Channel Myanmar

Kanwaljeet Singh

Tribhanga(2021) 7.0
Tribhanga(2021) Tribhanga(2021)အညွှန်း******************IMDb...7.0နာယန်ဆိုတဲ့အမျိုးသမီးကြီးဟာ နာမည်ကြီးစာရေးဆရာမတစ်ယောက်ပါ.....ငယ်စဉ်ကထဲကရေးခဲ့တဲ့ စာအုပ်တွေအတော်များများဟာ အရောင်းရဆုံးစာရင်းဝင်ခဲ့သလိုရုပ်ရှင်တွေအဖြစ်အမြောက်အများပြန်လည်ရိုက်ကူးခဲ့ရပါတယ်.....ငယ်စဉ်က စာရေးခြင်းအလုပ်ကိုပဲဇောက်ချလုပ်ကိုင်ခဲ့ပုံရတယ်....သမီးဖြစ်သူအပေါ်နွေးထွေးမှုတွေလည်း လစ်ဟင်းခဲ့ပုံပါပဲ...သမီးဖြစ်သူကလည်း အရွယ်မတိုင်ခင်ရင့်ကျက်ခဲ့ရပြီးကိုယ့်လမ်းကိုယ်ဖောက်ပြီးအောင်မြင်နေပေမဲ့ အမေဖြစ်သူစာရေးဆရာမကြီးကိုတော့အမုန်းကြီးမုန်းနေဆဲပါပဲ..... အသက်အရွယ်ရလာတဲ့စာရေးဆရာမကြီးဟာ နောက်ဆုံးအနေနဲ့ကိုယ်တိုင်ရေးအတ္ထုပတ္တိလေးထုတ်သွားချင်တယ်...ငယ်ဘဝကစလို့ဖြတ်သန်းပုံအဆင့်ဆင့်ကိုရေးသားသွားချင်တယ်..ခက်တာကသူမရဲ့လက်ကျန်းမာရေးအခြေအနေက ကိုယ်တိုင်ရေးဖို့ခက်ခဲတာကြောင့် တခြားစာရေးဆရာတစ်ယောက်ကိုကူညီတောင်းပြီးအသံသွင်းမှတ်တမ်းနဲ့ပြန်ရေးစေပါတယ်...အဲ့ဒီလိုရေးနေစဉ်ကာလမှာပဲမထင်မှတ်တဲ့အရာတွေဆက်တိုက်ဖြစ်လာပါတော့တယ်...ဒီကားက မင်းသမီးကြီး Kajol အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဇာတ်လမ်းတော်တော်ကောင်းတဲ့ ကားမို့အိန္ဒိယကားကြိုက်သူတို့ လက်မလွှတ်သင့်ပါဘူး...ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။File Size : (1.8GB) and (897MB) Quality : WEB-DL1080P5.1CH,720p Format…mp4 Duration…01:35:00 Genre : Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Tribhanga(2021)

HEVC 1080p 5.1
Inkaar(2013) 6.1
Inkaar(2013) ထိပ်တန်း ကြော်ငြာအေဂျင်စီတစ်ခုရဲ့ CEO ဖြစ်တဲ့ ရာဟူးဗာမာ ဟာအရည်အချင်းရှိတဲ့လူငယ်တွေကို ပျိုးထောင်ပေးရာမှာ အလွန်ကျော်ကြားသူပါ မာယာ ဆိုတဲ့ အမျိုးသမီးဟာလည်း သူ ပျိုးထောင်သင်ကြားပေးရင်းကနေမှလုပ်ငန်းပိုင်ဆိုင်ရာမှာ အတော်အတန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါတယ် သူတို့နှစ်ဦးဟာ တွဲဖက်ညီစွာ အလုပ်လုပ်ကိုင်ရင်း အောင်မြင်မှုတွေအတူတူရယူနိုင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း အခြေအနေအရပ်ရပ်ကြောင့် နှစ်ယောက်သားကြာမှာသဘောထားကွဲလွဲမှုတွေ ရှိလာတဲ့အခါမှာတော့ ရာဟူးက သူ့ကို မဖွယ်မရာပြုမူပါတယ်ဆိုပြီး မာယာက တိုင်တန်းပါတော့တယ် ကုမ္ပဏီဘက်ကတော့ ကော်မတီဖွဲ့ပြီး သူတို့အရေးကိစ္စကိုဖြေရှင်းဖို့ကြိုးစားပေးတဲ့အခါမှာ အမှန်တကယ်အပြစ်ရှိသူက ဘယ်သူဖြစ်မလဲဆိုတာကိုဇာတ်လမ်းကြည့်ရှုရင်း အဖြေဖော်ထုတ်ကြရအောင်ဗျာ
movie

Inkaar(2013)

2013