Channel Myanmar

Kalabhavan Shajon

Aattam (2023) 8.5
Aattam (2023) Aattam (2024) ပြဇာတ် IMDb 8.5/10အဖွဲ့သားတွေတစ်စုတစ်စည်းနဲ့ အောင်မြင်မှုတွေဆွတ်ခူးကြတဲ့ ပြဇာတ်အဖွဲ့သားများ နိုင်ငံခြားသားတွေတောင်သဘောကျလို့ ချီးကျူးသံတွေကြားဝေဝေဆာနေတာပေါ့ အကြောင်းကတော့ ဒီ၁နှစ်နေမှ ၃ပွဲလောက်ကရတဲ့အဖွဲ့ထဲ ရုပ်ရှင်မင်းသားတစ်ယောက်ရောက်လာလို့ပါအမာခံပရိသတ်တွေကြားရေပန်းစားလာတော့ ပြဇာတ်ထဲရောက်တာ၂နှစ်ပဲကြာသေးပေမဲ့ သူ့ကိုခေါင်းဆောင်မင်းသားတင်လိုက်ပါတယ် ဒီပြဇာတ်ထဲမှာ ၁၄နှစ်လောက်နေလာတဲ့လူကိုတော့ ဟီးရိုးနေရာမပေးလို့တင်းတဲ့လူကတင်းပေါ့ ဒီလိုနဲ့ အအောင်မြင်ဆုံးပြဇာတ်ကပြီး နိုင်ငံခြားသားစုံတွဲကသဘောကျသွားလို့သူတို့အိမ်ဆီ တစ်ဖွဲ့လုံးကိုအလည်ဖိတ်ခဲ့တယ် အဖွဲ့လိုက်ရောက်သွားတဲ့ ဒီပါတီမှာမူးတဲ့လူကမူး ရူးတဲ့လူကရူး နဂိုတည်းကတင်းနေတဲ့ ကောင်ကတင်းဆိုတော့ထင်မထားတဲ့ဘယ်လိုပြဿနာတွေကြုံကြမလဲ ငွေနဲ့တရားမျှတမှုကြား ဘာတွေကအနိုင်ရမလဲဆိုတာတော့ ....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ ပဲဖြစ်ပါတယ်) File size…2.33GB  / 982MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ
movie

Aattam (2023)

2023
Kaduva (2022) 6.3
Kaduva (2022) ဒီတစ်ခေါက်မှာတော့ အားလုံးစောင့်မျှော်နေကြပြီး မင်းသားPrithviraj Sukumaranပါဝင်သရုပ်ဆောင်ထားပြီး မင်းသားVivek Oberoiပါဝင်အာားဖြည့်ထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။“ကျား” လို့အဓိပ္ပါယ်ရတဲ့အမည်နဲ့ ကတ်ဒူဗာ ကူရီရာချန်ဟာ မဟုတ်မခံစိတ်ရှိသူတစ်ယောက်.. အမှန်တရားဘက်ကအမြဲရပ်တည်ပေးတတ်သူ...ပါလာမြို့တစ်မြို့လုံး ကလေးအစ လူကြီးအဆုံး မသိသူမရှိတဲ့ သူရဲကောင်းတစ်ဦးပါ။တစ်နေ့မှာတော့ အကျင့်ပျက်တဲ့ ဖာသာတစ်ဦးကို ပညာပေးဖို့အကြောင်းဖန်လာခဲ့ရင်း မြို့မှာတာ၀န်ကျနေတဲ့ ရဲအရာရှိ ဂျိုးဆက်ချန်ဒီနဲ့တွေ့ဆုံအချင်းများကြတဲ့အခါ သူတို့နှစ်ဦးကြားမှာ အငြိုးအတေး အဖုအထစ်တွေရှိလာပါတော့တယ်...။အငြှိုးထားတတ်တဲ့အရာရှိဂျိုးဆက်တစ်ယောက် ကူရီရာချန်အပေါ် ဘယ်လိုလက်စားချေမှာလဲ...။ ရန်ပွဲတစ်ခုကနေအစပြုခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဘယ်သူကများ အနိုင်ရသွားမလဲ... မတရားမှု‌ တွေအတွက်ကော အမှုမှန်ပေါ်ပေါက်လာမှာလား ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ရင်ခုန်ရမှာပါ။ File size…2.8GB / 1.4GB Quality…1080p TRUE WEB DL AAC5.1CH  / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Thet Ko ~ Oeliuj~ Honeyey ~ Yunni ~ Kevin Ag
movie

