Channel Myanmar

Justice Smith

Jurassic World: Fallen Kingdom (2018) 6.4
Jurassic World: Fallen Kingdom (2018) Jurassic World Fallen Kingdom (2018) ကယခင်ထွက်ရှိခဲ့တဲ့ 2015 Jurassic World ကားရဲ့ sequel ဖြစ်ပါတယ်။ယခင်သရုပ်ဆောင်တွေအပြင် cast အသစ်တွေပါ ပါဝင်အားဖြည့်ထားပါတယ်။ဒါရိုက်တာ J. A. Bayona ကရိုက်ကူးထားပြီးUniversal Pictures ကနေ ထုတ်လုပ်ဖြန့်ချိထားပါတယ်။ ဇာတ်လမ်းကိုတော့ ယခင်ကားအပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတည်ထားပါတယ်။အိုက်စလာနျူဘလာကျွန်းမှာ အသစ်ဖန်တီးလိုက်တဲ့အင်ဒိုမီးနပ်စ် ဒိုင်နိုဆောကြောင့် ဥယျာဉ်ကြီးလည်း ပျက်စီးပြီးဒိုင်နိုဆောတွေလည်း သူ့သဘာဝနဲ့သူ နေနေကြတယ်။ ကျွန်းပေါ်မှာ ငြိမ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မီးတောင်က ပြန်နိုးထလာလို့ ကျွန်းတစ်ခုလုံးပျက်စီးကိန်း စိုက်လာပါတယ်။တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကလည်း ဒိုင်နိုဆောတွေကိုကယ်တင်ပေးဖို့ ဆန္ဒပြတာတွေ ရှိသလို တစ်ဖက်မှာလည်းကယ်တင်လိုက်လို့ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိလာမှာကို ကြောက်နေကြတယ်။ လူသားတွေဆိုတာ လောဘနဲ့ စစ်နဲ့ကို ခွဲထားလို့ကို မရတဲ့မျိုးစိတ်တွေ ဖြစ်တဲ့အတွက်အဲဒီလို လောဘစိတ်က လူသားမျိုးနွယ်ကို ဘယ်လောက်ဒုက္ခပေးသွားသလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ယခင်ကားလိုပဲ သည်းထိတ်ရင်ဖိုတွေ စွန့်စားရတာတွေလှည့်ကွက်တွေနဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကား ဖြစ်တာမလို့ကြည့်ရှုလိုက်ကြပါဦး။ Rating ...
movie

Jurassic World: Fallen Kingdom (2018)

2018
4K HEVC
Dungeons & Dragons: Honor Among Thieves (2023) 7.5
Dungeons & Dragons: Honor Among Thieves (2023) Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie

Dungeons & Dragons: Honor Among Thieves (2023)

2023
4K HEVC
Sharper (2023) 6.5
Sharper (2023) Sharper (2023)ဒါရိုက်တာ Benjamin Caron ရိုက်ကူးပြီး Sebastian Stan နဲ့ မင်းသမီးကြီး Julianne Moore ပါဝင် သရုပ်ဆောင်ထားတဲ့ psychological thriller ဇာတ်ကားသစ် ရပါပြီ။ Justice Smith နဲ့ Briana Middleton တို့လည်း ပါပါသေးတယ်။ဇာတ်လမ်းတင်ဆက်ပုံကတော့ နည်းနည်းထူးခြားပါတယ်။ အစပိုင်းမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ တွန့်အကြောင်းပြထားပြီး စာအုပ်လာဝယ်တဲ့ ကျောင်းသူလေး ဆန်ဒရာနဲ့ ချစ်သူတွေ ဖြစ်သွားကြပုံကို ရိုက်ပြထားပါတယ်။တစ်နေ့တော့ ဆန်ဒရာက အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ ပိုက်ဆံလိုနေတဲ့အကြောင်း တွန့်ကို ပြောလာပါတယ်။ တကယ်တော့ ဆန်ဒရာက တွန်ထင်နေသလို စာကြမ်းပိုးလေး မဟုတ်ဘဲ အကြီးစား လူလိမ်တစ်ယောက်ပါ။နောက်တော့ ဆန်ဒရာ ဘယ်လိုလုပ်ပြီး လူလိမ်ဖြစ်လာလဲဆိုတာနဲ့ သူ့ကို အလိမ်အညာပညာရပ်တွေ သင်ပေးတဲ့ မက်စ်ဆိုတဲ့သူနဲ့ တွေ့ဖြစ်ကြပုံကို ရိုက်ပြထားပါတယ်။အဲဒီနောက်တော့ မက်စ်အကြောင်း၊ အဲဒီနောက် မက်စ်ရဲ့ဘဝထဲက မက်ဒလင်းအကြောင်းတွေကို တစ်ဆင့်ချင်းစီ ပြသွားပါတယ်။ပြောရရင် လှေကားထစ်တွေလိုမျိုး တစ်ဆင့်ချင်း တက်သွားတဲ့ ဇာတ်လမ်းပါ။ လှေကားထစ်တွေရဲ့ အဆုံးမှာ ဘာတွေ ...
movie

