Channel Myanmar

Kai Ko

Bad Education ( 2023 ) 6.1
Bad Education ( 2023 ) အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက်လုပ်ချင်တဲ့သူတွေများပါတယ်။ အထက်တန်းကျောင်းသားလေး(၃)ယောက်ဟာ သူတို့ရဲ့ အထက်တန်းကျောင်းဘွဲ့ရတဲ့ညကို ရူးရူးမိုက်မိုက်ဖြတ်သန်းခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ယုံကြည်ရတဲ့ညီကိုတွေဖြစ်ဖို့ လျှို့ဝှက်ချက်တွေဖလှယ်ကြမယ်ဆိုပြီး ကိုယ်လုပ်ဖူးခဲ့တဲ့အဆိုးဆုံးမကောင်းမှုတွေကိုတစ်ယောက်နဲ့တစ်ယောက် ပြောပြကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက်လူမဆန်တဲ့ လျှို့ဝှက်ချက်တွေကိုထုတ်ပြောကြတယ်။ နောက်ဆုံးကျောင်းသားလေးအလှည့်ရောက်တော့ သူလိမ်ပြောနေတာကိုသိသွားပြီး လူမိုက်တစ်ယောက်ကိုအိမ်သုတ်ဆေးတွေနဲ့ သွားပက်ခိုင်းကြတယ်။အဲဒီလိုနဲ့ (၃)ယောက်သား တစ်ညလုံး လူမိုက်တွေလိုက်တာခံကြရပါတော့တယ်။ ဒီကားလေးမှာ လူကောင်းလူဆိုးဆိုတာတွေဟာ ခွဲခြားမရနိုင်မကြောင်း မကောင်းတဲ့သူနဲ့နေပါများရင် မကောင်းတဲ့လုပ်ရပ်တွေကို လုပ်နိုင်သွားကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။ တစ်ချို့အခန်းတွေမှာဆင်ဆာမဖြတ်ထားတာမို့ သွေးစိမ်းရှင်ရှင်ထွက်တာတွေကို ကြောက်တဲ့သူတွေအနေနဲ့ ကြည့်ဖို့မသင့်တော်တာလေးကိုတော့ သတိပေးချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Bad Education ( 2023 )

Mama Boy (2022) 6.5
Mama Boy (2022) Mama Boy (2022)ရှောင်ဟုံဆိုတဲ့ကောင်လေး (တကယ်တော့ကောင်ကြီး)က အသက်သာ ၃၀ ကျော်တယ်၊ ဆေးပေးမီးယူ ကူဖော်လောင်ဖက် တစ်ယောက်မှမရှိ‌သေးတဲ့ ကောင်လေးတစ်‌ယောက်။ရုပ်ချောပေမဲ့ ဘာဆို ဘာမှမဘာဖူးတဲ့ ဒီကောင်လေးရဲ့ဘဝမှာ "မ" ဆိုလို့ အမေနဲ့ပဲရှိနေခဲ့တဲ့ မေမေ့အချစ်တော် မာမားဘွိုင်းလေးပေါ့။ဒီလိုမာမားဘွိုင်းလေးရဲ့ အသက် ၃၀ ပြည့်မွေးနေ့မှာ သူ့ဝမ်းကွဲအစ်ကိုရဲ့ မွေးနေ့လက်ဆောင်အမည်ခံ ညဉ့်ငှက်မယ်တွေနဲ့ပျော်ပါးဖို့ တွန်းတိုက်မှုကြောင့် ဟိုတယ်ကိုရောက်လာချိန်မှာတော့ ရှောင်ဟုံရဲ့ဘဝထဲကို အစ်မလဲ့လဲ့ဆိုတဲ့ ဟိုတယ်က တစ်ခုလပ် Single mother မမကြီး ရောက်ရှိလို့လာပါတော့တယ်။ဒီလိုမျိုး ရိုးသားတဲ့ဖိုးသခွား ရှောင်ဟုံတစ်ယောက် အစ်မလဲ့လဲ့ကို မေမေ့အထိန်းအချုပ်အောက်က‌နေ ဘယ်လိုချဉ်းကပ်သွားမလဲ?"You Are the Apple of My Eye " ဇာတ်ကားထဲက အချစ်ဦးနဲ့ဝေးခဲ့သူ မင်းသားချောလေး Kai Ko တစ်ယောက် ရှောင်ဟုံဇာတ်ကောင်နဲ့ရော အချစ်ဦးနဲ့ နီးစပ်နိုင်ပါ့မလား?。。。IMDb 6.4 ရထားတဲ့ ဒီငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်ဝမ်အချစ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ...
movie

