Channel Myanmar

Kan Qingzi

Enchanted Doll ( 2014 ) 5.6
Enchanted Doll ( 2014 ) ဒီတခေါက် CM ရဲ့ ပရိသတ်တွေအတွက် စိတ္တဇသဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စာရေးဆရာ ပိုင်လန်တုက ဇနီးနဲ့ကွာရှင်းပြီးနောက် သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးလေး Zippo ဟာ အမေနဲ့နေထိုင်ခဲ့ပါတယ်။ သမီးကိုချစ်တဲ့ ပိုင်လန်တုဟာ သူ့အပေါ် အမြင်မကြည်တဲ့ သမီးနဲ့ ဆက်ဆံရေးကောင်းအောင် ဆောင်းရာသီကျောင်းပိတ်ရက်မှာ အပန်းဖြေစံအိမ်မှာ အပန်းဖြေဖို့ ခေါ်သွားခဲ့ပါတယ်။အပန်းဖြေစံအိမ်ဟာ တောင်ကြားအတွင်းမှာရှိပြီး ဥယျာဉ်မှူးတစ်ယောက်ပဲ နေထိုင်ပါတယ်။ ပိုင်လန်တု ဝိန်ရှန်းနဲ့ သမီးလေးတို့ စံအိမ်ထဲမှာ နေထိုင်တဲ့အချိန်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ တခြားဧည့်သည်တွေ ရောက်လာပြီးနောက်မှာတော့ အရာအားလုံးဟာ မထိန်းချုပ်နိုင်တော့တဲ့ အဆင့်ကို ရောက်သွားပါတော့တယ်။သမီးလေး ထူးထူးဆန်းဆန်းပျောက်သွားခြင်း၊ ပစ္စည်းပို့သူရဲ့ ဗီဒီယိုဖိုင်တစ်ခု၊ အိမ်ရှင်ညီမလေးရဲ့ အလန့်တကြားထွက်ပြေးမှုတွေမှာ သူတို့ကံကြမ္မာက ဘယ်လိုဖြစ်မလဲ...... ဘယ်သူကရော ဒီအရာအားလုံးကို ထိန်းချုပ်နေတာလဲ...... ဆိုတာကို ရုပ်ရှင်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Horror Runtime : 1h ...
movie

Enchanted Doll ( 2014 )

Heart’s Motive (2023) 6.2
Heart’s Motive (2023) Return of the Condor Heroes (2006)ဇာတ်လမ်းတွဲ နာမည်ကျော်ခဲ့တဲ့မင်းသား Huang Xiao Mingရဲ့ မမAngelababy နဲ့ကွာရှင်းပြီးမှထွက်တဲ့ Comeback Movie လေးပဲဖြစ်ပါတယ်။Huang Xiao Ming ကအရမ်းတော်တဲ့ရှေ့နေတစ်ယောက်ဖြစ်သရုပ်ဆောင်ထားတာပါ။ (၆)နှစ်ကြာမှဥပဒေလောကထဲကိုပြန်ရောက်လာတဲ့သူဟာ ပထမဆုံးပြန်ကိုင်ရတဲ့အမှုဟာ အနှိပ်ခန်းကအထူးဝန်ဆောင်မှုပေးတဲ့ အနှိပ်သည်မတစ်ယောက်ဟာ သူ့ရဲ့ဖောက်သည်ကိုရိုက်သတ်ခဲ့တဲ့အမှုဖြစ်တယ်။အားလုံးကအနှိပ်သည်ကတရားခံဆိုပြီး တရားသေအမှုအဖြစ် သတ်မှတ်ထားတဲ့အချိန်မှာ အမှုဟာမရိုးရှင်းဘူးလို့သူသုံးသတ်ခဲ့ပါတယ်။ ဒီလိုနဲ့သူရဲ့အမှုသည်ဟာအပြစ်မရှိကြောင်းပြနိုင်ဖို့ကြိုးစားရင်း အမှန်တရားတွေဟာ ချည်မျှင်စဆွဲထုတ်သလိုတဖြည်းဖြည်းပေါ်လာပါတော့တယ်။သူ့ရဲ့(၆)နှစ်ကြာမှာလုပ်ငန်းခွင်ပြန်ဝင်ရတဲ့အမှုဟာအောင်မြင်မလား အမှန်တရားရဲ့နောက်ကွယ်မှာဘာတွေရှိမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Heart’s Motive (2023)

Super Express(2016) 6.0
Super Express(2016) Super Express(2016)မင်းသမီးဘယ်သူလဲဆိုတာတော့မပြောတော့ပါဘူးနော်....ယူရို သိန်း ၃၀၀ တန်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ဟက်ကာ နှစ်ယောက်က ဆရာကျကျခိုးယူခဲ့ပါတယ်။လုံခြုံရေးခေါင်းဆောင်ဖြစ်တဲ့ မေရှီး က ပျောက်ဆုံးသွားတဲ့ ပစ္စည်းကိုလိုက်ရှာပါတော့တယ်။ဒီလို လိုက်ရှာတဲ့လမ်းခရီးမှာပဲ ဒယ်လီသမားနဲ့ဆုံဖြစ်ခဲ့တယ်။ ဒယ်လီ သမားက ငွေနဲတွေ့တော့ ဘယ်လိုစိတ်ထားရှိမလဲ?သူတို့အဲဒီ ပစ္စည်းကိုပြန်ယူနိုင်ပါ့မလား။ ကြားမှာဘယ်လိုအခက်အခဲနဲ့ကြုံတွေ့မလဲ?ဟာသမင်းသားက ရိုက်ကူးထားတဲ့ ဟာသကားဖြစ်တဲ့အတွက်ကြောင့်၊ဟာသလေးနဲ့ရောပြီး စိတ်လှုပ်ရှားမှုေတွကို ပေးနိုင်တဲ့ ဌာတ်ကားေကာင်းတစ်ခုဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပါဦး။.ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mi Mi ပဲဖြစ်ပါတယ်....File Size : (900 MB) and (340 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Action , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Mi Mi Encoded by Phyo Pyae
movie

Super Express(2016)