Channel Myanmar

Kaitlin Olson

Leap Year (2010) 6.4
Leap Year (2010) သာမန်ချိန်မှာဆိုရင် ယောင်္ကျားလေးကပဲ ချစ်သူရည်းစားမိန်းကလေးကို လက်ထပ်ခွင့်တောင်းကြပေမယ့်Leap Year ရက်ထပ်နှစ်ရဲ့ Feb 29 ရက်နေ့မှာဆိုရင်တော့ မိန်းကလေးတွေကကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းလို့ရတဲ့အစဉ်အလာရှိပါတယ်။ဒီအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မင်းသမီး Amy Adams နဲ့ မင်းသား Matthew Goode တို့ရဲ့ Romance Comedy ရုပ်ရှင်လေး Leap Year (2010) ကိုခံစားကြည့်ရှုကြပါဦး။IMDb (6.4/10) ထိ ရရှိထားပြီး ဒီနေ့လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သေချာပေါက်ကြည့်သင့်ပါတယ်။အောက်မှာတော့ Ye Hut Khoung Wordpress ကကူးယူလာတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါလေး ရှိပြီးတော့ စပွိုင်လာတချို့ပါနိုင်ပါတယ်။+++++++++++++++++++++++LEAP YEAR (2010)◾ ဘော့စတွန် မြို့ကကောင်မလေးတစ်ယောက်။အိမ်ခြံမြေ အလုပ်မှာ အတော်လေး နေရာရပီး ဝင်ငွေ ကောင်းပြီး အလုပ်အကိုင် လည်း အရမ်းအဆင်ပြေနေတဲ့ မိန်းကလေး။ သူက ဖော်ရွေပြီး ချစ်စရာကောင်းတယ်။ သတ္တိလည်းရှိသလို တဇွတ်ထိုးလည်း ...
movie

Leap Year (2010)

Finding Dory (2016) 7.3
Finding Dory (2016) Finding Dory (2016) IMDb - 7.3/10_______Rotten - 94%  မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie

Finding Dory (2016)

2016
4K HEVC
Champions (2023) 6.7
Champions (2023) Champions (2023) ================ IMDb Rating - 6.7/10 Comedey, Drama, Sportဒီဇာတ်လမ်းလေးကတော့ Basketball ကိုကျောရိုးယူထားပြီး ကြည့်နေတဲ့သူတွေကိုပါ ဟာသဆန်ဆန်နဲ့ စိတ်ကြည်နူးမှုလေး ကို ခံစားစေနိုင်တဲ့ Sportဇာတ်လမ်းလေးကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာတော့ Now You See Me, Vernon, The Hunger Games စတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Woody Harrelson က နည်းပြ Marcus Marakovich အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့.. Marcus Marakovich ဟာကစားသမားတွေကို လက်ရွေးစင် အသင်းအထိရောက်အောင် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်း ရှိတဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ကစားပွဲတွေအတွက် ကစား နည်းပုံစံတွေကိုသာ အာရုံစိုက်လေ့ရှိပြီး အသင်းသားတွေကိုတော့ စိတ်ထဲတောင်မထားတဲ့သူပေါ့။ ဒီလိုလူကတစ်နေ့မှာတော့ အရက် မူးမူးနဲ့ကားမောင်းရင်း ရဲကားတစ်စီးကိုတိုက်မိသွားပါတယ်။ တရားရုံးကသူ့ကို ဉာဏချို့တဲ့နေတဲ့ အသင်းသားတွေကို ရက် ၉၀ ကြာ နည်းပြအဖြစ်လေ့ကျင့်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသင်းသားတွေကို ဂရုမစိုက်တတ်တဲ့ Marcus တစ်ယောက်က တော့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တဲ့ အသင်း သားတွေနဲ့ စိတ်ပျက်နေခဲ့ပါတယ်။ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် သူ့အသင်းသားတွေက ထင်ထား တာထက် ပိုပြီးလုပ်နိုင်စွမ်းရှိတာကို သူသတိထားမိလာပါတယ်။ နည်းပြနဲ့အသင်းသားတွေကြားက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူတဲ့ပုံစံတွေ ...
movie

