Channel Myanmar

Karl Theobald

Get Him to the Greek (2010) 6.3
Get Him to the Greek (2010)  2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Get Him to the Greek (2010)

Plebs: Soldiers of Rome (2022) 6.5
Plebs: Soldiers of Rome (2022) Plebs: Soldiers of Rome (2022)~ IMDb rating - 6.5/10 ~ဒီကားကို ညွှန်းရမယ်ဆိုရင်တော့... - ရယ်ရမယ် - ရယ်ရမယ် - ရယ်ရမယ်ဆိုတဲ့ သူငယ်ချင်းသံယောဇဉ် အခြေတည်တဲ့ ရောမခေတ်နောက်ခံ စစ်ထွက်ကားလေးပေါ့။တစ်ရံရောအခါက ရောမမှာ စစ်ပြန်သူရဲကောင်းတွေကို စားသောက်ဆိုင်တွေမှာ အခမဲ့စားသောက်ခွင့်ပေးဖို့ အမိန့်ထုတ်လိုက်ပါသတဲ့...။ ဒါကို မခံမရပ်နိုင်တဲ့ ဇာတ်လိုက်ကျော် စားသောက်ဆိုင်ပိုင်ရှင်လေးဟာ အဲဒီအမိန့်ကို ကလန်ကဆန်ပြုမိလို့ သူတို့ဆိုင်ဟာ လုံးလုံးပျက်စီးသွားပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အမိန့်စာအကပ်ခံရတဲ့ အိုးအိမ်တွေကို စစ်ပြန်တွေဆီ ရောင်းရမယ်ဆိုတဲ့ အမိန့်ကြောင့် အိမ်ရှင်ကပါ သူ့ကို အိမ်ပေါ်ကနှင်ချလိုက်တဲ့အခါမှာတော့…သူရဲကောင်းတွေကို အပစားပေးပြီး စစ်သားတွေဟာ ရေပေါ်ဆီလိုဖြစ်နေတဲ့ ကာလမှာ စစ်ပွဲတွေအပြီးတိုင်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကာလဆီ ဦးတည်ဖို့ အမိန့်တစ်ရပ်ထုတ်ပြန်လိုက်တဲ့အခါမှာတော့ ဇာတ်လိုက်ကျော်နဲ့ သူငယ်ချင်းတစ်စုဟာ တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ကဲ… စစ်ပွဲတွေကော အပြီးတိုင်ရပ်နားရဲ့လား စစ်ပွဲတွေက ရပ်နားလို့ရော ရရဲ့လား..။ ဟာသကားပါနော် ဟာသကား။ ဒေါင်းလို့ကြည့်ရှုကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Plebs: Soldiers of Rome (2022)

2022
Yesterday (2019) 7.0
Yesterday (2019) (Unicode) Yesterday ဆိုတဲ့ ရုပ်ရှင်လေး ကြည့်ကြရအောင်။ Musical ကားလေးပါပဲ။ကမ္ဘာပေါ်မှာ အကောင်းဆုံး အဆိုတော်အဖွဲ့လို့ ပြောပြီဆို လူအတော်များများ ပြေးမြင်မိကြမှာ ဘီတယ်စ်ပါပဲ။အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး သီချင်းတွေကို ရေးဖွဲ့ခဲ့ကြပါတယ်။ဒီရုပ်ရှင်ကတော့ ဘိုဟီးမီးယန်းတို့ ရော့ကတ်မန်းတို့လို ဘိုင်အိုပစ် မဟုတ်ပါဘူး။ဘီတယ်စ်ကိုအခြေခံထားတဲ့ စိတ်ကူးယဉ် ဂီတ ရုပ်ရှင်လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်ရဲ့ မြို့လေးတစ်မြို့မှာ အရမ်းကြိုးစားပေမယ့် မအောင်မြင်တဲ့ အဆိုတော်လေး တစ်ယောက် ရှိတယ်ပေါ့။တစ်နေ့တော့ သူဟာ အဆိုတော်ဘဝကို လက်လျှော့လိုက်တော့မယ် အချိန်မှာ အဖြစ်ဆန်းတစ်ခု ကြုံလိုက်ရပါတော့တယ်။အဲဒါကတော့ ကမ္ဘာပေါ်က လျပ်စစ်အားလုံး ၁၂ စက္ကန့် ပြတ်တောက်သွားပြီး အမှောင်ကျသွားတာပါပဲ။အဲဒီ ၁၂ စက္ကန့်အပြီးမှာ ကမ္ဘာပေါ်က အရာအချို့ဟာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး လူတွေက ရှိခဲ့တယ်ဆိုတာကိုတောင် မသိတော့ပါဘူး။ကိုကာကိုလာတို့ စီးကရက်တို့ကို လူတွေ မသိကြတော့ပါဘူး။အဲဒီအထဲမှာ ဘီတယ်စ် အဖွဲ့လည်း ပါသွားတယ်ပေါ့။အဲဒီ သီချင်းတွေနဲ့ သူတို့လေးယောက်ကို မှတ်မိနေသူက ဂျက် မာလစ် ...
movie

Yesterday (2019)

2019