Channel Myanmar

Kaoru Kobayashi

The Boy and the Heron (2023) Cam Version 7.6
The Boy and the Heron (2023) Cam Version IMDb - 7.6/10 Rotten Tomatoes - 97%Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီးSpirited Awayဇာတ်ကားအပြီး ဒုတိယမြောက်Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီးဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ကောင်းကိုကောင်းစေရမယ်။လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင်ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl's moving castleရဲ့အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီးJapan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ အခုအထိလည်း နိုင်ငံတကာမှာပြသနေတဲ့အပြင်ကြည့်သူတွေအများအပြားရှိသေးတာမလို့ digital release(အကြည်)ဟာဇွန်လမှထွက်မယ်ဆိုတဲ့အထိကို ကြမ်းနေပါတယ်။ သတင်းတွေကလည်း စွတ်ကြီးနေတော့ ကျနော်ကိုယ်တိုင်လည်းဟုတ်ပါ့မလားဆိုပြီး ကြည့်ချင်နေခဲ့တာပါ။နောက်တော့ januaryလမှာပဲ ရုံခိုးရိုက်ထွက်လာပါတယ်။ဖွင့်ကြည့်တော့ တော်တော်ကိုရိုက်ထားတာအဆင်မပြေတာရော၊ဘိုစာတန်းမဟုတ်တာရောကြောင့် မကြည့်ဖြစ်ခဲ့ဘူးဗျ။ ပြီးခဲ့တဲ့တစ်လလောက်မှာတော့ ဘိုစာသီးသန့်ထွက်လာပါတယ်။ဒါပေမဲ့ ရုံခိုးရိုက်ပဲရှိသေးတာမလို့ ကြည့်သင့်မကြည့်သင့်လုပ်နေရာကနေ၂ပတ်ကြာသွားခဲ့တယ်လေ။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ကြည့်လိုက်မယ်ကွာဆိုပြီးအစပိုင်းလေးဖွင့်ကြည့်ဖို့လုပ်ရာကနေ ရုံခိုးရိုက်ဆိုတာရော၊အသံဝါးတာရော အကုန်မေ့သွားပြီး ဇာတ်လမ်းကိုအဆုံးထိမျောပါသွားခဲ့တာဗျ။ဇာတ်လမ်းဆုံးတော့လည်း Studio Ghibliကတော့ လုပ်ချလိုက်ပြန်ပြီ။တကယ့်ဆရာကြီးပါကွာဆိုပြီးပဲတွေးမိနေတော့တယ်။ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရSpirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice ...
movie

The Boy and the Heron (2023) Cam Version

2023
Yes, I Can’t Swim (2022) 5.5
Yes, I Can’t Swim (2022) Yes, I Can't Swim (2022)အရိုးစွဲလာတဲ့ အကြောက်တရားကို ကျော်လွှားဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲလှတဲ့အရာပါ။ အထူးသဖြင့် အတိတ်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့်ရလာတဲ့ Thalassophobia လို ရေကြောက်တဲ့စိတ်ကို ဖျောက်ဖို့က တော်တော်လေး မလွယ်ကူလှပါဘူး။ ဒီဇာတ်ကားထဲမှာတော့ "ယုဂျိ တကနရှိ"လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် ရေမကူးတတ်တဲ့ တက္ကသိုလ်ဆရာတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ငယ်စဉ်တုန်းက ရေထဲပြုတ်ကျဖူးတဲ့ဖြစ်ရပ်ကြောင့် ရေကြောက်သွားပြီး ရေကူးမသင်ခဲ့တဲ့ ဆရာ "ယုဂျိ"ဟာ တစ်နေ့မှာတော့ မြစ်ထဲပြုတ်ကျသွားတဲ့ သားလေးကို လိုက်ကယ်ရင်း သူကိုယ်တိုင်လည်း သတိမေ့သွားခဲ့ပါတယ်။ ပြန်သတိရလာချိန်မှာတော့ သူ့သားလေးက ဆုံးပါးသွားပြီဖြစ်သလို သူလည်း ဒီအဖြစ်ပျက်ကရတဲ့ Post Traumatic Stress Disorder စိတ်ဒဏ်ရာကြောင့် ဒီအဖြစ်အပျက်ကို မှတ်ဉာဏ်ထဲမှာ လုံးဝ မမှတ်မိခဲ့ပါဘူး။ဒီကိစ္စကြောင့်ပဲ သူတို့ရဲ့ အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်ပြီး ကွာရှင်းလိုက်ကြပါတယ်။ ၅နှစ်ခန့်အကြာမှာတော့ အိမ်အပြန်လမ်းမှာ ရေကူးသင်တန်း ပိုစတာတစ်ခုကိုတွေ့ပြီး အသစ်အဆန်းကို စူးစမ်းချင်စိတ်ကြောင့် ...
movie

Yes, I Can’t Swim (2022)

2022
Kiseki: Sobito of That Day (2017) 6.4
Kiseki: Sobito of That Day (2017) Kiseki: Sobito of That Day (2017)အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green ...
movie

Kiseki: Sobito of That Day (2017)

2017
Loved Like a Flower Bouquet (2021) 7.1
Loved Like a Flower Bouquet (2021) I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie

Loved Like a Flower Bouquet (2021)