Kaduva (2022)

2022
Night Drive(2022) 7.0
Night Drive(2022) Night Drive(2022) အညွှန်း*************************IMDb...7.0မှောင်ခိုမှုနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာဂျန်ကူရက်ဆိုသူဟာ NIA မှာ စစ်ဆေးခံခဲ့ရတယ်။နောက်နေ့မနက်မှာ သူ့ကို လာဖမ်းမယ်ဆိုတဲ့ သတင်းကြားပြီးနောက် ရွှေတွေကိုနေရာရွှေ့ဖို့ စီစဉ်ခဲ့တယ်။ ရိုးသားတဲ့ တက္ကစီသမားလေး ဂျော်ဂျီဟာသူ့ချစ်သူ သတင်းကြေညာသူလေးရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ညဘက်မှာ ကားတူတူပတ်မောင်းဖို့ ထွက်ခဲ့တယ်။အဲ့ညမှာ ဝန်ကြီးရဲ့ ရွှေမှောင်ခိုအမှုနဲ့ ပတ်သက်တဲ့သူကိုသူတို့ ကားတိုက်မိသလို ဖြစ်ပြီး ပြဿနာမျိုးစုံတက်ပါတော့တယ်...တစ်ဘက်မှာ အင်အားကြီးမားတဲ့ လူဆိုးဂိုဏ်းနဲ့  ရဲတွေအကြားသူဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့....  File Size :(1.4GB) (737MB) and (309 MB) Quality : WEB-DL1080P5.1CH, 720p Format…mp4 Duration…01:56:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae 
movie

Night Drive(2022)

Keshu Ee Veedinte Nadhan (2021) 5.4
Keshu Ee Veedinte Nadhan (2021) Keshu Ee Veedinate Nadhanဒီတစ်ခေါက်မှာတော့ comedy-drama အမျိုးအစား Tamil movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ငွေဆိုတာ ဒုတိယဘုရားသခင်ပဲလို့ သတ်မှတ်တဲ့သူရှိသလို ငွေထက် အရေးပါတဲ့အရာတွေများတယ်လို့ သတ်မှတ်တဲ့သူတွေလည်း ဒုနဲ့ဒေးရှိကြပါတယ်။ ဒီကားလေးမှာတော့ အသက် ၆၀ အရွယ်Keshu ဆိုသူဟာ ကားမောင်းသင်တန်းပိုင်ရှင်ဖြစ်ပြီး သားသမီး ၂ ယောက်ရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ဖြစ်ချင်တော့ မိဘတွေရဲ့ အမွေခွဲဝေတာနဲ့ ပတ်သက်ပြီး ညီမတွေရယ် သူတို့ရဲ့ ခင်ပွန်းတွေရယ်နဲ့ ဇာတ်ရှုပ်တွေဖြစ်လာပြီး မိသားစုလိုက် အားလုံး ဘုရားဖူးခရီးထွက်ဖို့ ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲဘုရားဖူးခရီးသွားဖို့လုပ်တုန်း Keshu ဟာ ထီပေါက်တယ်လို့ ကြားသိလိုက်ရပါလေရော။ဒီလိုနဲ့ Keshu တစ်ယောက် ထီပေါက်တယ်လို့ ကြားသိရတဲ့အခါမှာ ထီဆုငွေကအများကြီးရလား ရရဲ့သားနဲ့ မရဘူး ဖြစ်မလား...မောင်နှမတွေနဲ့ အမွေခွဲဝေဖို့ ဇာတ်ရှုပ်ကရော ဘယ်လိုဖြစ်သွားမလဲ....ငွေက လူကို အရောင်ဆိုးမှာလား....ဟာသနှောပြီး ပညာပေးရောတဲ့ ဒီဇာတ်ကားလေးကိုတော့၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ...
movie

Keshu Ee Veedinte Nadhan (2021)

