Channel Myanmar

Kang Mal-geum

A Birth aka Birth (2022) 8.5
A Birth aka Birth (2022) A Birth aka Birth (2022)*************************** ဒီကားက ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...၁၈ ရာစုနှောင်းပိုင်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဘက်စွန်းရဲ့ တိုင်းပြည်လေး ဂျိုဆွန်းမှာ စာသင်သားအချို့ဟာ ပေကျင်းကနေ ဝင်လာတဲ့ စာအုပ်တွေကနေတစ်ဆင့် ကက်သလစ်ဘာသာကို ပညာရပ်အနေနဲ့ လေ့လာရာကနေ ဘာသာတရားအဖြစ် လက်ခံလာကြတယ်.တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ ကက်သလစ်ဘာသာကို မကိုးကွယ်သင့်တဲ့အရာလို့သတ်မှတ်ထားကြသလို ကိုးကွယ်တဲ့သူတွေကိုလည်း သေဒဏ်ပေးသည့်အထိ ရက်စက်စွာ ပြစ်ဒဏ်ချမှတ်လေ့ရှိကြပါတယ်...ဒီကြားထဲ အိမ်နီချင်းနိုင်ငံတွေကလည်း စစ်ပွဲမျိုးစုံတိုက်နေကြတဲ့ကာလဆိုတော့ တိုင်းပြည်ဟာ ဆူပူမှုပေါင်းများစွာနဲ့ မအေးချမ်းလွန်းတဲ့ကာလဖြစ်ပါတယ်...ဒီလိုအချိန်မှာ ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန် ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့... ဒီကားက ဗဟုသုတလည်းရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်...နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါသလို ဘက်ဂျက်လည်း တော်တော်သုံးထားတာကိုတွေ့ရတာမို့ ကြည့်သင့်ပါကြောင်း...Size - 2.10GB, 898MB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 31Min Genre - Drama, History  Subtitle - Myanmar Subtitle (Hardsub) Translated by Hnin ...
movie

A Birth aka Birth (2022)

Soulmate (2023) 7.6
Soulmate (2023) Soulmate (2023)“အတောက်ပဆုံးဖြစ်ခဲ့တဲ့ ငါတို့ရဲ့ ၁၇ နှစ်အရွယ်ကို နင်နဲ့ကုန်ဆုံးခဲ့ရပေမဲ့ ၂၇ နှစ်မှာတော့ နင့်ကိုလွမ်းနေရပြီ”အားလုံးစောင့်မျှော်နေခဲ့ရတဲ့ Soulmate (2023) ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ငယ်ငယ်လေးကတည်းကနေ ဆယ်ကျော်သက်အရွယ်ထိ အတူတူကြီးပြင်းလာကြတဲ့ မီဆိုနဲ့ဟာအွန်းတို့ အချစ်ဆုံးသူငယ်ချင်းမလေးနှစ်ယောက်။ တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ခဲ့ကြတဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ ဘဝထဲကို ဟန်ဂျင်ဝူးဆိုတဲ့ကောင်လေး ဝင်ရောက်လာတဲ့အခါမှာတော့ သုံးပွင့်ဆိုင်ဖြစ်လာမယ့် Romance ဇာတ်လမ်း အေးအေးလေးကို ကြည့်ရှုခံစားကြရမှာပါ။Soulmate ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးOur Beloved Summer ထဲက Kim Dami, Our Blooming Youth ထဲက Jeon SoNee နဲ့ 20th Century Girl ထဲက Byun WooSeok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p ...
movie

Soulmate (2023)

