Channel Myanmar

Karen David

Couples Retreat (2009) 5.5
Couples Retreat (2009) Vince Vaughn အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ပြီး Jason Bateman, Jon Favreau စတဲ့ စတားတွေ ခြံရံထားတဲ့ Couples' retreat ဆိုတဲ့ အိမ်ထောင်ရေးအချစ်ဟာသဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အချစ်ရေးဆိုတာကလည်း ဘာပြဿနာမှမရှိနေတာကလည်း ပြဿနာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါပြီ။ အိမ်ထောင် တစ်ခု ဖြစ်တည်လာပြီဆိုရင် စုံတွဲတွေအဖို့ အခက်အခဲတွေ ပြဿနာတွေကြားထဲကပဲ အချစ်ကိုတည်ဆောက် ပဲ့ပြင်ကြရစမြဲပါပဲ။ Couples' retreat ဆိုတာကတော့ စုံတွဲတွေအတွက် အေးစက်နေတဲ့အချစ်ရေးကိုပြန်စတင်ဖို့ အချိန်ကာလတစ်ခု ကိုဆိုလိုတာပါ စုံတွဲတွေအတွက် ခံစားချက်တွေ အေးစက်လာတဲ့အချိန်. ပုံမှန်နေ့စဉ်ဘဝကြီးထဲမှာ စိတ်လှုပ်ရှားစရာတွေကုန်ခမ်း လာတဲ့အချိန်မှာ ခြေတစ်လှမ်းဆုတ်ပြီး ဘဝကိုအနားခဏပေးကာ စိတ်ရောကိုယ်ပါအနားယူပြီး ခံစားချက် တွေကို တည့်မတ်ခွင့်ရတဲ့အတွက်လည်း Couples' retreat လို့ တင်စားပြောနိုင်ပါတယ် ဒီစိတ်ကူးကို ပထမဆုံးအကြံရပြီး အကောင်အထည်ဖော်ဖို့ တကယ်ကြီးတင်ဆက်လာတာကတော့ ဂျေဆင်နဲ့ စင်သီရာ တို့ အတွဲပါပဲ. သူတို့ရဲ့ ကျွန်းပေါ်ကအပန်းဖြေစခန်းမှာ အနားယူကြမယ့် အိုင်ဒီယာကို ပရိုဂျက်တာနဲ့ ပြပြီး ပါဝါပွိုင့်စလိုက်ရှိုးတွေနဲ့ပါ တင်ဆက်လာခဲ့ပါတော့တယ် ပထမအစမှာတော့ ကျန်တဲ့စုံတွဲ ၃ တွဲက သဘောမတူခဲ့ကြပါဘူး. ဒါပေမယ့် ဂျေဆင်ရဲ့ အထူးကြိုးပမ်းမှုအရ ဒေ့ဗ် နဲ့ ...
movie

Couples Retreat (2009)

Land of Gold (2022) 6.7
Land of Gold (2022)   ဒီ Land of Gold ဆိုတဲ့ ဇာတ်ကားလေးကတော့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ IMDB 6.9/10 ရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် 2021 မှာပြုလုပ်ခဲ့တဲ့ Tribeca ရုပ်ရှင်ပွဲတော်ကြီးမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမေရိကန်-ပန်ချာဘီ လူမျိုးဖြစ်တဲ့ ကီရန်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့မိသားစုအပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ကီရန်က မိသားစုအခြေအနေကြောင့် မိမိကိုယ်ကိုအနစ်နာခံပြီးတော့ အလုပ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့မိသားစုကိုသေချာအချိန်မပေးနိုင်ပဲ သူ့မိခင်ကော သူ့အမျိုးသမီးနဲ့ပါ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ သူ့အမျိုးကတော့ ကလေးမွေးလုဆဲဆဲဖြစ်နေတော့ သူလည်း မိသားစုအတွက် ပိုက်ဆံရှာဖို့ ဘော်စတွန်ကို ကုန်မောင်းပို့ရာကနေဇာတ်လမ်းစပါတော့တယ်။ လမ်းတစ်လျှောက်မှာ အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက် သူ့ကုန်ကားပေါ်ပါလာတာကိုတွေ့ပြီး သူ့ကိုကူညီပေးဖို့အကြောင်းဖန်လာတော့တယ်။ဒီဇာတ်ကားလေးမှာ လက်တွေ့လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုပြဿနာ၊ ဇနီးမောင်နှံတွေကြားက မပြေလည်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် ဘယ်လောက်အထိလွမ်းမိုးမှုရှိသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးပေးထားလို့ ရသပေါင်းများစွာပေးစွမ်းနိုင်တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ...
movie

