Channel Myanmar

Kandi Burruss

The Underdoggs (2024)
The Underdoggs (2024) The Underdoggs (2024) ===================အမေရိကန်ရက်ပါ/မင်းသား Snoop Dogg ရဲ့ (၂၀၂၄)ခုနှစ်ထွက် ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ကားတွေ ကတော့ သိတဲ့အတိုင်း အသုံးခပ်ကြမ်းကြမ်းမို့ မိသားစုတို့ဘာတို့နဲ့ ကြည့်မယ်ဆိုရင် ဆင်ခြင်ပြီးကြည့်ရှုကြပါ။ အခုကားကတော့ Comedy/ Sport genre ဖြစ်ပြီး စိတ်ဝင်စားစရာလည်းကောင်းပါ တယ်။ နာမည်ကျသွားတဲ့ မာနခဲကြယ်ပွင့်ကစားသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ဂျေဆင်ဟာ လူငယ်ဘဝတုန်းက Gridiron Football အားကစားမှာ နာမည်ကြီးခဲ့တဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်။ အသင်းဖော်ကို ရော၊ နည်းပြကိုရော၊ ပရိတ်သတ်ကိုရော ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ သူ့အမူအကျင့်တွေကနေ ပြဿနာတွေဖြစ်လာပြီး အားကစားလောက ကနေ နှစ်၂၀ကင်းကွာသွားတဲ့သူ။ အဆဲအဆိုခံရတာတွေလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ သူ့စိတ်ကတော့ သူရွှေထီးဆောင်းခဲ့တဲ့ကာလထဲမှာပဲ ရှိနေဆဲ။ တစ်နေ့ကျ ကားကို ဟယ်လင်ကဲလားလို မောင်းရာကနေ အက်ဆီးဒင့် ဖြစ်ပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်ကုန်တယ်။ တရားရုံးမှာ သူ့အမှုကို ကိုင်ရတဲ့တရားသူကြီးက သူ့ဇာတိမြို့ လောင်းဘိချ်မှာကတည်းကခင်ခဲ့တဲ့ ငတိမ။ သူ့အိမ်နီးချင်းရဲ့ထီမထင် မာနခဲစရိုက်ကိုသိနေတဲ့ တရားသူကြီးက ထောင်ချတဲ့အပြစ်ဒဏ်မပေးဘဲ လောင်းဘိခ်ျမှာ ပရဟိတအလုပ် နာရီ ၃၀၀ပြည့်အောင်လုပ်ရမယ်လို့ အမိန့်ချတယ်။အဲလိုနဲ့ နာမည်ကျဘောလုံးသမားကြီးဟာ သူ့အိပ်မက်တွေ စအခြေတည်ရာ ဇာတိမြို့လေး‌ကို ပြန်ရောက်လာတယ်။ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံလေး ဝတ်ပြီး အာဝုအီးကျုံးဖို့ ...
movie

The Underdoggs (2024)

2024
The Pass (2023)
The Pass (2023)  အခုတင်ဆက်ပေးမှာကတော့ ထင်မထားတဲ့ လှည့်ကွက်တွေနဲ့ ကြည့်ရတဲ့သူကို မပျင်းရအောင်အဆုံးထိ ဆွဲခေါ်သွားမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ နီနာနဲ့ မာရီ့ဆိုတဲ့ လင်မယားနှစ်ယောက်အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးထဲမှာတော့ နီနာနဲ့ မာရီ့ဟာ အိမ်ထောင်သက်တမ်း ၇နှစ်ရှိပြီး ဖြစ်တဲ့ လင်မယားပါ ဒါပေမဲ့ နီနာရဲ့အမေဟာ မာရီ့ကို သဘောမကျပါဘူး မာရီ့လည်း မိန်းမနဲ့ သူ့အမေကြား အရမ်းပျာယာခတ်ရပါတယ် တစ်နေ့ မာရီ့စ်တို့ သူငယ်ချင်းတစ်စု ဂေါက်ရိုက်သွားကြတဲ့အခါမှ မာရီ့စ်သူငယ်ချင်းတစ်ယောက်က passဆိုတဲ့အကြောင်းကို စတင်ပြောလာပြီး မာရီ့ကိုလည်း အဲ့ဒီpassသုံးသင့်တယ်လို့ပြောပါတယ် ဒီတော့ အဲ့ဒီpassဆိုတာက ဘာလဲ အဲ့ဒီpassကြောင့်မာရီ့စ်တို့ဘာဆက်ဖြစ်မလဲ ဒီထဲမှာမြှုပ်ထားတဲ့ ဇာတ်ကွက်တွေကရော ဘာတွေဖြစ်မလဲ...ကဲ သိချင်ရင်တော့ ဒီဇာတ်လမ်းလေးကို အခုပဲခံစားကြည့်ရှူလိုက်ကြရအောင်File size…(1.7 GB)/(842 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe
movie

