Channel Myanmar

Kaity Nguyễn

The Last Wife (2023) 6.2
The Last Wife (2023) The Last Wife (2023) (IMDb 6.2/10)ဒီတစ်ခါ အာရှရုပ်ရှင်ပရိသတ်ကြီးအတွက် ငယ်ငယ်တုန်းက သနားစရာထိုင်းကားတွေ ဖိလစ်ပိုင်ကားတွေလိုမျိုး သနားဖို့အရမ်းကောင်းပြီး မျက်ရည်တွေဘူးသီးလုံးလောက်ကျရမယ့် ဗီယက်နမ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ကေတီငုယင်လို ဗီယက်နမ်ရဲ့တက်သစ်စ မင်းသမီးချောလေးက ဦးဆောင်ပါဝင်ထားပြီး ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ရင်းနဲ့ မင်းသမီးလေးကို သနားရမဲ့ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လင်းက ဂဏန်းရွာလို့ခေါ်တဲ့ရွာလေးက ဆင်းရဲတဲ့ရွာသူလေးတစ်ယောက်ပါ တစ်နေ့ကျတော့ သူ့ကို နယ်စားမင်းက တတိယဇနီးအဖြစ် မယားငယ်ထားဖို့ဆိုပြီး အခမ်းအနားနဲ့လာခေါ်သွားပါတယ်... ဒီလိုလာခေါ်သွားတာ လင်းလေးက ဥစ္စာမက်လို့လား နယ်စားမင်းကိုပဲတကယ်စုံမက်လို့လား ဘယ်သူမှတော့ သေချာမသိပါဘူး အဲ့လိုနဲ့ ညားခါစမှာတော့ နယ်စားမင်းနဲ့သမီးတစ်ယောက် ထွန်းကားခဲ့ပေမယ့် ၇ နှစ်ကြာတဲ့ထိ သားလေးမရခဲ့ပါဘူး အဲ့အချိန်မှာ လင်းရဲ့ချစ်သူဟောင်း အာနန်က ရွာကိုပြန်ရောက်လာတဲ့အခါမှာ အတိတ်ကအကြောင်းတွေလည်း အဟောင်းတွေအသစ်ဖြစ်ပြီးတော့ လင်းတို့ချစ်သူနှစ်ဦး ပြန်ပေါင်းဖက်နိုင်မလားဆိုတာတော့.... ဇာတ်လမ်းလေးကရိုးရှင်းသလိုဖြစ်နေပေမယ့် မြှပ်ကွက်တွေနဲနဲတော့ပါတဲ့အပြင် ဇာတ်ကလေးကလည်း အရမ်းနာလို့ သနားတတ်သူများ မျက်ရည်လွယ်သူများ တစ်ရှူးဆောင်ရင်းကြည့်ပါလို့ အကြံပေးရင် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p | 720p File size… ...
movie

The Last Wife (2023)

2024
Girl From The Past (2022) 6.6
Girl From The Past (2022) Girl From The Past (2022)(1080p ရပါပြီ)Plotအမျိုးမျိုးနဲ့ ကြည့်ရှုသူကို တွေးစရာတွေအများကြီးပေးမယ့် စိတ်ရောဂါအခြေပြုထားတဲ့ Dramaဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဒီကားကိုကြည့်ရင်းနဲ့ "မိုးညအိပ်မက်မြူ"ရုပ်ရှင်ရော ဝတ္ထုကိုရောအမှတ်ရသွားမယ်လို့ပြောနိုင်ပါတယ်။ ဇာတ်လမ်းကို ကြိုတွေးလို့မရအောင်ကိုရိုက်ကူးပြထားပြီး တစိမ့်စိမ့်ကြည့်ရင်းအဆုံးရောက်မှသာ ဇာတ်ရည်လည်သွားရမှာမျိုးပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ ...တစ်ကောင်ကြွက်ဖြစ်သူ ကွေ့ယန်ဟာ ငွေရှာဖို့အတွက် စံအိမ်ကြီးတစ်ခုမှာ အိမ်ဖော်အဖြစ်အလုပ်ဝင်လုပ်ရင်းစခဲ့တာပါ။ အဲ့ဒီမှာပဲ အိမ်ပြေးလေး ယန်ဆိုတဲ့သူလေးနဲ့ တွေ့ခဲ့ပြီး သူဟာကွေ့ယန်ကို တအားတွယ်တာသူ၊ စောင့်ရှောက်ချင်သူပါ။အိမ်ရှင်သူ‌ဌေးရဲ့သားဖြစ်သူဟာ ဆိုးသွမ်းနေရင်း နောက်ဆုံးကြံရာမရ အဖေအရင်းကိုသတ်ဖို့လုပ်ရာမှာ ကွေ့ယန်တို့နှစ်‌ယောက်လည်း ဝင်ကယ်ဖို့လုပ်‌ပေမယ့် အခါနှောင်းကာ သူဌေးလည်းသေ စံအိမ်လည်း မီးလောင်သွားပါတော့တယ်။ရဲအဖမ်းခံရမယ့်ဆဲဆဲ ဘဝပေးအခြေအနေအတိုင်း သွေးသားမတော်စပ်တဲ့ ညီအစ်မနှစ်ယောက်ရဲ့ ရှင်သန်ဖို့ကြိုးစားခဲ့ရပုံ၊ ကိုယ်စီကိုယ်စီ ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းကြပုံတွေကို တွေးတောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 1.2GB, 474MB, 252MB Quality        ...
movie

Girl From The Past (2022)