Channel Myanmar

Jung So Min

Project Wolf Hunting (2022) 6.6
Project Wolf Hunting (2022) Project Wolf Hunting (2022)စကားများတာမကြိုက်ဘူး Action ဆိုဖိုက်မှကြိုက်တယ်ဆိုတဲ့သူတွေအတွက် ရူးသွားစေလောက်တဲ့ ရုပ်ရှင်တစ်ကားထွက်လာပြန်ပါပြီ Action ဆိုတာထက် survival လို့ပြောလို့လည်း ရပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ ထောင်သားတွေကို ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားကို ရွှေ့ပြောင်းတဲ့ သင်္ဘောပေါ်မှာ ထောင်ဖောက်မယ့် လူမိုက်တွေနဲ့ သူတို့မသိလိုက်ဘဲ သင်္ဘောပေါ်မှာပါလာတဲ့ မကောင်းဆိုးဝါးနဲ့ အကြိတ်အနယ်တွေ အသက်လုရမှာဖြစ်ပါတယ်နောက်ဆုံးအချိန်ထိ ပင်လယ်ရဲ့အလယ်ခေါင်မှာ ရပ်နေတဲ့ သင်္ဘောပေါ်ကလူတွေ လွတ်မြောက်နိုင်မလား အသက်ရှင်ကျန်တဲ့သူရှိမလားကိုတော့ ကြည့်လိုက်ကြပါဦးAction, Crime အမျိုးအစားဖြစ်ပြီးတော့ Seo In Guk, Jang Dong Yoon နဲ့ မူဒေါ့တဖြစ်လဲ Jung So Min တို့က အဓိကပါဝင်ထားပါတယ်သွေးထွက်သံယိုခန်းတွေအလွန်အကျွံသုံးထားသလို ဇာတ်ဝင်ခန်းတွေက အင်မတိအင်မတန်ကို ကြမ်းတမ်းပါတယ် တချို့အခန်းတွေမှာ မနှစ်မြို့စရာတွေပါတာကိုတော့ သတိပေးထားချင်ပါတယ်*** မွေးရာပါ နှလုံးရောဂါ ရှိသူများ၊ အသည်းငယ်တတ်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး ***အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, ...
movie

Project Wolf Hunting (2022)

2022
Homme Fatale (2019) 6.7
Homme Fatale (2019) Homme Fatale 2019 ဒီဇာတ်လမ်းမှာတော့ 2PM က Lee Joon-Ho ကို playboy အဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် ပျောက်ချက်သားကောင်းနေတဲ့ Mischievous Kiss က မမ Jung So-Min ကလည်း အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်   ဇာတ်လမ်းအကျဉ်း ဟောဆဲ့က ကချေသည်မိခင်က မွေးဖွားလာတဲ့ မျိုးရိုးနိမ့်တစ်ယောက်ပါ မိခင်ဆုံးပါးပြီးနောက် ကချေသည်အိမ်မှာပဲ ကချေသည်တွေကြားမှာ ကြီးပြင်းလာခဲ့တယ် ကချေသည်တွေကသာ သူ့ရဲ့ မိသားစုဖြစ်လာခဲ့တယ် တစ်ရက်မှာ ကချေသည်အိမ် အကြွေးနဲ့ သိမ်းခံရမယ့် အခြေအနေကိုရောက်လာတယ် ဟောဆဲ့လည်း မနေသာတော့ပဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာတဲ့အခါမှာတော့ ယောက်ျား ကချေသည်အဖြစ်နဲ့ မိန်းမတွေကို ဖျော်ဖြေရသူဖြစ်လာတယ် တကယ်က သူ့မှာ အရမ်းချစ်တဲ့ မိန်းကလေးရှိတယ် သူ့ရဲ့ ဒီလိုအခြေအနေမှာ သူချစ်တဲ့ကောင်မလေးနဲ့ နီးစပ်နိုင်ပါ့မလား သူတို့ရဲ့ အချစ်ကို ဘယ်လို ပုံဖော်ပြမလဲဆိုတာ  ဒီဇတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်File Size –  996MB Quality – 1080p ...
movie

Homme Fatale (2019)