2021
Drishyam ( 2013 ) 8.3
Drishyam ( 2013 ) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ၂၀၁၃တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီး ဇာတ်ကားပါ IMDb လည်း 8.3 ရရှိထားပါတယ်တော်တော်များများတော့ ကြည့်ဖူးလောက်ပါတယ် ဒီဇာတ်ကားလေးရဲ့ ဇာတ်အိမ်တို့ ဇာတ်လမ်းအလယ်ကနေ အဆုံးထိဇာတ်ကွက်လေးတွေက တကယ်ကို အလန်းဇယားဆိုတာ ကြည့်ဖူးတဲ့လူတိုင်းသိကြမှာပါ ဒီကားလေးကို ကြည့်ပြီးတဲ့လူတွေလည်းနောက်တစ်ခေါက်ပြန်ကြည့်ရအောင် မကြည့်ရသေးတဲ့လူတွေလည်း ကြည့်ရအောင် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့....လေးတန်းပဲအောင်တဲ့ ဂျော့်ခူတီဆိုတဲ့လူက ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပါ ဂျော့်ခူတီက ရုပ်ရှင်ကြည့်ရတာကိုအရမ်းစွဲလမ်းနှစ်သက်ပါတယ် သူ့ရဲ့ဗဟုသုတတွေက ရုပ်ရှင်ကနေ ရတာပါ တစ်နေ့မှာတော့ သူတို့ရဲ့အေးချမ်းတဲ့ ဘဝထဲကို မဖိတ်ခေါ်တဲ့ဧည့်သည် တစ်ယောက်ဝင်ရောက်လာပြီး မတော်တဆမှုတစ်ခုဖြစ်သွားပါတယ် အဲ့ဒီနောက် ဂျော့်ခူတီအနေနဲ့ မိသားစုသာ သူ့ဘ၀ သူ့အရာရာအားလုံးကိုရုပ်ရှင်ထဲက ဗဟုသုတတွေကို သုံးပြီး ဘယ်လို လှည့်ကွက်တွေနဲ့ မိသားစုကို ကာကွယ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်... Translated & Review By Yamin EiEncoded By LK
movie

Drishyam ( 2013 )

Lucifer (2019) 7.9
Lucifer (2019) ၂၀၁၉ ထွက်India ဇာတ်ကား Lucifer နဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားက Box Office မှာ အောင်မြင်မှု အတော်ရထားတဲ့ ဇာတ်ကားလေးပါ။Original Songtrack အလန်းစားတွေလည်းပါပါတယ်။ဇာတ်လမ်းကတော့ Kerala ဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ် P.K.Ramdas သေဆုံးသွားတာကစပါတယ်။သူတို့စကားအတိုင်းပြောရမယ်ဆိုရင် အဲဒီနယ်ရဲ့ ဘုရားသခင်ပေါ့။အဲဒီ ဘုရားသခင်မှာ သားသမီးနှစ်ယောက်ရှိတယ်။စစ်တပ်တစ်တပ်ရှိတယ်။သူ့ရဲ့ ဂုဏ်ကိုမြှင့်ပေးမယ့် တမာန်တော်တွေလည်းရှိတာပေါ့။ဘုရားသခင်ရဲ့ နိုင်ငံက ကြီးလွန်းတော့ သူခိုးတွေက တမာန်တော်ဟန်ဆောင်ပြီး ဝင်လာကြတယ်။တစ်နေ့မှာတော့ အဲဒီ ဘုရားသခင်သေဆုံးသွားခဲ့ပါတယ်။အဲဒီအချိန်မှာ တမာန်တော်ဟန်ဆောင်နေတဲ့ သူခိုးတွေက နိုင်ငံကိုသိမ်းပိုက်ဖို့ ကြိုးစားကြပါတော့တယ်။အဲဒီလို ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်တဲ့သူကတော့ တစ်ယောက်ပဲရှိပါတယ်။သူ့ကို ဟိန္ဒူမှာဆို မဟီရာဝဏ၊ အစ္စလာမ်မှာဆိုရင်တော့ အစ်ဘလီ၊ ခရစ်ယာန်မှာဆိုရင် Lucifer လို့ တင်စားပြောလို့ရတဲ့ Stephen ...
movie

Lucifer (2019)