Mama Boy (2022)

2022
Moneyboys (2021) 6.4
Moneyboys (2021) Moneyboys (2021)~ IMDb - 6.4/10, Rotten Tomatoes - 92% ~C.B. Yi လို့ခေါ်တဲ့ ထိုင်ဝမ်ဒါရိုက်တာတစ်ယောက်‌ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ နာမည်ကိုက Moneyboys ဆိုတော့ ဘာကားလဲတော့ သိပ်ပြောစရာမလိုလောက်ပါဘူး။ ယောက်ျားချင်း သာယာမှုယူရတဲ့ ယောက်ျားဂီဂလိုတွေရဲ့ ဘဝကို ပြထားတဲ့ကားကိုမှ BL ဆန်ဆန်ဇာတ်လမ်းရောထားတာပါပဲ။ ပုံမှန်ဆိုရင်တော့ ယောက်ျားပခြုပ်သည်ဆိုရင် ဘွားတော်ကြီးတွေနဲ့ ပတ်အိပ်ရတဲ့ဇာတ်လမ်းတွေကိုသာ အရိုက်များပြီး ယောက်ျားချင်းပခြုပ်သည်လုပ်တဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အတွက် ဒါဦးဆုံးပါပဲ။ကိန်းရုပ်ရှင်ပွဲတော်မှာတောင် အရွေးခံထားရတဲ့ကားဆိုတော့ Art House ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားကတော့ မြန်မာပရိသတ်တွေကြား နာမည်အကြီးဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်တဲ့ You are the Apple of My Eye က မင်းသားပါ။ ဒါရိုက်တာရော မင်းသားရော ဆုပေးပွဲတွေမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်မို့ မကောင်းမှာတော့ ပူစရာမလိုပါဘူး။ထိုင်ဝမ်က ယောက်ျားပခြုပ်သည်တွေ ဘယ်လိုအခြေအနေတွေနဲ့ ...
movie

Moneyboys (2021)

2021
Till We Meet Again (2021) 7.5
Till We Meet Again (2021) ယခုတစ်ခါမှာတော့ CM fan တွေအတွက် Till We Meet Again ဆိုတဲ့ Taiwan Movie လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက‌တော့ ဇာတ်လမ်းဇာတ်အိမ်လေးတစ်မျိုးဆန်းသစ်ပြီး IMDB rating လည်း 7.5 ထိ ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းရှီရှောင်လန်ဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့တယ် ခေါင်းကို မိုးကြိုးထိခဲ့တာကြောင့် သူ့ရဲ့မသေခင်က မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ ရှောင်လန်က ငရဲပြည်ကိုရောက်တဲ့အချိန်မှာ ပြန်လည်မွေးဖွားဖို့ မရွေးချယ်ဘဲ အချစ်နတ်ဘုရားအဖြစ် အလုပ်လုပ်ပြီး နောက်ဘဝ လူဖြစ်ဖို့ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ရွေးချယ်ခဲ့တယ်အချစ်နတ်ဘုရားရဲ့ တာဝန်ကတော့ လူနှစ်ယောက်ပေါင်းဖက်နိုင်အောင် ဖူးစာကြိုးနီလေး ချည်ပေးရမှာပါ လူနှစ်ယောက်ကို ဒီလို ဖူးစာဖက်ပေးဖို့အတွက် အချစ်နတ်ဘုရားတွေဟာ နှစ်ယောက်တစ်တွဲအလုပ်လုပ်ရတယ်ပင်ကီက ရှီရှောင်လန်ရဲ့ တွဲဖက်နတ်ဘုရားဖြစ်လာခဲ့ပြီး ရှောင်လန် လူပြည်မှာ ပထမဆုံးထမ်းဆောင်ရမယ့်တာဝန်က လူ့ဘဝမှာကျန်ခဲ့တဲ့ သူ့ချစ်သူအတွက် ဖူးစာဖက်ရှာပေးဖို့ဖြစ်နေခဲ့တယ် ရှောင်လန်တစ်ယောက် လူ့ဘဝရဲ့ မှတ်ဉာဏ်တွေ ပြန်ရသွားတဲ့အခါ...ပုံမှန်အချစ်ဇာတ်လမ်းတွေနဲ့ မတူ တစ်မိုထူးခြားပြီး Fantasy ဆန်ဆန်ရိုက်ကူးထားတာမို့ ရသတစ်မျိုး ကြည့်ရှု့ခံစားရမှာပါ ။( ဘာသာပြန်ပြီး ...
movie