2019
Twenty (2015)
Twenty (2015) ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ်ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး (Lee Jun Ho)၊ရိုးအပြီးဘာမှမသိရှာတဲ့ စာဂျပိုး ဂျောင်းဂျယ် (Kang Ha Neul)...ဇာတ်လမ်းကတော့ ရိုးရိုးလေးဆိုပေမယ့် လက်တွေ့ဆန်လွန်းလို့ တစ်ကားလုံး အခွီတွေချည်းပဲနော်...စကားအပြောအဆိုတွေနဲ့ တချို့အခန်းတွေက ++ လေးတွေပါပေမယ့်မထင်ထားတဲ့ဟာသလေးတွေနဲ့ တစ်ကားလုံးအူတက်အောင်ရယ်ရမှာပါ...ဒီကားကို နှစ်ခါလောက်ပြန်ကြည့်မိမယ်ဆိုတာ မှန်းရဲပါတယ် ကြည့်ပြီးနောင်တမရစေရပါဘူး...ကိုးရီးယားကားဆိုပြီး မိန်းကလေးတွေအကြိုက်လို့ပဲမထင်လိုက်နဲ့နော်..သိချင်ရင် ဒေါင်းကြည့်ကြနော်ဒီကားကြည့်ပြီး အမောပြေကြလိမ့်မယ်လို့ အာမခံပါတယ် ။( အညွှန်းနဲ့ဘာသာပြန်သူကတော့ Hnin Pale ဖြစ်ပါတယ် )[Unicode]ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ်ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး ...
movie

Twenty (2015)

2015
Golden Slumber (2018) 5.8
Golden Slumber (2018) Golden Slumber ဆိုတဲ့ဇာတ်​ကား​လေးက​တော့2018 မှာထွက်​ရှိတာတဲ့ Thriller/Action ဇာတ်​ကား​ကောင်း​လေးတစ်​ခုဖြစ်​ပါတယ်​။Rating ​တွေအ​နေနဲ့က​တော့ IMDb 5.8/10 Rotten tomatoes 71% ရရှိထားပြီး cast​တွေအ​နေနဲ့ Gang Dong Won နဲ့ Han Hyo Joo တို့အဓိကပါဝင်​ထားကြတာပဲ ဖြစ်​ပါတယ်​။နိုင်​ငံ​ရေး​လောကအ​ကြောင်း​တွေ နိုင်​ငံ​ရေးလှည့်​ကွက်​​တွေအ​ကြောင်း ကို​တွေ့ရမှာဖြစ်​ပြီး စွပ်​စွဲခံရတဲ့ လူငယ်​​လေးတစ်​​ယောက်​ရဲ့ မိမိရဲ့ ရိုးသားမှုကိုသက်​​သေပြဖို့ကြိုးစားပုံကို ​တွေ့မြင်​ရမှာဖြစ်​ပါတယ်​။ကိုယ်​ကလွဲရင်​ ဘယ်​သူ့ကိုမှယုံကြည်​လို့မရဘူးဆိုတာကိုဒီကား​လေးက​ပြောပြ​ပေးသွားမှာပါ။ကင်​ဂွမ်​ဝူးဟာ သာမန်​ပစ္စည်းပို့သမား​လေးဖြစ်​ပြီး ရိုးသားကြိုးစားပြီး သူတစ်​ပါးကိုလည်းတတ်​နိုင်​သမျှကူညီတတ်​သူတစ်​​ယောက်​ဖြစ်​ပါတယ်​။ကြင်​နာတတ်​ပြီး သူငယ်​ချင်း​တွေကိုလည်း အလွန်​သံ​ယောဇဉ်​ရှိသူဖြစ်​ပါတယ်​။အဆို​တော်​မ​လေးတစ်​​ယောက်​ကို အကြမ်းဖက်​မှုမှကယ်​တင်​ခဲ့ချိန်​မှစလို့ သူဟာ စံပြနိုင်​ငံသားဆုကို ရပြီးလူအများရဲ့စိတ်​ဝင်​စားမှုကိုရရှိခဲ့ပါတယ်​။ဒါ​ပေမယ့်​သူဟာ နိုင်​ငံ​ရေးသမား​တွေရဲ့ သား​ကောင်​ဖြစ်​​နေမှန်း သူ့ကိုယ်​သူမသိခဲ့ရှာပါဘူး။တစ်​​နေ့ သမ္မတ​လောင်းကိုယ်​စားလှယ်​ အသတ်​ခံရမှုမှာ မတရားစွပ်​စွဲခံရကာ ထွက်​​ပြေးတိမ်း​ရှောင်​​နေခဲ့ရပါတယ်​။ရိုးအတဲ့ ကင်​ဂွမ်​ဝူး တစ်​​ယောက်​ သူ့ရိုးသားမှုကို ပြန်​လည်​​ဖော်​ထုတ်​နိုင်​မလား၊​နောက်​ဆုံးမှာ အာဏာရှိသူကပဲ အနိုင်​ရသွားမလားဆိုတာ ​စောင့်​ကြည့်​ရမှာဖြစ်​ပါတယ်​။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Yin Wai Phyo ပါ) File Size : (850 ...
movie

Golden Slumber (2018)

