Channel Myanmar

Karoline Brygmann

Toscana (2022) 5.7
Toscana (2022) Toscana (2022) ============= IMDb Rating - 5.7/10Drama/ Romance ဇာတ်ကားကောင်းကြိုက်သူများအတွက် ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ သီအိုဒါလ် ဟာ စာဖိုမှူးအလုပ်ကိုပဲ အာရုံစိုက်ထားတဲ့ ဒိန်းမတ်က စာဖိုးမှူးတစ်ယောက်ပါ။ ဒေါသလည်းကြီးသလို သူ့အလုပ်ကလွဲရင် ကျန်တာတွေလည်းဂရုစိုက်ပါဘူး။ သူ့ရဲ့ စားသောက်ဆိုင်ဟာ ငွေရေး ကြေးရေး အခက်အခဲတွေ ရင်ဆိုင်ရပြီး ရင်းနှီးမြှုပ်နှံမယ့်သူကို လိုအပ် လာပါတော့တယ်။စိတ်ဝင်စားသူက လာရောက်ခဲ့သော်လည်း  သူ့ရဲ့ဒေါသကြောင့် ရင်းနှီး မြှုပ်နှံမယ့်သူနဲ့ အဆင်မပြေဖြစ်သွားပါတယ်။  ဒီလိုနဲ့ပဲ အခက်အခဲဖြစ် နေတုန်း သူ့ဆီကို စာစောင်ရောက်လာပါတော့တယ်။ အဆိုပါစာအရ ဟိုးအရင်ကတည်းက ကွဲကွာနေခဲ့တဲ့ အဖေဖြစ်သူ သေဆုံးသွားလို့ အမွေများကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ သီအိုရဲ့ အဖေဟာ အီတလီ နိုင်ငံ တက်စကာနီဒေသမှာ ရဲတိုက်ကြီးတစ်လုံးနဲ့ ခြံတွေ ထားခဲ့တာပါ။ ပိုက်ဆံလိုနေတဲ့ သီအိုလည်း အဆိုပါ ရဲတိုက်နဲ့ ခြံကို ရောင်းဖို့ အီတလီနိုင်ငံကို ရောက်လာပါတော့တယ်။ ထိုနေရာကိုရောက်လာသည့်အခါ သီအို့အတွက် ဘဝအတွေးအခေါ်၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံယူချက်တွေ ပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်း ကောင်းကောင်းကို ကြည့်ရင်း အီတလီနိုင်ငံ တက်စကာနီဒေသရဲ့ အလှအတွေကို ခံစားရမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ ...
movie

Toscana (2022)

2022
The Venus Effect (2021) 6.5
The Venus Effect (2021) The Venus Effect (2021)==================IMDb Rating - 6.5/10သာယာပျော်ရွှင်တဲ့မိသားစုလေးကနေ ဆင်းသက်လာတဲ့ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ထားတဲ့ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတဲ့ Comedy Romance Film လေးပဲ ဖြစ်ပါတယ်။ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ သာမာန်ဘဝလေးထဲက ကောင်မလေးတစ် ယောက်ရဲ့ စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်းရှိတဲ့အရာက ဘယ်အရာ ဖြစ်ပါလိမ့်မလဲ။ အချစ်ဆိုတဲ့အရာဟာ ထူးဆန်းပါတယ်။ stereotype တွေကို ဂရုမစိုက်ဘူး ချစ်ချင်ရင် ချစ်ခွင့်ရတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခွင့်ရတာမျိုးက ကောင်းမွန် တဲ့ဘဝကို ပိုင်ဆိုင်ရခြင်းပါ။ ဒီဇာတ်ကားလေးမှာတော့ straight တစ်ယောက်ဖြစ်တဲ့ကောင်မလေးကနေ lesbian အဖြစ် coming out လုပ်ဖို့အတွက် အားယူရတဲ့ momentsတွေ struggles တွေကို ပုံဖော်ရိုက်ကူးပေးထားတာမို့ ပရိသတ်ကြီးအတွက် သဘာဝဆန်သော ဇာတ်ညွှန်းဇာတ်ကွက်များကိုပေးစွမ်းနိုင်တဲ့ ကားကောင်းလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ။ ဒီကားလေးရဲ့အနှစ်သာရကတော့ Love itself is beautiful ပါပဲ။ 18+ scene တစ်ချို့ပါတာကိုလည်း ကြိုတင်သတိပေးပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah ...
movie

The Venus Effect (2021)

2021