2023
Drown (2022)
Drown (2022) Drown (2022)ဒီတစ်ခေါက်တင်ဆက်ပေးမှာတော့ horror, thriller ကိုမှစိတ္တဇဆန်ဆန် ရုပ်ရှင်ပဲဖြစ်ပါတယ် မိဘတွေရဲ့အမွေကိုဆက်ခံပြီး မိုတယ်ဖွင့်ထားတဲ့ဒိုအူဟာ သူငယ်ပြန်နေတဲ့အမေကြီးကို စောင့်ရှောက်နေတဲ့သူဖြစ်ပါတယ်တစ်ရက်မှာအမေဖြစ်သူဟာ ရုတ်တရက်ပျောက်ဆုံးပြီးတော့ ရက်အတော်ကြာတဲ့အထိ ရှာမရဖြစ်နေပါတယ် ရပ်ကွက်ထဲမှာလည်း သူ့အမေကို သူသတ်တာပါဆိုပြီး သတင်းတွေပြန့်နေပါတယ်ရပ်ကွက်မှား လူသတ်မှုတစ်ခုဖြစ်ပေါ်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့မိုတယ်ကို ပဟေဠိဆန်တဲ့ လူငယ်တစ်ယောက်လာတည်းပါတယ် အဲလူငယ်ဟာ လူသတ်မှုနဲ့ပတ်သက်နေမလား ဒိုအူရဲ့အမေပျောက်ဆုံးတာနဲ့ ပတ်သက်နေမလားဒိုအူကရော တကယ်ပဲ အမေဖြစ်သူကိုသတ်လိုက်တာလား၊ သူ့စိတ်ကိုရော သူနားလည်သွားမလားဆိုတာကို ဒီရုပ်ရှင်မှာကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 459MB | 235MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
movie

Drown (2022)

2022
The Point Men (2023) 6/8
The Point Men (2023) The Point Men (2023)Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. ...
movie

The Point Men (2023)

2023
Emergency Declaration (2022) 7.1
Emergency Declaration (2022) Emergency Declaration (2022)အညွှန်း*******************************************ဒီရုံတင်ကားကြီးဟာ ကိုဗစ်ကြောင့် ရုံတင်ရက်တွေရွှေ့ဆိုင်းလို့ အားလုံးမျှော်လင့်နေကြတာယခုမှပဲကြည့်ဖို့ အခွင့်အရေးရပါတော့တယ်...Lee Byung Hun, Song Kang-ho, Im Si Wan နဲ့ Kim Nam Gil တို့လို မင်းသားကြီးတွေ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာသာမက နိုင်ငံတော်တော်များများမှာပါရုံဝင်ငွေ အမြောက်အမြား ရရှိထားတဲ့ ဇာတ်ကားကြီး ကြည့်ရကျိုးနပ်စေမှာပါ... အင်တာနက်ပေါ် ပျံ့နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုကို စစ်ဆေးရင်း သံသယရှိသူဟာ အမေရိကားကိုလေယာဥ်နဲ့ လိုက်ပါသွားပြီဆိုတာကို ကိုရီးယားအာဏာပိုင်တွေ နောက်ကျမှ သိလိုက်ရတယ်...အဲ့ဒီ ​လေယာဥ်မှာပဲ စီးနင်းလိုက်ပါလာတဲ့ ကျန်းကျန်းမာမာ ခရီးသည်တစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ ​ကြောက်မက်ဖွယ် သေဆုံးသွားချိန်မှာ‌တော့ လေယာဥ်တွင်းရော မြေပြင်မှာပါ ထိတ်လန့်တုန်လှုပ်မှု​တွေ ဖြစ်လာ​တော့တယ်။တဖြည်းဖြည်းချင်း လျော့နည်းလာတဲ့ လောင်စာဆီအ​နေအထား၊ နိုင်ငံတကာကလည်းအကူအညီပေးဖို့ ငြင်းပယ်မှုတွေကြောင့် လေယာဥ်မှူးနဲ့ အဖွဲ့သားတွေက ခရီးသည်များကိုကယ်တင်နိုင်ဖို့အတွက် သူတို့ ဘဝမှာ တစ်ကြိမ်တစ်ခါမှ လုပ်ဖူးခြင်း မရှိခဲ့တဲ့အရေးပေါ် လုပ်ဆောင်ချက်ကို ...
movie

Emergency Declaration (2022)

