Channel Myanmar

Kang Ji-hwan

Heartbreak Hotel (2015) 6.8
Heartbreak Hotel (2015) Heartbreak Hotel (2015)အိပ်မက်နဲ့ငွေ ဘယ်အရာက ပိုအရေးကြီးသလဲလို့တွေးရင်း ငွေရှိမှ အိပ်မက်မက်နိုင်မယ့်ဘဝတွေအကြောင်းကို ရိုက်ကူးပြထားတဲ့ Heartbreak Hotel (2015) ကို CM မှာ ကြည့်လို့ရပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကိုလိုက်ရှာရင်း အမေရိကကို တရားမဝင်ရောက်လာခဲ့ကြတဲ့ "ဂျွန်" နဲ့ သူ့သူငယ်ချင်း "ချန်း" တို့ဟာ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီလူအတွက် အလုပ်လုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဂျွန်ဟာ အမေရိကကိုရောက်နေတဲ့ ကိုရီးယားသူလေး "ဆာရာ" ကို သဘောကျမိသွားတဲ့အချိန်မှာတော့ အချစ်ရော အိပ်မက်ဟာ ငွေရှိမှဖြစ်နိုင်ကြောင်းကို သဘောပေါက်သွားပါတော့တယ်။ ဒါ့ကြောင့် ဂျွန်နဲ့ဆာရာတို့ဟာ နှစ်ယောက်သား ပေါင်းဖက်ဖို့ကြိုးစားကြရင် ငွေရဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားကြမလဲ၊ ငွေနောက်ကိုလိုက်ရင်း နှစ်ယောက်သားရဲ့အချစ်တွေက ဆက်လက်တည်မြဲနိုင်ပါ့မလား စတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မယ့် Action/Romance ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Win ပဲ ဖြစ်ပါတယ်။Genre..... Action, Romance Quality…. 1080p | 720p File size…  1.3GB | 613MB Format… ...
movie

Heartbreak Hotel (2015)

2015
Rough Cut (2008) 7
Rough Cut (2008) Rough Cut (2008) အခုတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မင်းသားကြီး So Ji Sub ရဲ့ အက်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ဒီမင်းသားကြီး ဦးဆောင်ပါဝင်မဲ့ Doctor Lawyer ဆိုတဲ့ Series လည်း ထွက်လာဦးမှာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ဂန်ဖယ်ဆိုတာကတော့ အင်မတန်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုရဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလို ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ ဂန်ဖယ်ဟာ နူးညံ့တဲ့သဘောရှိပြီး အနုပညာကိုလည်း မြတ်နိုးသူ တစ်ယောက်ပါ။ဆူထာ ဆိုတာကတော့ အက်ရှင်မင်းသား ဖြစ်ပြီး ခပ်ကြမ်းကြမ်း သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့သူပါ။ ကြမ်းတမ်းမှု အဆင့်တွေ သတ်မှတ်လိုက်ရင် ဆူထာ နဲ့ ဂန်ဖယ်တို့က အတူတူလောက်ပါပဲ။မင်းသားဂျန်ဆူထာက ရိုက်ကွင်းမှာ အတူတူရိုက်ကူးတဲ့ တစ်ဖက်သရုပ်ဆောင်ကို အက်ရှင်ကား ရိုက်ကူးရင်း အမှန်တကယ် ချလိုက်တာကြောင့် ဆေးရုံတင်လိုက်ရလို့ သူနဲ့အတူ တွဲရိုက်ပေးမယ့် ...
movie

Rough Cut (2008)