The Island of Cats 2019 6.6
The Island of Cats 2019 ဒီဇာတ်ကားလေးက ၂၀၁၉ကထွက်ရှိထားတဲ့ဇာတ်ကားလေးပါ လူတွေနဲ့ ကြောင်တွေကြားကချစ်ခြင်းမေတ္တာကိုဖော်ကျူးထားတဲ့လုံး၀မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ တိရစ္ဆာန်ချစ်သူတွေအတွက် သေချာပေါက် ချစ်ခြင်းမေတ္တာ​ကိုခံစားမိပြီးမျက်ရည်ကျရမဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ ဇာတ်လမ်းအကျဥ္းကတော့ ကြောင်ကျွန်းလေးမှာနေထိုင်တဲ့အသက်၇၀အရွယ် ဟာရူယာမာ ဒါအီကိချီ ဆိုတဲ့အဘိုးကြီးမှာ တာမာ အမည်ရှိတဲ့ကြောင်မလေးတစ်ကောင်ရှိပါတယ် ဒါအီကိချီဟာလွန်ခဲ့တဲ့၂နှစ်ကဆုံးပါးသွားတဲ့သူ့မိန်းမကိုအမြဲလိုလိုသတိရနေတဲ့သူပါ တာမာအမည်ရှိတဲ့ကြောင်လေးဟာ လူနားနီးပီးအသိဉာဏ်အတော်ရှိတဲ့ကြောင်လေးပါ လူတိုင်းနဲ့ခင်မင်ရင်းနှီးလိုစိတ်ရှိပါတယ် သခင်အခက်အခဲတွေ့တ​ဲ့အခါတိုင်းပါးစပ်ကမပြောတတ်ပေမဲ့အမူအရာလေးတွေနဲ့ကူညီတတ်တဲ့ကြောင်လေးပါ တစ်နေ့တော့ သူ့သခင်နှလူံးဖောက်ပြီးဆေးရုံတက်ရပါတာ် ဆေးရုံကပြန်ဆင်းလာပီး၁ရက်လောက်အကြာမှာကြောင်လေးပျောက်သွားခဲ့ပါတယ် ကြောင်လေးဘာလို့ပျောက်သွားလဲ ပြန်တွေ့မှာလားမတွေ့ဘူးလားဆိုတာကိုတော့ ကရုဏာသက်စွာ ရင်ခုန်စွာစေ   File Size : 1GB and 500mb Quality : webrip 1080p/720p Format…mp4 Duration…1hr43min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie

The Island of Cats 2019

Princess Mononoke (1997) 8.4
Princess Mononoke (1997) ဒီတစ်ခါတော့ ခံစားချက်ပေါင်းများစွာ ရစေမဲ့ အဓိပ္ပါယ်အများကြီးရှိတဲ့ ဂျပန် Anime လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားဟောင်းပေမဲ့ နှစ်ချို့ဝိုင်လို ခေတ်အဆက်ဆက် ဖြတ်သန်းပြီးတာတောင် ဟောင်းလေကောင်းလေ သတ်မှတ်ထားကြတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဒီ ကမ္ဘာလောကကြီးမှာ ဖြစ်နိုင်မယ်ဆိုရင် လူတိုင်းက အရာအားလုံးကို လိုချင်ကြတာပါပဲ။ ကိုယ် လိုချင်တာတွေ အတွက် လူတွေ အပြိုင်အဆိုင် ဖြစ်လာတဲ့အခါ အမုန်းတရားနဲ့ အမှား အမှန် ဖြစ်တည်လာရတယ်။ ဒီ ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ကိုယ့်အမှန်တရားနဲ့ကိုယ် ရှိနေတဲ့ ဘက်နှစ်ဘက်ရယ် လောဘသက်သက် အတ္တ အမှန်တရားရှိနေတဲ့တစ်ဘက်ရယ် ကြားနေလူတစ်ယောက်ရယ်နဲ့ အမှန်တရားဆိုတာ ဘက်တိုင်းမှာ ရှိနေကြောင်း ကောင်းကောင်းကြီး မီးမောင်း ထိုးပြ နိုင်ခဲ့ပါတယ်။ ဘက်တိုင်းမှာ ရှိနေတာဟာ ဘယ်ဘက်မှာမှ မရှိတာနဲ့ အတူတူပါပဲ။   ဇာတ်လမ်းအကျဉ်းကတော့.... ရှေးပဝေဏသီ အတိတ်တစ်ခုတုန်းက သားရိုင်းတွေ သစ်တောဝိညာဉ် နတ်ဘုရားတွေ သစ်တောထဲ နေခဲ့ကြတယ်။ သူတို့ကို စောင့်ရှောက်တဲ့ သားရိုင်းကြီးတွေနဲ့ လူတွေလည်း အတူ သဟာဇာတ ဖြစ်ဖြစ် ရှိခဲ့ကြတယ်။   သစ်တောကို ရှင်းလင်းပြီး အမျိူးသမီးတစ်ယောက်က ပြည့်တန်ဆာနဲ့ နူနာသည်လို လူ့လောက အပယ်ခံတွေ အတွက် မြို့တစ်မြို့ တည်ဆောက်တဲ့အချိန် သစ်တောရဲ့ မူလနေထိုင်သူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပြင် သံသတ္တုပေါများတဲ့ ဒေသ ့ဖြစ်တာကြောင့် ဧကရာဇ်ရဲ့ မျက်စိကျ ခံရပြီး တိုက်ခိုက်ခံရတဲ့ ဒေသလည်း ဖြစ်ခဲ့တယ်။   သစ်တောဝိညာဉ်နတ်ဘုရားရဲ့ ခေါင်းက ထာဝရအသက်ကို ပေးနိုင်တယ်လို့ ယုံကြည်သွားတဲ့ ဘုရင်တစ်ပါးက ...
movie

Princess Mononoke (1997)

1997