Sharper (2023)

2023
Jurassic World Dominion (2022) 5.9
Jurassic World Dominion (2022) Jurassic World Dominion (2022)ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီး ကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။ အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီး လူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင် ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်...ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့ အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 9.28GB | 2.6GB ...
movie

Jurassic World Dominion (2022)

2022
4K HEVC Web-DL
Ron’s Gone Wrong (2021) 7.2
Ron’s Gone Wrong (2021) Ron's Gone Wrongဒီတစ်ခါမှာတော့ မတွေ့မမြင်ရတာ ကြာပြီဖြစ်သလို Big Hero 6, The Mitchells vsThe Machines တို့လိုမျိုး လူသားနဲ့ စက်ရုပ်ရဲ့ ဆက်ဆံရေးကိုအခြေခံထားတဲ့Animation ဇာတ်ကားတွေဘက်ကို တဖန်ပြန်လှည့်ရအောင်ပါ။"ခင်ဗျားတို့တွေ အထီးကျန်တယ်လို့ ခံစားရဖူးလား""ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ"တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ သူငယ်ချင်းရှာဖို့ခက်တဲ့သူတွေအတွက်နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့bubble ဟာ bubble robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် "best friend"(အကောင်းဆုံးသူငယ်ချင်း) အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ tablet တွေထက်လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကိုသိမ်းယူပြီးတော့ bubble network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာနေပေး ကူညီပေး စကားပြောပေးတဲ့ ...
movie

Ron’s Gone Wrong (2021)

2021
HEVC 1080p 5.1
The Voyeurs(2021) 5.8
The Voyeurs(2021) ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ voyeur ကို အဘိဓာန်မှာတော့ "သူတစ်ပါး၏လိင်ကိစ္စကို တိတ်တခိုး ကြည့်ရှုရာ၌ နှစ်ခြိုက်မွေ့လျော်သူ"လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ အတွဲချောင်းတဲ့ကောင်ပေါ့ဗျာ။နာမည်အတိုင်းပဲ တစ်ဖက်အိမ်က ကိစ္စတွေကို စပ်စုကြတဲ့ အတွဲတစ်တွဲအကြောင်းပေါ့။"မိန်းမ၀တ် အတွင်းခံဘောင်းဘီတစ်ထည်"ဆိုတဲ့ မင်းခိုက်စိုးစန်ရဲ့၀တ္တုတိုတစ်ခုကိုတောင် ပြေးမြင်မိလိုက်သေးတယ်။သူရေးထားတာကျ သူ့အိမ်ကနေ မြင်နေရတဲ့ တစ်ဖက်အိမ်က အတွင်းခံတစ်ထည်အကြောင်း။ဒီမှာကျ တစ်ဖက်အိမ်က ကိစ္စဝိစ္စတွေ အကုန်ပေါ့။ဇာတ်လမ်းက ကြည့်ပျော်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ဒါကိုမှ မင်းသမီးလှလှလေးရဲ့ ဟိုအခန်းဒီအခန်းတွေ ပေါင်းပေးထားတော့ ပိုကြည့်ပျော်သွားတယ်။ဇာတ်လမ်းကလည်း နည်းနည်းထူးထူးဆန်းဆန်းဆိုတော့ ကြည့်ပျော်တယ်ဆိုပေမဲ့ စကီချောချောလေးရဲ့ အလန်းစား Sceneတွေကိုကြည့်ရမှာနဲ့တင် ဒီရုပ်ရှင်ဟာ တန်နေပါပြီ။လူဟာ သမ္မာရှစ်ပါးနဲ့ မပြည့်စုံသေးသမျှ ကာမတဏှာရှိကြတာပဲမဟုတ်လား။ထိန်းချုပ်မှုနဲ့ အထားအသိုမမှားဖို့တော့လိုတယ်။ဒီရုပ်ရှင်ဟာ ခင်ဗျားရဲ့ ကာမတဏှာကို သုံးသင့်တဲ့နေရာမှာ သုံးလို့ရနိုင်အောင် ထိန်းချုပ်တတ်စေဖို့ ပြောပြပေးတဲ့ ရုပ်ရှင်တစ်ကားပါပဲ။(ဘာသာပြန်သူတွေကတော့ The Pooh နဲ့ Y တို့ပဲဖြစ်ပါတယ်) File size…(1.6 GB)/ (850 MB)/ (400 MB) Quality…WEB-DL 1080p /720p ...
movie

The Voyeurs(2021)

