Channel Myanmar

Karole Rocher

Scorpion (2007) 5.3
Scorpion (2007) Scorpion (2007) ============="ရန်သူတစ်သိန်းကို အနိုင်ရတာထက်ကိုယ့်စိတ်ကိုယ် အနိုင်ရတာကပိုပြီး အောင်မြင်မှုကြီးတယ်"တဲ့။ စိတ် လေးတစ်ချက်မထိန်းနိုင်လိုက်တဲ့ ခဏအတွင်း ပျက်စီး သွားတဲ့ဘဝတွေမနည်းဘူး။ ကွဲကွာသွားတဲ့ မိသားစုတွေ လည်း အများကြီးပဲ။အခုလည်းပဲ လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ် ချင်လွန်းလို့ အရာအားလုံးပုံအောပြီး အသေလဲကြိုးစား ခဲ့​​ပြီးမှ စိတ်လေးတစ်ချက်မထိန်းနိုင်လိုက်လို့ ထောင်ထဲမှာ ခြောက်နှစ်လောက်သွားနေလိုက်ရတဲ့ အန်ဂျလိုဆိုတဲ့အရွယ် ကောင်း လက်ဝှေ့သမားတစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို ကြည့်ရမှာဖြစ်ပါတယ်။ သူထောင်ကပြန်ထွက်လာတဲ့အခါ တလွဲတွေအပြည့်နဲ့ ဒုစရိုက်လောကကြီးထဲမှာ မငယ်တော့ တဲ့ သူ့အသက်အရွယ်နဲ့ သူ့အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ပါဦးမလားဆိုတာကို ဥပဒေမဲ့ လက်ဝှေ့ပွဲတွေနဲ့ အတူ ပြင်သစ်ဒုစရိုက်လောကနဲ့ပါယှဥ်တွဲပြီးကြည့်ရှုခံစားရမှာပါ။ မဆိုးလှတဲ့ဇာတ်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Momo ဖြစ်ပါတယ်)File Size..........(1.95 GB) / (854 MB) / (507 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Momo Encoder..........SWM
movie

Scorpion (2007)

2007