Till We Meet Again (2021)

You Are the Apple of My Eye (2011) 7.7
You Are the Apple of My Eye (2011) (Zawgyi) အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်...ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်...ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ  တရားကျဖူးခဲ့ကြမယ်...အံ့သြစရာကတော့ ကြားဖူးသမျှနဲ့ ခံစားရတာက တခြားစီ ဖြစ်နေမယ်ဆိုတာပဲ....တကယ်တော့ အချစ်မှာ ရိုးသားဖြူစင်တာကလွဲလို့ ကျန်တဲ့ဘယ်ကဏ္ဍမှ မပါဘူးလို့ ဒီဇာတ်ကားလေးက သက်သေပြနေမယ်...တချို့ငြိမ်းချမ်းရေးတွေက ဆွေးနွေးစရာမလိုတဲ့အချိန်မှာ ရလိမ့်မယ်....ချစ်ခြင်းလဲအတူတူပါပဲ...သူ့အလိုလို နေရင်းထိုင်ရင်း တဖြေးဖြေးကျွံကျ နစ်ဝင်သွားတာမျိုး....သတိထားမိတဲ့အချိန်မှာ အချစ်ဆိုတာဘာလဲလို့ အဓိပ္ပါယ်ဖွင့်စရာမလိုအောင် ကိုယ်တိုင်က ချစ်ခြင်းဖြစ်နေလိမ့်မယ်...အပိုတွေကို သိပ်တော့လဲ အံ့သြစရာမရှိပါဘူး...စကားလုံးတွေကြား လူသားတွေညှပ်နေတာ ကြာခဲ့ပြီကော...ဒါပေမယ့် ဖြေသိမ့်စရာက ချစ်ခြင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ခံစားဖို့ ဒီလိုဇာတ်ကားလေးတွေ ကျန်နေသေးတယ်။ဒီဇာတ်ကားကို ဘယ်လိုမှ လက်လွတ်မခံပါနဲ့ မိတ်ဆွေ... ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်ရဖို့အခွင့်အရေးကို မိမိရရဆုပ်ကိုင်ထားပါ။IMDb Rating (7.7) ရရှိထားတဲ့ ထိုင်ဝမ်အချစ်ဇာတ်ကားစစ်စစ်လေးပါ။ (Unicode) အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်...ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်...ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ  ...
movie

You Are the Apple of My Eye (2011)