All the Bright Places (2020) 6.5
All the Bright Places (2020) All the Bright Places (2020) IMDb - 6.5/10_____Rotten - 66% (Unicode)နုနုရွရွ ရိုမန်းတစ် ဇာတ်လမ်းလေးတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် ၂၀၂၀ ထွက် All the Bright Places ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်IMDb – 6.5/10 နဲ့ Rotten tomatoes – 75% ရရှိထားပြီးတော့ Elle Fanning နဲ့ Justice Smith တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးရဲ့အစကတော့ ဖင့်ချ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ တစ်မနက်မှာ တံတားပေါ်ပြေးနေတုန်းတံတားဘောင်ပေါ်မှာ မတ်တပ်ရပ်ပြီး တံတားအောက်ကို ငုံ့ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ် …ကောင်မလေးက သူတို့အတန်းထဲက ဗိုင််အိုလက် ဆိုတဲ့ကောင်မလေးပေါ့ …ဖင့်ချ်ဟာ ဗိုင်အိုလက် တံတားအောက် ခုန်ချမယ်အထင်ကြောင့်လားမသိ …အာရုံလွှဲဖို့ သူပါ တံတားဘောင်ပေါ် တက်လာခဲ့တယ်…သူတို့နှစ်ယောက်ရဲ့ ...
movie

All the Bright Places (2020)

2020
Pokémon Detective Pikachu (2019) 6.9
Pokémon Detective Pikachu (2019) CM Fan အားလုံး စောင့်မျှော်နေကြတဲ့ ချစ်ဖို့ကောင်းတဲ့ပီကာချူး လေး ရဲ့ ပိုကီမွန် ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ ဇတ်လမ်းပုံစံ ကတော့ တင်မ် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပိုကီမွန်ထရိန်နာ ဖြစ်ချင်နေသူပါ တစ်ရက်မှာတော့ တင်မ် ရဲ့ အဖေ ကွယ်လွန်သွားပြီလို့အကြောင်းကြားလာတာကြောင့် ရိုင်းမ်မြို့တော်ကိုထွက်လာခဲ့ပါတယ်... ပိုကီမွန် တွေ နဲ့ လူတွေ တစ်သားထဲ ရင်ဘောင်တန်းနေနိုင်တဲ့မြို့ဖြစ်ပြီး ပိုကီမွန်တွေကလဲ လူသားတွေ နဲ့ အလုပ်တူတူလုပ်ကြပါတယ် ဖခင်ဖြစ်သူ ရဲ့ အိမ်ကို ရောက်လာတဲ့ တင်မ် ဟာပီကာချူး နဲ့ အမှတ်မထင် တွေ့ဆုံကြရင်းပီကာချူး စကားပြောတာကို နားလည်ပြီးကြားနိုင်စွမ်းရှိတာတင်မ် တစ်ယောက်ထဲ ရှိတာကို သိသွားတဲ့ နောက်မှတော့တင်မ် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စမှာတင်မ် နဲ့ ပီကာချူး တို့ တွဲဖက်ညီညီ ပူးပေါင်းပြီးအဖြေရှာကြတဲ့ အခါမှာတော့.... ဒီဇတ်လမ်းဟာ ပီကာချူး မူလ Animation ကားတွေနဲ့မတူညီပဲ ကွဲထွက်နေမှာဖြစ်ပြီး ရသ ...
movie


2019
Every Day (2018) 6.4
Every Day (2018) Every Day (2018) IMDb - 6.4/10_____Rotten - 63%   မိုးလင်းတိုင်း ဘဝအသစ်တစ်ခုမှာ လူအသစ်တစ်ယောက်လိုနေ့တိုင်းနိုးထလာရတဲ့ .... နေ့တိုင်းနေ့တိုင်းဘဝအသစ်တစ်ခုမှာရှင်သန်ရင်း သူ့ကိုယ်တိုင်ဖြစ်တည်မှုကိုတောင် မေ့လျော့လုဆဲဆဲအချိန်မှာပဲ သူဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဂျပ်စတင် ရဲ့ချစ်သူ ရီအန်နွန်နဲ့ တွေ့ဆုံလာခဲ့ရတဲ့အခါ... နေ့တိုင်းခန္ဓာကိုယ်ပြောင်းလဲနေပေမယ့် မပြောင်းလဲတဲ့ သူ့အချစ်စိတ်ကို ရီအန်နွန် သိအောင်ဘယ်လိုထုတ်ပြမလဲ? ရီအန်နွန်ကရောဘယ်လိုတံုံ့ပြန်မှာလဲ? ဘာတွေဆက်ဖြစ်မှာလဲ?  ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ အားမလို အားမရမှုတွေ၊ကြည်နူးမှုတွေ စိတ်ခံစားချက်မျိုးစုံကိုခံစားရင်း အဆုံးထိဆွဲခေါ်ပေးသွားနိုင်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရိုးရိုးဇာတ်အိမ်တွေထဲကဖောက်ထွက်ထားတဲ့ ဒီကားသစ်လေးကတော့ Everyday (2018)ပါ။ Dramanကားကောင်းလေးတွေကြိုက်တဲ့CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မအေးမွန်ကျော် ပါ)     File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Aye Mon ...
movie

Every Day (2018)

2018