2022
In Our Prime (2022) 6.4
In Our Prime (2022) In Our Prime (2022) ဇာတ်လမ်းအညွှန်း ကိုရီးယားရဲ့ အထင်ကရမင်းသားကြီး Choi Min-sik ဟာ Nameless Gangster: Rules of the Time မှာ လန့်စရာကောင်းတဲ့ ဂန်းစတားပုံမျိုးပီပြင်သလို The Admiral: Roaring Currents လို သူရဲကောင်းဆန်ပြီး သနားစရာကောင်းတဲ့ စစ်သူကြီးစရိုက်ဆိုလည်းရတယ်။ I Saw the Devil လို့ TV ပြေးရိုက်ခွဲချင်လောက်အောင် ကျက်သရေတုံးသမားကြီးစရိုက်လည်း ရတယ်။ဒီကား In Our Prime မှာလည်း လျှို့ဝှက်အေးဆေးတဲ့ သင်္ချာပညာရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ မင်းသားကြည့်ပြီး ဇာတ်လမ်းရွေးသင့်တဲ့အထဲမှာ သူထိပ်ဆုံးကပါတယ်။ဒီ In Our Prime ရုပ်ရှင်ဟာ South Korea Box Office မှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။ကျော်ကြားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက အပယ်ခံ Ji Woo ...
movie

In Our Prime (2022)

2022
Lucky Chan-sil (2019) 6.5
Lucky Chan-sil (2019) Lucky Chan-Sil 2019 *********************= IMDB 6.5 = ဘယ်လိုအရာတွေ ရှိနေမှ ဘ၀ကို ကံကောင်းတယ်လို့သတ်မှတ်မှာလဲဒီဇာတ်လမ်းမှာတော့ ဘ၀မှာ အရေးကြီးတဲ့အရာတွေနဲ့ဘ၀ရဲ့ ကံကောင်းမှုက ဘာတွေလဲဆိုတာကို သေချာရိုက်ကူးပြထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၉ ဆုတောင် ရထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း အီချန်းရှီဟာ ရုပ်ရှင်ပီဒီတစ်ယောက်ဖြစ်ပါတယ်အသက် ၄၀ အရွယ်ထိ လက်မထပ်ပဲ သူမရဲ့ ငယ်ရွယ်ချိန်တွေကိုသူမအရမ်းသဘောကျတဲ့ ဒါရိုက်တာကြီးနဲ့ အတူ ရုပ်ရှင်တွေရိုက်ကူးရင်း ကုန်ဆုံးခဲ့ပါတယ်ရုတ်တရက်ကြီး သူချစ်ခင်လေးစားတဲ့ ဒါရိုက်တာကြီးဆုံးပါးသွားတဲ့အခါမှာတော့ ပီဒီအလုပ်ကနေ ထွက်ခဲ့ပါတယ်အလုပ်တွေ မရှိတဲ့အချိန်မှာ သူတကယ်ဖြစ်ချင်တာဘာလဲ သူလိုချင်တာကဘာလဲသူဘာတွေလုပ်ချင်လဲဆိုတာကို သေချာစဉ်းစားခဲ့တယ် ရှာဖွေခဲ့တယ်နောက်ဆုံး သူရှာတွေ့သွားမယ့် တကယ်အရေးကြီးတာတွေက ဘာတွေလဲဘ၀ရဲ့ကံကောင်းမှု အစစ်အမှန်က ဘာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်။  File Size : (1.45 GB),(898 MB)&(405 MB) Quality :  1080p.FHDRip Format…mp4 Duration…1h 36min Genre : Drama, Fantasy, Romance Subtitle : Myanmar ...
movie

Lucky Chan-sil (2019)

