Channel Myanmar

Justin Benson

Something in the Dirt (2022) 6
Something in the Dirt (2022) Something in the Dirt (2022)Sci-Fi ဇာတ်လမ်းတွေကိုနှစ်သက်သူတွေ ကြည့်စရာဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ "Something in the Dirt" ပါ။ ဒီဇာတ်ကားက ကိုဗစ်၁၉ လော့ခ်ဒေါင်းကာလမှာ ဒါရိုက်တာအိမ်မှာပဲ လူဆယ့်နှစ်ယောက်လောက်နဲ့ရိုက်ကူးထားတာမို့ ဘတ်ဂျက်မူဗီအနေနဲ့ကတော့ တော်တော်အရည်အသွေးမှီတဲ့ဇာတ်လမ်း နဲ့ရိုက်ချက်တွေပါပဲ။ဒီကမ္ဘာကြီးမှာ ဘယ်သူမှမဖြေရှင်းနိုင်တဲ့ပဟေဋိတွေအများကြီးပါ ဥပမာ ကွင်းဆက်လူသတ်သမား ဂျက်ရစ်ပါကဘယ်သူလဲ JFK ကိုဘယ်သူသတ်တာလဲ ပိရမစ်တွေကဘာအတွက်ဘယ်လိုတည်ဆောက်ခဲ့လဲစသဖြင့်ပေါ့။ဒီဇာတ်လမ်းမှာတော့ လီဗိုင်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က အိမ်အသစ်တစ်ခုကိုပြောင်းလာပါတယ်။ သူကဘားမှာအလုပ်လုပ်သူဖြစ်ပြီး သူ့ဘဝကဘာမှအဓိပ္ပါယ်မရှိပဲလွင့်မြောနေသူ ဆိုပါတော့။ သူပြောင်းလာတဲ့တိုက်ခန်း၊ ဘာမှမရှိတဲ့တိုက်ခန်းထဲမှာ ဘာမှမထူးခြားတဲ့နေ့လည်ခင်းတစ်ခုမှာ အပေါ်ကပြောခဲ့သလိုမဖြေရှင်းနိုင်တဲ့ပဟေဋိမျိုးနဲ့ကြုံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့အိမ်နီးချင်းကလဲရှိနေတယ် ပြီးတော့ဒါကသရဲခြောက်တာလို့သူတို့ထင်တော့ သူတို့နှစ်ယောက်ပေါင်းပြီးဒါကိုမှတ်တမ်းဗီဒီယိုရိုက်မယ် ပြီးရင်နက်ဖလစ်မှာ ရောင်းစားကြမယ်ပေါ့။ ဒါပေမဲ့တကယ်တမ်းကျတော့ ဒါကသရဲခြောက်တာမဟုတ်ဘဲ သိပ်နက်နဲတဲ့ပဟေဋိဖြစ်နေတော့ အခုမှတွေ့တဲ့သူစိမ်းအိမ်နီးချင်းနှစ်ယောက် ဘာတွေများရှာတွေ့ဦးမလဲ သူတို့ရဲ့မှတ်တမ်းတင်ရုပ်ရှင်ကိုရော နက်ဖလစ်မှာ မကြာခင်ကြည့်ရတော့မလားဆိုတာ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror, Sci-fi Quality…. 1080p | 720p | 480p File size… Format… mp4 Duration….1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ...
movie

Something in the Dirt (2022)

2022
The Endless (2017) 6.8
The Endless (2017) IMDB 6.8 နဲ့ Rotten tomato 96% ရရှိထားတဲ့ဇာတ်ကားလေးပါ။Horror,Mystery ကားတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝအကြိုက်တွေ့မှာသေချာပါတယ်။ဂြိုလ်သားဝတ္ထုတွေနဲ့နာမည်ကြီးတဲ့စာရေးဆရာရေးထားတယ်ဆိုပေမယ့် ဂြိုလ်သားတစ်ခန်းမှမပါလိုက်တာတော့သေချာပါတယ်။လူတွေနဲ့ လူတွေအကြောင်းကိုပဲ ထူးထူးဆန်းဆန်းပုံစံမျိုး အလှည့်အပြောင်းလေးတွေနဲ့ပြထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်သားဖမ်းခံဖို့ စခန်းချသွားတဲ့သူတွေဆီက ထွက်ပြေးလာခဲ့တဲ့ Justin နဲ့ Aaron တို့ညီအစ်ကိုနှစ်ယောက် စိတ်ပိုင်းဆိုင်ရာကုသမှုတွေခံယူနေရာကနေ Aaron တစ်ယောက်သူကြိတ်ပြီးကြွေခဲ့ရတဲ့ စခန်းက Anna ရဲ့ Video ကိုတွေ့မိပြီးပြန်သွားချင်စိတ်ပေါက်လို့အစ်ကိုဖြစ်သူကပြန်လိုက်ပို့ပေးခဲ့ရပါတယ်။သူတို့ Acadia စခန်းကိုရောက်တဲ့အခါမှာတော့ သူတို့ထွက်လာတုန်းကအတိုင်းနုပျိုနေတဲ့ စခန်းကလူတွေကိုတွေ့ကြပြီးတော့.....(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Fantasy, Horror, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-FGT Translated by d3mon Encoded by Thanhtike ...
movie

The Endless (2017)

2017