The Pass (2023)

Pretty Stoned (2023)
Pretty Stoned (2023)  အလှပြင်ဆိုင်မှာအလုပ်လုပ်တဲ့ စတယ်လာဟာ အနာဂတ်မှာ ဆေးခြောက်အရောင်းဆိုင်ဖွင့်ချင်တယ်ဆိုတဲ့ အိပ်မက်အပြင် တခြားအိပ်မက်ရေရေရာရာမရှိပဲ အချိန်ပြည့်ဆေးကွဲနေတဲ့သူတစ်ယောက်ပါ။ အားလပ်ချိန်တွေမှာတော့ အပိုဝင်ငွေရဖို့အတွက် ဆေးခြောက်တွေကိုလိုက်ပို့ပေးတဲ့အလုပ်ကိုလည်းလုပ်ပါသေးတယ်။ ဒီလိုနဲ့ သူတစ်နေကုန်အခန်းအောင်းပြီး ဝိသောက်မယ်လို့တွေးထားတဲ့ ၄ လပိုင်း ၂၀ ရက်နေ့ (၄၂၀) မှာ သူ့ရဲ့ လုပ်ကလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒါဆီ မွှေတာကြောင့် အလုပ်မနားရပဲ အလုပ်သွားရပါတော့တယ်။ဒါပေမဲ့လည်းသူ့ရဲ့ဆေးကွဲမဲ့ အစီအစဉ်ကိုဖျက်လိုဖျက်ဆီးလုပ်တဲ့ ဒါဆီ ကိုတစ်ပတ်ပြန်ရိုက်ပြီး အလုပ်ကနေအစောကြီးပြန်လစ်ခဲ့တာကြောင့် Performance Anxiety ရှိတဲ့ ဒါဆီတစ်ယောက်ထဲလူအများကြီးကိုအလှပြင်ပေးရတာမလို့ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ကာစတန်မာတွေနဲ့ရန်ဖြစ်ကာ အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ဖြုတ်ခံလိုက်ရတဲ့ဒါဆီတစ်ယောက် ငါခံရသလို နင်လည်းပြန်ခံစေရမယ်ဆိုပြီး စတယ်လာနေတဲ့အိမ်ကိုလိုက်သွားတာ စတယ်လာအိမ်မှာရှိနေတဲ့ ဆေးခြောက်တွေကို အိမ်သာထဲထည့်ပြီးရေဆွဲချလိုက်ပါတယ်။ဖြစ်ချင်တော့ အဲဒီဆေးခြောက်တွေက စတယ်လာပို့‌ပေးရမဲ့ပစ္စည်းတွေဖြစ်နေပြီး တစ်ပေါင်ကို ဒေါ်လာ နှစ်သောင်းတန်တဲ့ ပင့်ခ် ဟက်ရှမီနာ အမျိုးအစားဆေးခြောက်တွေဖြစ်နေတဲ့အတွက်သူတို့ဆေးခြောက်ကိုဖြောင်သွားပြီဆိုတဲ့ အထင်နဲ့ ဆေးခြောက်ပိုင်ရှင်မူးယစ်ရာဇာ မဒမ်အိတ်စ်က သူ့လူတွေကိုလွှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့စတယ်လာနဲ့ ဒါဆီတို့လည်းသူတို့နောက်ကို လိုက်လာတဲ့ မူးယစ်ရာဇာရဲ့ လူတွေနဲ့မတွေ့အောင်ရှောင်ထွက်နိုင်မလား၊ ...
movie

Pretty Stoned (2023)