ယောက်က ဘယ်လိုတွေ သင်ခန်းစာပေးပြီးဘယ်လိုတွေ ပြဿနာရှာမယ်ဆိုတာရယ်... ဒီ သင်းကွဲမိသားစုကြီးပြန်လည်သင့်မြတ်မလားဆိုတာရယ်ကို ရယ်မောရင်း ဇာတ်လမ်းထဲမှာ အဖြေရှာလိုက်ပါ... Translated & Review By Chu ChuEncoded By LK
movie

Marrying the Mafia 5: Return of the Family ( 2012 )

2012
Marrying the Mafia ( 2002 ) 6.2
Marrying the Mafia ( 2002 ) နာမည်ကြီးကိုရီးယား ဟာသနဲ့အက်ရှင်ပေါင်းထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်5 ကား ထွက်ရှိထားပြီးတော့ အခုပထမဆုံးကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နောက်ထပ်ကားတွေလည်းဆက်လက်ပြီး တင်ဆက်ပေးသွားမှာပါIMDb Rate ကတော့ 6.1/10 ရရှိထားပါတယ်ဇာတ်လမ်းအညွှန်းလေးကိုဆက်လက်ဖတ်ရှုကြရအောင်ရှေ့နေဒယ်ဆွတ်တစ်ယောက်ကောင်မလေးတစ်ယောက်နဲ့မတော်တဆတစ်ညအတူအိပ်မိတယ် ပြဿနာကတော့အဲ့ဒီကောင်မလေးကဂန်းစတားမိသားစုရဲ့သမီးအငယ်ဆုံးဖြစ်နေတာပါပဲကောင်မလေးအစ်ကိုတွေနဲ့အဖေကဒယ်ဆွတ်ကိုအတင်းတာဝန်ယူလက်ထပ်ခိုင်းတယ် ငြင်းဆန်ရင်နဲ့ဘယ်လိုတွေဖြစ်လာမလဲဆိုတာဟာသလေးတွေနဲ့ကြည့်ရမှာပါရယ်ရတဲ့အပြင်ရိုလည်းရိုတယ်နော် တကယ်ကောင်းတဲ့အချစ်ဟာသကားလေးပါ Translated & Review By Nu MonEncoded By LK Marrying The Mafia 5 ကားလံုးကိုဒီမွာ ဒေါင်းယူနိုင်ပါတယ်
movie


2002
More Than Blue (2009) 7.6
More Than Blue (2009) More Than Blue (2009) IMDb - 7.6/10_____Rotten - 92%    Friendzone  နာမည်လေးတော့ ကြားကောင်းတယ်နော် ခံစားရတဲ့သူကျ အသေအကြေပဲဗျ... ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ More than Blue လို့ခေါ်တဲ့ Melodrama ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်... ဘဝမှာ အသက်ရှင်ရမယ့်ရက်တွေ ဘယ်နှရက်များ ရှိမှာလဲ? နေ့တိုင်းဟာ ကိုယ့်ရဲ့ နောက်ဆုံးနေ့ ဖြစ်နေနိုင်ပါတယ်... ကိုယ်မရှိတော့တဲ့အခါ ကိုယ်သိပ်မြတ်နိုးရတဲ့သူကို ကာကွယ်မပေးနိုင်တော့မှာကို သိပ်ကြောက်ပါတယ်... ကိုယ့်ဘဝရဲ့ နေဝင်ချိန် မရောက်ခင်မှာ သူ့ကို လုံခြုံစေချင်မိတယ်... သူ့အကြောင်းကို ကိုယ့်ထက် ဘယ်သူကများ နားလည်ပါ့မလဲ စိုးရိမ်မိတယ်... ဒီလို ခံစားချက်တွေက လူတိုင်းမှာရှိကြပါတယ်...    ယခု ဇာတ်လမ်းလေးထဲမှာလည်း ဒီနေ့လား မနက်ဖြန်လား မသေချာတဲ့ မင်းသားဟာ သူငယ်စဉ်ကတည်းက မြတ်နိုးချစ်ခင်ခဲ့ရတဲ့ မိန်းကလေးအတွက် အစွန့်လွှတ် အနစ်နာခံကာ သူ့ရဲ့နေဝင်ချိန်တွေကို စိတ်ချချင်ခဲ့ပါတယ်... ဒါအတွက် သူဘာလုပ်မလဲ? ဖြူစင်လွန်းတဲ့ချစ်ခြင်းကရော ဘာလဲ တကယ်ရှိလား? နာမည်ကျော်မင်းသား မင်းသမီးတွေဖြစ်တဲ့ Kwon Sangwoo နဲ့ Lee Boyoung တို့က ဒီဇာတ်လမ်းလေးကနေ တဆင့်ဖြေပေးပါလိမ့်မယ်    Size - 748 MB Qty - HD ...
movie

More Than Blue (2009)

2009