2019
Nonsense(2019) 7.9
Nonsense(2019) Nonsense(2019)IMDb....7.9ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျောင်းစာမှာ ထူးချွန်ပြီး Aခန်းမှာနေရတဲ့သူတွေ များသလို စာမေးပွဲတွေ တစ်ဘုန်းဘုန်းကျရင်း Z အခန်းမှာပဲ ကျောက်ချနေရတဲ့ သူတွေလည်းများပါတယ်.... ဒါပေမယ့် အားကစားသမား စီးပွားရေးသမားနဲ့အခြားသော နယ်ပယ်တွေမှာ အောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင် Z အခန်းကသူတွေကလည်း အခြားသောသူတွေနဲ့ ရင်ဘောင်တန်းရပ်တည်နေနိုင်ကြတာကိုတွေ့ကြရမှာပါ.... တကယ်တော့ ဒီအခြေအနေတွေကိုမရောက်ခင်ထိတော့ ဒီလို Z ခန်းက သူတွေဟာ တစ်လောက်ကလုံး ဒုက္ခတွေ နင်တို့ပဲ ခံကြစမ်းဟု ကြိမ်စာတိုက်ခံနေရသလိုပါပဲ.... ဒီကားထဲမှာလည်း ကောင်လေးတစ်ယောက်ရှိတယ်... လမ်းကြမ်းစက်ဘီးစတန့်အားကစားနည်းကို ခုံမင်လွန်းတဲ့တစ်ယောက်......သို့ပေမယ့် ကျောင်းစာမှာညံ့လွန်းတော့ မစ္စတာပေါက်ကရကောင်လို့တောင် ခေါ်ခံရတဲ့သူပေါ့.... စာသင်ခန်းရဲ့ အချိန်တိုင်းလိုလိုမှာ အံမဝင်လွန်းတော့ ခွေးမောင်းသလို မောင်းထုတ်ခံရတဲ့ ထိတောင် ပေါက်ကရကောင်ဖြစ်ခဲ့တယ်.... ဒါပေမယ့်လည်း သူဟာ စက်ဘီးလေးစီးရင်း စတန့်တွေကြိုးစားလုပ်ရင်းနဲ့ ပေါက်ကရကောင်ဆိုတဲ့ နာမည်ဆိုးကိုလိုက်ခေါ်နေတဲ့သူတွေကို ခပ်ပြုံးပြုံးပြန်ကြည့်ဖို့ကြိုးစားနေလေရဲ့.... ဒီလိုကောင်လေးဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ.... သူဘဝအတွက် ဘယ်လိုဆက်ရပ်တည်မလဲ.... အားလုံးအမြင်မှာ အသုံးမကျတဲ့ပေါက်ကရကောင်လေးဟာ တစ်ချိန်မှာ အမြင်တွေပြောင်းသွားစေနိုင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.... ကုလားကားကောင်းကြိုက်သူတို့အဖို့ ဒီကားကိုလက်မလွှတ်စေချင်ပါဘူး.... IMDb လည်း အကောင်းဆုံးအနေအထားမှာရှိသလို  ကြည်နူးဖွယ် ချစ်သူပုံရိပ်တွေပါလေတဲ့အတွက် ခံစားကြည့်ရှုသင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah & May Tharaphi တို့ပဲဖြစ်ပါတယ်...File Size : (1.2 ...
movie

Nonsense(2019)

2018
2.0 (2019) 7.0
2.0 (2019) ၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားဟာ ၂၀၁၀မှာ ထွက်ခဲ့တဲ့ Enthiranရဲ့ အဆက်ဆိုလည်း မမှားပါဘူး။ပထမဇာတ်ကားထဲမှာတော့ ချက်တီးစက်ရုပ်ကိုမသမာသူတွေရဲ့ လက်ချက်ကြောင့် သိမ်းဆည်းခံခဲ့ရတာ အားလုံးသိမယ်ထင်တယ်။ဇာတ်လမ်းအကျဉ်းကို ချပြရမယ်ဆိုရင်လူတိုင်းလည်းသိပြီးထားလောက်ပါပြီ။မြို့ထဲမှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပျက်ပုံကို စတင်တွေ့မြင်ရမှာပါ။ရှိရှိသမျှ မိုဘိုင်းဖုန်းတွေဟာ ဘာရယ်ကြောင့်မှန်းမသိaလထဲ လွင့်ထွက်ပျံသန်းသွားခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။တခြားမိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ရေးဝန်ကြီးတွေပါ အသတ်ခံရပါသေးတယ်။ဖုန်းတွေ ဘယ်ရောက်သွားကြတာလဲ။ဘယ်သူ့လက်ချက်လဲ ဆိုတာ အားလုံး ပဟေဠိဖြစ်နေကြချိန်မှာဒါကို အဖြေရှာဖို့ ဒေါက်တာဗာစီကရန်ဟာ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ စစ်တပ်ကတောင် မနိုင်တဲ့ ထိုအရာကြီးကိုချေမှုန်းဖို့... ချက်တီးစက်ရုပ်ကို ပြန်လည်အသက်သွင်းဖို့ အကြောင်းဖန်လာပါပြီ။ကဲ ချက်တီးနဲ့အတူ မိုက်ခရိုဘော့လေးတွေလည်းပါဝင်ခံစားလိုက်ပါဦးဗျာ။----------------------------------------------- မတောင်းခင် ကြိုပြောပါရစေဗျာ။ဒီဇာတ်ကားကြည်တောက်ရှင်းမထွက်ခင်မှာရှေ့ကဇာတ်ကားကို တင်ပေးဖို့ စိတ်ကူးရှိခဲ့ပါတယ်။ဒါပေမဲ့ မူလတမီးလ် ဗားရှင်း ဘလူးယေးမရှိတာမျိုးတွေ၊ ဟင်ဒီအသံထွက်နဲ့ ဘလူးယေးကျတော့စုံမစုံတာမျိုးတွေပဲ တွေ့ခဲ့ပါတယ်။အချိန်ပေးမရှာတာလည်း ဖြစ်ပါလိမ့်မယ်။အဲ့ဒီအတွက် ပထမကားကို ခုလောလောဆယ်တော့ မရနိုင်သေးပါဘူးလို့ ပြောပါရစေ။တောင်ပိုင်းကားမို့ သူတို့ပြည်နယ်အကြိုက်ရိုက်ထားတာဖြစ်လို့ တချို့ပရိသတ်တွေအတွက်တော့အကြိုက်တွေ့မှာမဟုတ်ပါဘူး။လောလောနဲ့ ဇာတ်ကားနှစ်ကားကိုတပြိုင်နက်အမြန်ဆုံးရေးထားတဲ့အတွက်လွဲချော်မှုတစ်စုံတစ်ရာပါရင် ခွင့်လွှတ်ပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint ...
movie