2019
More Than Family (2020) 6
More Than Family (2020) More Than Family (2020)"မိသားစုထက် ပိုတယ်" ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ မိသားစုတွေအကြောင်းရိုက်ထားတဲ့ကားလေးပါFx အဖွဲ့က Krystal လေး က ဗိုက်တစ်လုံးနဲ့သရုပ်ဆောင်ထားပါတယ် တက္ကသိုလ်ကျောင်းသူဂိုက်ဆရာမလေးဟာ စိတ်လက်တစ်ဆစ်နဲ့ ဟောဟောဒိုင်းဒိုင်း လုပ်ချင်တိုင်းလုပ်တတ်တဲ့ ကောင်မလေးပေါ့သူ စာသင်ပေးနေတဲ့ အထက်တန်းနောက်ဆုံးတစ်နှစ်ကျ ကျောင်းသားလေးနဲ့ စာသင်ရင်းက အရှိန်လွန်ပြီး ကိုယ်ဝန်ငါးလဖြစ်သွားတော့တယ် (ဘယ်လိုအရှိန်လွန်တာလဲတော့ မမေးနဲ့ဗျနော့)အဲ့ဒါကို နှစ်ဖက်မိဘတွေကိုပြောတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာလဲကိုယ်ဝန်ကြီးနဲ့ အဖေရင်းလိုက်ရှာတဲ့ဆရာမလေးကရော တွေ့မှာလား မိသားစုတွေရဲ့တွေးခေါ်ပုံတွေမတူတဲ့အခါ လက်ခံနိုင်စွမ်းတွေလည်းကွာဟတယ်ဆိုတာကို ရယ်ရင်းမောရင်းနဲ့ကြည့်ရအောင်ဇာတ်လမ်းကို ဖတ်ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘဲ ရိုးရှင်းနေတဲ့ ဇာတ်ကားလေးပါပဲ။ ဒါပေမယ့် ကြည့်မိရင်တော့ အဆုံးထိကြည့်မိမှာ သေချာပါတယ်။ဘာမှမကြည့်ချင်ရင်တောင် Krystal လေးရဲ့မျက်နှာပြောင်လေးကြည့်ရရုံနဲ့တင်တန်ပါတယ် ကြည့်ကြပါလို့File size… Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 50min Subtitle….Myanmar Subtitle (Hardsub) Encoder…. August Translated by ..... Thinzar Htet
movie

More Than Family (2020)

2020
Idol ( 2019 ) 5.8
Idol ( 2019 ) Zawgyi*******ဒီကားလေးကတော့ပြည်သူတွေဖက်ကနေရပ်တည်ပြီးတရားမျှတမှုရှိတယ်လို့နာမည်ကျော်တဲ့ကိုမြောင်ဟီ သားဖြစ်သူရဲ့ကားမတော်တဆမှုတစ်ခုကြောင့်လူသေမှုဖြစ်သွားတာကိုသားကိုဖြောင်းဖြပြီး အမှုရင်ဆိုင်ခိုင်းပြီးတဲ့နောက်သားသေဆုံးမှုကြောင့်အရူးတစ်ပိုင်းဖြစ်ခဲ့တဲ့ဂျွန်စစ်အမှုအဖြစ်အပျက်ကိုအစဆုံးသိတဲ့ ဘိုနမ်ကို၂ယောက်သားမတူညီတဲ့အကြောင်းပြချက်တွေနဲ့လိုက်ရှာကြရင်းဘယ်လိုတွေဆက်ဖြစ်လာမလဲအမှုမှန်ပေါ်လာမလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Unicode*******ဒီကားလေးကတော့ပြည်သူတွေဖက်ကနေရပ်တည်ပြီးတရားမျှတမှုရှိတယ်လို့နာမည်ကျော်တဲ့ကိုမြောင်ဟီ သားဖြစ်သူရဲ့ကားမတော်တဆမှုတစ်ခုကြောင့်လူသေမှုဖြစ်သွားတာကိုသားကိုဖြောင်းဖြပြီး အမှုရင်ဆိုင်ခိုင်းပြီးတဲ့နောက်သားသေဆုံးမှုကြောင့်အရူးတစ်ပိုင်းဖြစ်ခဲ့တဲ့ဂျွန်စစ်အမှုအဖြစ်အပျက်ကိုအစဆုံးသိတဲ့ ဘိုနမ်ကို၂ယောက်သားမတူညီတဲ့အကြောင်းပြချက်တွေနဲ့လိုက်ရှာကြရင်းဘယ်လိုတွေဆက်ဖြစ်လာမလဲအမှုမှန်ပေါ်လာမလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Translated & Reviewed By MineEncoded By LK
movie

Idol ( 2019 )

2019