Channel Myanmar

Kancharapalem Raju

Ammu (2022) 7.6
Ammu (2022) Ammu (2022) 7.3/10 IMDb"အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်...သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB  / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Thet Ko & OeliuJ & Hay Man
movie

Ammu (2022)

2022
Kerosene (2022) 8.5
Kerosene (2022) Kerosene (2022)IMDb-8.6/10အဖေတစ်ခု သမီးတစ်ခုပဲရှိတဲ့သားအဖနှစ်ယောက်တစ်နေ့ မင်္ဂလာဆောင်ကအပြန် ရွာထဲခဏဆိုပြီး ထွက်သွားတဲ့သမီးလေးပြန်မလာလို့ တစ်ညလုံးအနှံ့လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ရပဲ နောက်တစ်ရက်မနက်မှာ မီးကျွမ်းထားတဲ့အရိုးစုကိုပဲ တွေ့ရတော့တယ်သမီးလေးအတွက် တရားဥပဒေနဲ့အညီ မျှမျှတတလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရွေးကောက်ပွဲနီးကပ်နေတာကို အကြောင်းပြပြီး အနားရှိတဲ့ လူတစ်ယောက်ကိုပဲ တရားခံဆိုပြီး ထောင်ထဲဖမ်းထည့်ထားလိုက်တယ်ရဲမှူးတစ်ယောက်ရဲ့ သူငယ်ချင်းသတ်ခံရတဲ့အမှုနဲ့ပတ်သတ်ပြီး မှုခင်းထောက်လှမ်းရေး ဗိုင်ဗက်ကို တာဝန်ပေးလိုက်တဲ့အချိန် သွားစစ်ဆေးတဲ့အချိန်ပိုင်းအတွင်းမှာပဲ တရားခံဖော်ထုတ်နိုင်ခဲ့တဲ့အတွက် နောက်ထပ်အမှုမှန်မပေါ်သေးတဲ့ မိန်းကလေးတွေ သတ်ခံရတဲ့ အမှုကိုပါ တာ၀န်ပေးဖော်ထုတ်စေခဲ့တယ်မိန်းကလေးတွေ ရက်ရက်စက်စက် အသတ်ခံရတဲ့ တရားခံကို ဘယ်လိုဖော်သွားမလဲ အကွက်ကျကျ ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ File size…1.95GB / 996MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl & OeliuJ & Kevin Ag & Yunni
movie

Kerosene (2022)

2022
Gamanam (2021) 8.0
Gamanam (2021) Gamanam (2021)ပွဲဦးထွက်ရုပ်ရှင်မှာပဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရခဲ့တဲ့ဒါရိုက်တာ Sujana Rao ရဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ ဟိုက်ဒရာဘတ်မှာကြုံခဲ့ရတဲ့ မိုးကြီးရေလွှမ်းမှုကိုအခြေခံပြီး ဆုံးပါးသွားခဲ့ရတဲ့ အသက်တွေကိုဂုဏ်ပြုမှတ်တမ်းတင်ချင်တာကြောင့် ဒီရုပ်ရှင်ကိုရိုက်ကူးဖြစ်တဲ့အကြောင်း ပြောပြထားပါတယ်။ဇာတ်အိမ်က ဖြစ်ရပ်မှန်ကိုအခြေခံထားတာမျိုးမဟုတ်ပေမယ့် တကယ့်လက်တွေ့ဘဝကလူတွေရဲ့အခက်အခဲတွေ၊ ဘဝရဲ့ ဒုက္ခသုခ မျိုးစုံကို သရုပ်ဖော်ထားတာမျိုးပါ။ ကာမာလာဆိုတဲ့နားမကြားတဲ့ ကလေးတစ်ယောက်အမေက ဒူဘိုင်းကိုထွက်သွားပြီး ဘာအဆက်အသွယ်မှမရတော့တဲ့ခင်ပွန်းကိုစောင့်ရင်း အခက်အခဲတွေကိုခါးစည်းခံပြီး အကြားအာရုံလေးများ ပြန်ရမလား မျှော်လင့်နေတာပေါ့။ခရစ်ကတ်ကစားသမားတစ်ယောက်အဖြစ် အောင်မြင်ချင်တဲ့ အိပ်မက်နဲ့ လူငယ်တစ်ယောက် အာလီ၊ပြီးတော့ သူ့ချစ်သူ ဇာရာ။ နောက်ပြီး ခြေသလုံးအိမ်တိုင် မိဘမဲ့ကလေးလေး ၂ ယောက်။ မတူညီတဲ့ဘဝအခြေအနေတွေက သူတို့ရဲ့ နေ့စဥ်ဘဝ ဖြတ်သန်းမှုတွေ။ လောကဓံကြားထဲက မျှော်လင့်ချက်။ဒီလို လက်လျှော့ချင်စရာ အခြေအနေမှာတောင် တင်းခံရင်းရှေ့ဆက်နေကြတဲ့ သူတို့ရဲ့ ဇွဲတွေ။ပြီးတော့ ဒီလူအဖွဲ့အစည်းရဲ့ အခွင့်ထူးခံတွေနဲ့ကွာခြားမှုတွေ ဒါတွေကို မီးမောင်းထိုးပြထားတာပါ။ရုပ်ရှင်ကောင်းတစ်ခုလို့ညွှန်းရင်းပဲ IMDb မှာလည်း 8 ထိရထားတာမို့ ခုပဲChannel Myanmar ...
movie

Gamanam (2021)

2021