Channel Myanmar

Jung Jun-won

Believer 2 (2023) 8.8
Believer 2 (2023) Believer 2 (2023) (အညွှန်း) ====================2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ ...
movie

Believer 2 (2023)

2023
Believer (2018) 5.9
Believer (2018) Believe (2018)ဝန်ဟိုကတော့ ဆရာအီလို့ခေါ်တဲ့လူတစ်ယောက် ဦးစီးနေတဲ့ အာရှရဲ့ အကြီးမားဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ စုံထောက် တစ်ယောက်ပါ။ ဒါပေမဲ့ ခက်နေတာက ဆရာအီ ဆိုတဲ့လူကို ဘယ်သူကမှ မမြင်ဖူးကြပါဘူး။ အဲဒါအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တော်တော်များများကလည်း မူးယစ်ဆေးဝါးတွေကို တရားမ၀င် ရောင်းဝယ်ဖောက်ကားဖို့အတွက် ဆရာအီအဖြစ် ဟန်ဆောင်နေကြပါသေးတယ်။ ဆရာအီရဲ့ ဂိုဏ်းက အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရာ့ ဆိုတဲ့သူကတော့ သူ့အမေကို သတ်ခဲ့တဲ့ ဆရာအီ့ကို လက်စားချေဖို့ကြိုးစားနေတဲ့သူပါ။ စုံထောက်ဝန်ဟိုနဲ့ ရာ့ တို့ဟာ တူညီတဲ့ရည်မှန်းချက်တွေနဲ့ နှစ်ယောက်အတူပူးပေါင်းပြီး ဆရာအီ့ကို ဖမ်းဆီးဖို့ကြိုးစားကြပါတော့တယ်။ နှစ်ယောက်သား ဘယ်လိုပူးပေါင်းပြီး စိတ္တဇဆန်ဆန် အန္တရာယ်များတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုဖော်ထုတ်ပြီး ဖမ်းဆီးကြမလဲ တစ်ဇာတ်လုံးမြှုပ်ထားတဲ့ ဆရာအီကရော ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူး​နော်အညျွန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Thae, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p File size…  ...
movie

Believer (2018)

2018
My First Client(2019) 7.1
My First Client(2019) My First Client(2019)မိသားစုလေး စုံစုံညီညီနဲ့ သာယာတဲ့အနာဂတ်ကို စိတ်ကူးယဉ်လို့ ကောင်းဆဲမှာပဲအမေဆုံးသွားလေရဲ့...အဖေနဲ့ ကလေး(၂)ယောက်ပဲကျန်ခဲ့ပါတယ်...မုဆိုးဖို အဖြစ်ကျန်ခဲ့တဲ့ ဖခင်ဟာ ကလေး(၂)ယောက်အတွက်ပဲလား သူ့အတွက်အထီးကျန်ခြင်းတွေဖြေဖျောက်ပဲလား နောက်အိမ်ထောင်ပြုလိုက်ပါတယ်...ဒီလိုအိမ်ထောင်ပြုလိုက်ပြီး အမေသစ်လေးအိမ်ပေါ်ရောက်လာတဲ့အချိန်မှာတော့...ဒီကားက ဖြစ်လေ့ဖြစ်ထရှိတဲ့မိသားစုအကြောင်းတွေရိုက်ထားတယ်ဆိုပေမဲ့ကလေးတွေရဲ့ခံစားချက်ကိုအသားပေးပြီး ခံစားနားလည်လွယ်အောင်အကောင်းဆုံးရိုက်ပြထားတာပါ...ဇာတ်လမ်းကရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ပုံနဲ့ ကလေးတွေရဲ့စိတ်ထားနဲ့လူကြီးတွေရဲ့ ဆက်ဆံပုံတွေကို တကယ့်ကိုရသမြောက်စွာပုံဖော်ထားတာပါ..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်....File Size : (980 MB) and (380 MB) Quality :WEB-DL  720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by Phyo Pyae 
movie

My First Client(2019)

The Table (2016) N/A
The Table (2016) ကျွန်တော်တို့အားလုံးကော်ဖီဆိုင်မှာထိုင်ဖူးကြတယ် လမ်းဘက်ကိုမြင်ရတဲ့ထိုင်ခုံလေးမှာပေါ့ ကော်ဖီလေးသောက်ရင်းလမ်းပေါ်ကိုငေးရတာ သိပ်အရသာရှိတယ်မဟုတ်လား ဒီကားလေးကလဲဒီလိုပါပဲ The Tableဆိုတာက ကော်ဖီဆိုင်လေးက မှန်ပြတင်းပေါက်နားက လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ရတဲ့ ခုံလေးကိုရည်ညွှန်းတာပါ.. ဒီဇာတ်ကားလေးက အဲ့ဒီထိုင်ခုံလေးမှာလာထိုင်ရင်းတွေ့ကြ စကားစမြည်ပြောကြတဲ့ လူသား၈ယောက်အကြောင်းကိုရိုက်ထားတာပါ ဒီထိုင်ခုံလေးမှာထိုင်ပြီး.ငယ်ရည်းစားစုံတွဲစကားပြောခဲ့ကြတယ် ဒီထိုင်ခုံလေးကနေ အချစ်တစ်ခုရှာတွေ့သွားကြတယ် ဒီထိုင်ခုံလေးကနေ ... ဒီထိုင်ခုံလေးကနေ... ထိုင်ခုံလေးရဲ့တစ်နေ့တာကိုကျွန်တော်တို့ခံစားရအောင်ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းဟာ တွေးရင်တွေးသလို သင့်ခံစားမှုကိုလှုံဆော်ပေးပါလိမ့်မယ် ဒီကားဒါရိုက်တာကလဲဒီခံစားမှုကိုပေးချင်တဲ့ပုံစံပါပဲ ကျွန်တော်တို့က ဒီထိုင်ခုံလေးမှာထိုင်ခဲ့တဲ့လူသား၈ယောက်ရဲ့ ဘဝတစ် စိတ်တစ်ပိုင်းကိုပဲသိရမှာပါ ဒါပေမယ့် တစ်တွဲထပြန်သွားတိုင်း အတွေးတွေကျန်ခဲ့ပါလိမ့်မယ် ငယ်ငယ်ကချစ်ခဲ့တဲ့ ငယ်ရည်းစားနဲ့အချိန်တွေကြာပြီးမှ ဒီဆိုင်လေးမှာ စကားပြောဖြစ်ခဲ့ရင် သင်တို့ရောဘာစကားတွေစပြောမလဲ? ဒီရုပ်ရှင်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

The Table (2016)

2016