2011
HEVC 1080p 5.1
The Road to Mandalay (2016) 6.8
The Road to Mandalay (2016) The Road to Mandalay (2016) ---------------------------------------------------------------------------------- စာအုပ်တစ်အုပ်ကို ကာဗာ ကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ ဆိုတဲ့စကားတော့ တကယ်လက်ခံသွားပါပြီ ။ အမှန်အတိုင်းပြောရရင် JoJo က ဘာသာပြန်နေရင်းနဲ့ ဒီကားကောင်းကို သာမန်ပဲထင်ခဲ့တာပါ ။ မင်းသမီးကလည်း သိပ်မချောတော့လေ. .. (ဒါပေမဲ့ Google ခေါက်တော့မှ အထင်နဲ့အမြင်လွဲတာဆိုတာ ... ) ဒီကားလေးက The Lady ကားကိုထုတ်လုပ်ခဲ့တဲ့ Myanmar Montage Film Production ကပါ ။ နိုင်ငံတကာ ဆုပေါင်း (၁၉) ဆု ဇကာတင်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆု ၊ ထုတ်လုပ်ရေးဆု၊ အမျိုးသားဇာတ်ဆောင်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ပါတယ် ။ နည်းနည်းတော့ ဖြုံသွားပြီး ... အဲ့လောက်တောင်လားပေါ့ ? တကယ် အဲ့လောက်တောင်ပါ ... ဇာတ်လမ်းလေးက မြန်မာနိုင်ငံကနေ ထိုင်းဘက်ကို တရားမဝင်သွားရောက်နေထိုင် အလုပ်လုပ်ကိုင်တဲ့ အကြောင်းလေးပါ ။ မင်းသမီးက ရည်မှန်းချက်ကြီးတဲ့သူပါ။ ထိုင်းမှာ အလုပ်လုပ်ဖို့က အလုပ်ပါမစ်လိုပါသတဲ့။ အဲ့အလုပ်ပါမစ်အတွက် မင်းသမီးက အသေရရ အရှင်ရရ ကြိုးစားပါတော့တယ်။ သူ့ရည်မှန်းချက်က ...
movie

The Road to Mandalay (2016)

2016
A Choo (2020)
A Choo (2020) ချစ်ရတဲ့ မိန်းကလေးအတွက်စူပါဟီးရိုးကြီး ဖြစ်ပေးချင်တဲ့ ယောက်ျားလေးတွေရှိလားဗျချစ်ရတဲ့သူကို ကာကွယ်ပေးချင်တယ်စောင့်ရှောက်ချင်တယ်ဒီကမ္ဘာကြီးမှာ ကိုယ်က ဘာကောင်ကြီးမှ မဟုတ်ရင်နေပါစေချစ်ရတဲ့ မိန်းကလေးအတွက်ကတော့အားကိုးစရာ သူရဲကောင်းကြီး ဖြစ်ချင်ကြတဲ့ကျွန်တော့်လို လူမျိုးတွေပေါ့ဗျာဒါဆိုရင်တော့ ဒီကားလေးက ကျွန်တော်တို့နဲ့လုံးဝ တိုက်ဆိုင်နေတာမို့ ကြည့်စေချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့​မိဘမဲ့ဂေဟာမှာ တူတူကြီးပြင်းလာကြတဲ့ကောင်လေး နှစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်တို့ဟာတစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် သိပ်ကြီးကြတဲ့သူတွေပါအချိန်တန် အရွယ်ရောက်လာတဲ့အခါ​အဖြူရောင်သံယောဇဉ်ကြိုးက အရောင်တွေပြောင်းလဲ လာခဲ့တာပေါ့ပြောမယ့်သာပြောတာပါ ငတိနှစ်ကောင်ကပိစိဘဝတည်းက ကောင်မလေးကိုကြိတ်ကြွေနေခဲ့တာဗျပြီးတော့ ကောင်မလေး သဘောကျဖို့ကြိုးစားကြတဲ့ ဇာတ်လမ်းလေးပါအပိုဆောင်းပါတာကတော့ စူပါဟီးရိုးတွေပါစူပါဟီးရိုးတွေက လောကကြီးကို ကယ်တင်ခဲ့တာတွေကောင်မလေးက စူပါဟီးရိုးတွေကို သဘောကျတယ်ဒီလိုနဲ့ စူပါဟီးရိုးတွေနဲ့ ဘယ်လိုပက်သက်မိပြီးကောင်လေးတွေကရော ဘယ်လိုတွေကြိုးစားကြမလဲဆိုတာ ရိုက်ကူးထားတဲ့Drama/Fantasy ဇာတ်ကားလေးပါ​ကြည့်ရှူလိုက်ကြပါဦးReview and Translated by AmeliaEncoded by August
movie

A Choo (2020)

2020