Champions (2023)

2023
It’s a Wonderful Binge (2022)
It’s a Wonderful Binge (2022) It's a Wonderful Binge (2022)Holiday Comedy အမျိုးအစား​လေးဖြစ်ပြီး Heavy မဟုတ်ပဲ ပေါ့​​ပေါ့ပါးပါး​ ကြည့်ရတာကြိုက်တယ့် ညိုကီတို့အတွက် Recommend ​ပေးပါတယ် ။အရက် မူးယစ်​ဆေး ​သောက်စားတာ ဒုစရိုက်မှုတစ်ခုလို ဖြစ်​နေတဲ့ကမ္ဘာမှာ မူးမူး ကွဲကွဲ ပြဲပြဲ လုပ်ချင်တာလုပ်လို့ရတဲ့ The Binge ပွဲရိုးရာ ခရစ္စမတ်​နေ့မှာ​...​ရှေးရိုးစွဲ အ​မေနဲ့ ​ထောင်​ပြေးဦး​လေးတို့ ရဲ့ သမီး တူမ Kimmi,မျိုးရိုးတစ်ခုလုံး ​​မွေးစားခံရတာနဲ့ တည်​ဆောက်ထားတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ Sarah,Sarah ကို လက်ထပ်ခွင့်​တောင်းဖို့ စီစဥ်ရင်း လက်စွပ်​ပျောက်သွားတဲ့ Hag,အ​ဖေနှစ်​ယောက်နဲ့ အ​မေတစ်​ယောက်တို့ရဲ့ သား Andrew တို့ရဲ့ကြုံ​တွေ့ရမယ့် ပြဿနာ​တွေကို ဟာသဆန်ဆန် ရိုက်ထားတာ​လေးကို ကြည့်ရင်း ရီရီ​မော​မောပဲ ဖြတ်သန်းရမှာ ​သေချာ​ပေါက်ပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB နဲ့ Tissue တို့မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

It’s a Wonderful Binge (2022)

2022
Vacation (2015) 6.1
Vacation (2015) ဒါကတော့ Comedy ဇာတ်ကဟောင်းလေးပဲဖြစ်ပါတယ်။ကြည့်ဖူးတဲ့သူတွေလည်းရှိမှာပါ။မိသားစုတစ်သိုက် ခရီးထွက်ရင်းအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့တာကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်မင်းသားကလည်း Hangover ထဲမှာပါဝက်ခဲ့တဲ့ Ed Helms ပဲဖြစ်ပါတယ်။ဒါ့အပြင် Thor မင်းသား Chris Hemsworthပာဝင်ပြောင်ထားပာသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုတွင်းသိပ်မနွေးထွေးတာကိုတွေ့နေရတဲ့ ဖခင်ဖြစ်သူ လေယာဉ်မှူးတစ်ယောက် နွေရာသီအားလပ်ရက်မှာမိသားစုလိုက် Road Trip ထွက်မယ်ဆိုတာကစတာပါပဲ။လမ်းတျောက်လျောက် စထွက်ကတည်းကကိုတက်လိုက်တဲ့ပြသနာတွေဟာ ခရီးဆုံးထဲထိကိုမပြီးပါဘူး။အရင်က Comedy ဇာတ်ကားဟောင်းတွေကိုကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 39min Format : Mp4 Genre : Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Vacation (2015)