2018
Daddy You, Daughter Me (2017) 7.0
Daddy You, Daughter Me (2017) ဒီကား​လေးက​တော့ အ​ဖေနဲ့သမီး ၇ရက်တာ စိတ်​​ပြောင်းသွားတဲ့အ​ကြောင်း​လေးကို ဂျပန်​ဝတ္တုတစ်​ပုဒ်​ကိုမှီငြမ်းပြီး ရိုက်​ကူးထားတာပါ။ ဖခင်​နဲ့ဆယ်​​ကျော်​သက်​အရွယ်​သမီးကြားက ဆက်​ဆံ​ရေးကိုရိုက်​ကူးထားတဲ့အတွက်​ ပျင်းစရာကြီးလို့​တော့မထင်​နဲ့​နော်​။ စိတ်​ချင်း​ပြောင်းသွားတဲ့ အဖြစ်​အပျက်​​လေးကို ဟာသ​လေးများနဲ့ ရယ်​​မောစရာရိုက်​ကူးတင်​ဆက်​ထားတဲ့ Drama,comedyကား​လေးမို့ အရမ်းကိုရယ်​ရပါတယ်​။ ဒိုယွန်း(Jung So Min)ကစာကျက်​ဖို့ပဲ​ပြော​နေတဲ့အ​ဖေ(Yoon Je Moon) နဲ့အဆင်​မ​ပြေတဲ့ အထက်​တန်း​ကျောင်းသူတစ်​​ယောက်​ပါ။ အဘိုးအိမ်​က​နေပြန်​တဲ့လမ်းမှာ သားအဖနှစ်​​ယောက်​စကားများကြရင်း ​နေရာချင်းလဲချင်​တဲ့အ​ကြောင်း​ပြောမိကြပါတယ်။ သူတို့​​ရဲ့စိတ်​ဆန္ဒ​တွေကို ဆု​တောင်းပြည့်​သစ်​ပင်​ကြီး​အောက်​မှာ​ပြောမိလို့ သူတို့စကား​တွေဟာ အတည်​ဖြစ်​လာခဲ့ပါတယ်​။ ဆက်​ဆံ​ရေးအဆင်​မ​ပြေ​ပေမယ့်​ ၇ရက်အတွင်းရန်​မဖြစ်​မှ ပုံမှန်​ခန္ဓာပြန်​ရမယ်​ဆိုတဲ့အဖိုးရဲ့စကား​ကြောင့်​ သားအဖနှစ်​​ယောက်​သင့်​သင့်​မြတ်​မြတ်​​နေကြရင်းဆယ်​​ကျော်​သက်​​ကောင်​မ​လေး ဒိုယွန်းတစ်​​ယောက်​ သူ့အ​ဖေခန္ဓာကိုယ်​နဲ့ ကုမ္ပဏီကိစ္စ​တွေကို ဘယ်​လို​ဖြေရှင်းမလဲ??? ဒိုယွန်းရဲ့ခက်​ခဲလှတဲ့စာ​တွေကို​ရော ဖခင်​ဝန်း​ဆောင်းထယ်​တစ်​​ယောက်​ အဆင်​​ပြေ​ပြေ​ပြေကျက်​မှတ်​နိုင်​ပါ့မလား??? သမီးကိုသူ့ထက်​ပိုချစ်​တဲ့သူရှိလာမှာစိုးရိမ်​​နေတဲ့ ဖခင်​ ဝန်း​ဆောင်းထယ်​တစ်​​ယောက်​ ဒိုယွန်းကြိတ်​ကြိုက်​​နေရတဲ့ စီနီယာနဲ့အဆင်​​ပြေပါ့မလား??? စတဲ့ဇာတ်​ဝင်​ခန်း​လေး​တွေကို ဟာသပြကွက်​​လေးနဲ့​ဖော်​ပြထားပြီး ဖခင်​နဲ့သမီးအကြားဆက်​ဆံ​ရေးကို ​ပေါ်လွင်​​အောင်​​ဖော်​ပြထားတဲ့အတွက်​အနှစ်​သာရရှိတဲ့ကား​လေးပါ။ ဒါ့အပြင်​ ဟန်​​ဆောင်​အနမ်းဆိုတဲ့ကား​လေးနဲ့ ပရိသတ်​ရင်​ခွင်​ထဲ​ရောက်​လာတဲ့ မင်းသမီး Jung So Min ရဲ့ကား​လေးမို့ So Min Fan​တွေအတွက်​ လက်​မလွှတ်​သင့်​တဲ့ဇာတ်​ကား​ကောင်း​လေးတစ်​ကားပါ (ဘာသာပြန်သူကတော့ ကြာဖြူလွင်ပါ)File Size : (850 MB) and (330 MB) Quality : ...
movie

Daddy You, Daughter Me (2017)

2017