Land of Gold (2022)

Red Lights (2012) 6.2
Red Lights (2012) Red Lights (2012)ကျွန်တော်တို့တွေအသည်းစွဲ Peaky Blinders ရဲ့ Thomas Shelby မင်းသားဖြစ်တဲ့ Cillian Murphy... ဆယ်စုနှစ်တစ်ခုလောက်ချစ်ခဲ့ကြရတဲ့ မမ၊ နောက်ဆယ်စုနှစ်တွေမှာလည်း ဆက်ချစ်ရဦးမယ့် မမ Elizabeth Olsen... Avatar နဲ့ Aliens ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ရင့်ကျက်တည်ကြည်ခန့်ငြားနေဆဲ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တဲ့ Sigourney Weaver... ၈၀ခုနှစ်တွေကတည်းကနေ ခုချိန်ထိ ဂန္ထဝင်တွင်နေဆဲ တွင်နေမယ့် အနှိုင်းမဲ့မင်းသားကြီး Robert De Niro...ခုလို Cast အလန်းကြီးတွေအပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်တွေပါ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~Professor Dr. Margret Matheson ဟာ Psychologist တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ Physicist တစ်ယောက် ဖြစ်တဲ့ Tom Buckley နဲ့အတူ သဘာဝလွန်ဖြစ်ရပ်ဆိုတဲ့ အောက်လမ်း၊ အထက်လမ်း၊ မှော်ဆရာ၊ တန်ခိုးရှင် ဆိုပြီး မဟုတ်မမှန်လုပ်ကြံလိမ်ညာနေကြသူတွေကို ဖော်ထုတ်ကြပါတယ်။ ...
movie

Red Lights (2012)

2012
The Scorpion King: Rise of a Warrior (2008) 3.8
The Scorpion King: Rise of a Warrior (2008) Scorpion King 2 ကို ဒါရိုက်တာ Russell Mulcahy က ရိုက်ကူးထားခဲ့ပြီး အဓိကဇာတ်ဆောင်အဖြစ် Michael Copon က ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ ဖခင်ကိုသတ်ခဲ့တဲ့ ဆာဂွန်ဘုရင်ကြီးကို ကလဲ့စားချေဖို့ မားသရပ်စ်ရဲ့ ကြိုးစားအားထုတ်ပုံကို ကြည့်ရှုကြရမှာပါ။ မားသရပ်စ်ကို ကူညီမယ့်သူကတော့ ငယ်သူငယ်ချင်းဖြစ်သူ အမျိုးသမီးစစ်သည်တော်လေး လေလာ ဖြစ်ပါတယ်။ ဆာဂွန်ဘုရင်ကြီးရဲ့ မှော်အကာအရံကို ချေဖျက်အနိုင်ယူနိုင့်မယ့် လက်နက်ကောင်းတစ်ခုကို မားသရပ်စ်ကရှာဖွေဖို့ အီဂျစ်ပြည်အထိ သွားရောက်ခဲ့ပါတယ်။ အီဂျစ်ပြည်သွားရခြင်းမှာ အိုဆိုင်းရပ်စ်ရဲ့လှံတံကိုရှာဖွေဖို့ဖြစ်သော်လည်း လှံတံက အီဂျစ်ပြည်ပြင်ပတွင် အစွမ်းလျော့နည်းကြောင်း မားသရပ်စ် သိရှိလိုက်ရပါတယ်။ ဒါကြောင့် ဒမ်မိုခလိစ်ရဲ့ အစွမ်းထက်ဓားကိုရှာဖွေဖို့ ဂရိပြည်အထိ ခရီးဆန့်ခဲ့ကြရပြန်ပါတယ်။ ဒါရိုက်တာအသစ် သရုပ်ဆောင်အသစ်နဲ့ရိုက်ကူးထားတဲ့ Scorpion King 2 ကို ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြပါဦးခင်ဗျား...။ (အဲ သရုပ်ဆောင်သစ်ဆိုလို့ အဲသရုပ်ဆောင် မင်းသားကိုရင်းနှီးနေပါတယ်လို့ ကြည့်နေတာ Time Force Power Ranger ထဲကအပြာကောင်ဗျ ...
movie


2008