2015
The Heat(2013) 6.6
The Heat(2013) The Heat(2013)IMDb....6.6ဒီတစ်ခါတော့ 21 Jump Streetတို့ 22 Jump Streetတို့လို ရယ်ရတဲ့ အသွင်ယူမူးယစ်ဆေးစုံစမ်းတဲ့ ရဲစုံထောက်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲက Main Castတွေကတော့ မကြာသေးခင်က အရမ်းအောင်မြင်ခဲ့တဲ့ Bird Boxထဲက မင်းသမီးကြီး Sandra Bullockနဲ့ Spy(2015)မှာ အူတက်အောင်ရယ်ရခဲ့တဲ့ Mellisa Maccathy ပါ။.Sandra Bullockရဲ့ ဇာတ်ကောင် Asburnဟာ တော်ပေမဲ့ ထက်မြက်တဲ့မိန်းမသိပ်လုပ်ချင်တဲ့ စာအုပ်ကြီးသမား Agentတစ်ယောက်ဖြစ်ပြီး ရာထူးတက်ဖို့အလို့ငှါ မူးယစ်ဆေးဘုရင်တစ်ယောက်ကို ဖမ်းဖို့အတွက် Mullinsဆိုတဲ့ လူမှန်လူဖြောင့် ဇွတ်တရွတ်လုပ်တတ်တဲ့ ရဲစုံထောက်မနဲ့ တွဲလုပ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီကားမှာ လုံးဝကို စာအုပ်ကြီးအတိုင်းလုပ်တတ်တဲ့အေးဂျင့်မတစ်ယောက်နဲ့ စည်းတွေဘောင်တွေ မရှိတဲ့ ရဲမေတစ်ယောက်ရဲ့ အတွဲမညီတဲ့ ဗရုတ်သုတ်ခ အမှုလိုက်ခြင်းတွေကို ကျွန်တော်တို့ ကြည့်ပြီး နင်းကန်ရယ်ကြရမှာပါ။ဟာသကားဆိုပေမယ့် သူတို့ (၂)ယောက်လုံးဟာထက်မြက်တဲ့အရည်အချင်းကိုယ်စီရှိကြလို့ငပေါကားမဟုတ်ဘူးဆိုတာလေးကိုသတိချပ်စေချင်တယ်.... ဟာသကားမျိုးလည်းသဘောကျတယ် ..မှုခင်းစုံထောက်လိုမျိုးတွေလည်းနှစ်ခြိုက်တယ်ဆိုရင်တော့ ဒေါင်းကြည့်သင့်ပါကြောင်း.....IMDB 6.6 ရထားပြီး စကားလုံးတစ်ချို့ ဟာသတစ်ချို့က R rate ရထားတာလေးတော့တော့ သတိပြုစေချင်တယ်။ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung မှရေးသားပေးထားပါတယ်....File Size : (952 MB) and (378 MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre : ...
movie

The Heat(2013)

2013
Arizona 5.7
Arizona  CM Fan တွေ အတွက် ဒီတစ်ခေါက်မှာတော့မတင်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ဆိုက်ကို လူသတ်သမား ရုပ်ရှင်ကားလေးပါဇတ်လမ်းပုံစံကတော့ ခေတ်မှီတိုးတက်လာတဲ့ လူနေမှု စနစ် မှာသိသိသာသာ ဂျင်းထည့်နေတဲ့ အိမ်ခြံမြေ ပွဲစားတွေ အကြောင်းပါတိုးချဲ့ မြို့သစ် တစ်ခုမှာ အိမ်စျေးတွေ တက်လာမယ် ခြံစျေးတွေတက်လာမယ်ဆိုပြီး ဂျင်းလိုက်ထည့်နေတဲ့ ကတ်ဆီ ဆိုတဲ့အိမ်ပွဲစားမလေး ရှိပြီး သူကိုယ်တိုင်ကလဲ အိမ်ပွဲစားမဖြစ်ခင်အိမ်ပွဲစား လူလည်တစ်ယောက်ဖြစ်သူ သူ့သူဌေးဆီက ဂျင်းမိပြီးမဖြစ်ထွန်းတဲ့ ခေါင်တဲ့ မြို့မှာ အိမ်ဝယ်မိသူ တစ်ယောက်ပါလောလောဆယ် လတ်တလော အကျွေးတွေ ပိပြီး သမီးတစ်ယောက်ရှိတဲ့အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်ပေါ့.... Phone အားကုန်နေပြီလား XP Power Bank ရှိတယ်... သူ ဂျင်းထည့်ခံရသလို သူများကိုလဲ ဂျင်းလိုက်ထည့်တဲ့ ပညာကိုကတ်ဆီ တစ်ယောက် ရရှိသွားပြီး သူ့သူဌေး နဲ့ ပေါင်းကာပိုက်ဆံရှိသူတွေကို မက်လုံးပေး ခေါင်တဲ့နေရာက အိမ်ခြံမြေတွေကိုမတန်တဆ စျေးတွေနဲ့ ရောင်းထုတ်ခဲ့ပါတယ်...တစ်ရက်မှာတော့ သူတို့ ဂျင်းထည့်ခဲ့တဲ့ Customer တစ်ဦး ဖြစ်သူမော်ရမ် မှ ကတ်ဆီ ရဲ့ သူဌေး ...
movie