2008
My Girlfriend Is an Agent (2009) 6.4
My Girlfriend Is an Agent (2009) ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးကိုချပြပေးချင်တဲ့ ကားလေးကတော့ မင်းသား Kang Ji-hwan နှင့် မင်းသမီးချော Kim Ha-neulတို့အဓိက သရုပ်ဆောင်ထားတဲ့ ဟာသ၊ Action ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ IMDb rating 6.4 ရထားပြီး 2009ခုနှစ်ကထွက်ရှိထားတဲ့ ကားကောင်းထဲကတစ်ခုဆိုလဲမမှားပါဘူး။ဒီကားထဲမှာ မင်းသမီးချော Kim Ha-neul( Soo Ji)က Agentတစ်ယောက်အဖြစ်ပြီး ပေါကြောင်ကြောင်Kang Ji-hwan(Lee Jae Joon)ရဲ့ချစ်သူ အမြဲတမ်းအလုပ်ရှုပ်နေတတ်တဲ့အမျိုးသမီး တစ်ယောက်လဲဖြစ်ပါတယ်မင်းသားကတော့ သူ့ကို Agent မှန်းမသိရှာပါဘူး။Soo Ji ရဲ့အထူးတာဝန်က Russian လူဆိုးဂိုဏ်းတစ်ဖွဲ့ကနေ သိပ္ပံဆိုင်ရာစမ်းသတ်ချက်တွေနဲ့ထုပ်လုပ်ထားတဲ့ လေထုထဲမှာပျံ့နှံ့နိုင်စွန်းရှိတဲ့ဗစ်တီးရီးယားဆေးပုလင်းကို Koreanလူဆိုးဂိုဏ်း တွေနှင့်လဲလှယ်ပြီးလူသားတွေကိုဒုက္ခမပေးနိုင်အောင် တားဆီးနှိမ်နှင်းရမဲ့တာဝန်ပဲဖြစ်ပါတယ်။တစ်နေ့မှာ မင်းသားက သူ့ချစ်သူနဲ့အဆင်မပြေဖြစ်ပီး နိုင်ငံခြားထွက်သွားခဲ့ပါတယ်။နောက်တော့ မင်သားဟာ Agent တစ်ယောက်အဖြစ် ကိုရီးယားနိုင်ငံကိုပြန်လည် ရောက်ရှိလာပါတယ်။သူတို့အဖွဲ့ရဲ့ အဓိကတာဝန်ကလဲ မင်းသမီး Soo Ji လိုက်နေတဲ့တာဝန်ပဲဖြစ်နေပြန်လို့ သူတို့နှစယောက်ပြိုင်ဆိုင်မှု့၊ Agent အဖွဲ့နှစ်ခုရဲ့ပြိုင်ဆိုင်မှု့တွေနဲ့ ...
movie

My Girlfriend Is an Agent (2009)

2009
Runway Cop (2012)
Runway Cop (2012) သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖချာချွဲဆု (မင်းသား Kang Ji‑hwan) က ငယ်ငယ်ကတည်းက ဖိုက်တာတစ်ယောက်.... အခုကတော့ ကိုရီးယား ရဲတပ်ဖွဲ့မှာ သူ့တပည့်ကလွဲပြီး ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ နာမည်တစ်လုံးနဲ့ ရဲဖိုက်တာ ဖက်တီး..။ သူနဲ့ကျောင်းနေဖက် ယွန်ဂျေး (မင်းသမီး Sung Yu‑ri) က လျှမ်းလျှမ်းတောက် ဖက်ရှင်ဒီဇိုင်နာ...။ ယွန်ဂျေးတို့ မော်ဒယ်လ်ရှိုးပြပွဲက လူဆိုးဂိုဏ်းတစ်ခုရဲ့ မူးယစ်ဆေးတွေ ရောင်းဝယ်ဖောက်ကားမှု  ဌာနေဖြစ်လာတဲ့အခါ....... ဒီလူဆိုးဂိုဏ်းကို လက်ရဖမ်းဖို့ ရဲတပ်ဖွဲ့မှ မော်ဒယ်လ်ရှိုးပြပွဲထဲကို သူလျှိုထည့်ဖို့ ကြိုးစားပါတော့တယ်။ ခက်နေတာက ကိုရီးယားရဲတွေမှာ ချဲခွဲဆုလောက် မော်ဒယ်အရပ်အမောင်းရှိတဲ့လူမရှိ..... ချာချွဲဆုကျတော့လဲ အရပ်အမောင်းရှိပေမယ့် သူ့ပုံစံက ဖက်တီး... ပုံမလာ ပန်းမလာ....။ ရွေးချယ်စရာမရှိတော့တဲ့ ရဲတပ်ဖွဲ့ကလဲ ချာချွဲဆိုကိုပဲ မော်ဒယ်တစ်ယောက်ပုံစံပေါက်လာအောင် ယွန်ဂျေးဆီကို အပ်လိုက်ပါတော့တယ်။ ယွန်ဂျေးနဲ့ ချာချွဲဆုကလဲ ငယ်ငယ်ကတည်းက အပေါက်အလမ်းမတည့်သူများဖြစ်ရာ....။ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မယ့် ချာချွဲဆိုနဲ့ ငြင်းပယ်မရတဲ့ ယွန်ဂျေးနဲ့ ပဟေဠိဆန်တဲ့ လူဆိုးဂိုဏ်းတို့ ...
movie

Runway Cop (2012)

2012