2.0 (2019)

2019
Ustad Hotel (2012) 8.3
Ustad Hotel (2012) Ustad Hotel ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖြစ်တော့ CM Fan တွေကို ပြန်ဝေမျှ ချင်တဲ့ စိတ်လေးဖြစ်ခဲ့တယ် အဲ့ဒီရုပ်ရှင်က အစားအသောက် အတွက်ရော လူတွေရဲ့ စိတ်အခြေအနေနဲ့ လူမှုရေး ဘ၀ တွေ ဘာသာရေးတွေ အရာအားလုံးကို ရောထွေးထားပြီး ပေးချင်တဲ့ မတ်ဆေ့ခ်ျ ထိရောက်ပါတယ်.... ဇတ်လမ်းပုံစံလေးကတော့ အဘူဒူရာဇတ် ဆိုတဲ့ အလုပ်ကြိုးစားတဲ့ လူ တစ်ယောက်ရှိတယ် သူ့ဇနီး က တစ်ရက်မှာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး အဘူဒူ ကလဲ သားလေး အရမ်းလိုချင်နေတာပေါ့ တက်ကြွနေတာ မြင်မကောင်းဘူး ဒီလိုနဲ့ ခွဲခန်းထဲရောက်နေတုန်း အပြင်က စောင့်နေတာ အူဝဲ ဆိုတဲ့ အသံနဲ့ အတူ ဘာလေးလဲ ဆိုပြီး ၀မ်းသာအားရမေးလိုက်တော့ သမီးလေး ပါတဲ့ ဒီမှာတင်ပဲ အဘူဒူ တစ်ယောက် စိတ်တွေကျသွားတာ အောက်ဆုံးထိပါပဲ ဒါပေမယ့် သားလေးမွေးရမယ် ဆိုပြီး ထပ်ကြိုးစားတယ် သမီးလေးပဲ မွေးတယ် မွေးရင်း မွေးရင်း  နဲ့ နောက်ဆုံး သမီးတွေပဲ ထွက်လာတော့ အတော်လေးလဲ စိတ်ကုန်နေပါပြီ မိန်းမ ဖြစ်သူ နောက်ဆုံးကိုယ်ဝန်နဲ့ ရှိနေတုန်း တစ်ခြားမြို့ ကို အလုပ်ကိစ္စ နဲ့ ခရီးထွက်သွားပါတယ် အဲ့ဒီမှာပဲ ဘေးနားမှာ အားပေးသူမရှိပဲ သူ့မိန်းမ ကလေးမွေးခဲ့ရပါတယ် ဒီတစ်ခါတော့ သားလေးပါ အဘူဒူ တစ်ယောက် အိပ်မက်တွေ ပြည့်ဝခဲ့ရပြီပေါ့... သားလေး နာမည်ကို ဖိုင်ဇယ် လို ပေးခဲ့ပြီး အရမ်းချစ်ခဲ့ရတာပေါ့....  XP PowerBank ဆောင်ထားနော် ...
movie

Ustad Hotel (2012)

2012