Arizona

2018
Coyote Ugly(2002) 5.6
Coyote Ugly(2002) Coyote Ugly(2002) IMDb....5.6 ဒီဇာတ်ကားက imdb rating က အားရချင်စရာတော့မရှိဘူး...သို့ပေမယ့် စာရေးဆရာမ ဂျူးရဲ့ မောင်တို့ယောင်္ကျားတွေ ဆိုတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါးထဲမှ ဒီကားအကြောင်းလေးဖတ်ပြီး လုပ်ဖြစ်သွားတာပါ....ဆရာမဂျူး ကတော့ ဒီကားရဲ့ လှပမှုတွေကိုအသေးစိတ်ရေးသားထားခဲ့ပါတယ်.....ပြသချိန် ၁နာရီ ၄၀မိနစ်မှာ ဖခင်နဲ့သမီးရဲ့ ချစ်ခြင်း၊သူငယ်ချင်းမိတ်ဆွေရဲ့ ချစ်ခြင်း၊ ဘ၀လက်တွဲဖော်ရဲ့ကူညီဖေးမမှုစတာတွေကို ဖော်ကျူးနိုင်သလို ကိုယ့်ရည်မှန်းချက် တစ်ခုအတွက် ကြိုးစားခဲ့တဲကောင်မလေးတစ်ယောက် စတဲ့ အကြောင်းတွေကို လှလှပပလေးရိုက်သွားနိုင်တယ်လို့ဆိုပါတယ်... ဆရာမဂျူးညွန်းဆိုရလောက်အောင် ဒီကားက လှပချစ်စရာကောင်းလှပါတယ်.. သီချင်းရေး ဆရာမလေး ဖြစ်ချင်တဲ့ ဗိုင်အိုလက်ဟာ နေရာဒေသကို စွန့်ခွာပြီး နယူးယောက်မြို့တော်ကြီး သို့ စွန့်စားထွက်ခွာခဲ့သည်။ ဤသို့ ထွက်ခွာသည်ကို အဖေဖြစ်သူက မနှစ်သက်သော်လည်း မတားခဲ့ပေ။ ဗိုင်အိုလက်သည်လည်း မြို့သို့ ယုံကြည်မှု အပြည့်ဖြင့် ထွက်ခွာခဲ့သော်လည်း မြို့ကြီးပြကြီးတွင် မလယ်ဝယ်သူ တစ်ယောက်အဖြစ် ကျင်လည်နေရကာ အရာရာ အဆင်မပြေ ဖြစ်ခဲ့သည်။ ထို့ထက်ဆိုးသည်ကား ပါလာသော ငွေသားလေးများ အခိုးခံရခြင်း ဖြစ်သည်။ စိတ်ဓာတ်ကျကျဖြင့် ဆိုင်တစ်ဆိုင်ဝင်ထိုင်ရင်း ၀ံပုလွေမလေးများဟု နာမည်ကျော်သော မိန်းကလေးများနှင့် စပ်ဟပ် မိရာက အလုပ်တစ်ခု ရခဲ့သည်။ ထို့ပြင် နယူးယောက် ...
movie

Coyote Ugly(2002)

2000