Channel Myanmar

Karunas

Rebel (2024) 7.6
Rebel (2024) Rebel (2024) တမီလ်နာမည်ကျော်တေးရေးဆရာတဖြစ်လဲ အဆိုတော်၊ သရုပ်ဆောင်နဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ဂျေဗွီပရာတ်ကတ်ရှ်ကူးမားရဲ့ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၀ဝန်းကျင်က မူနာမှာ ကောလိပ်ကျောင်းတက်နေတဲ့ တော်လှန်ကျောင်းသားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့ အိန္ဒိယပြည်ဟာ ဘာသာစကားပေါ်မူတည်ပြီး ပြည်နယ်တွေပိုင်းခြားခံခဲ့ရတယ်။ အင်္ဂလိပ်တွေအုပ်စိုးစဉ်ကာလမှာ တမီလ်လူမျိုးတွေက အမြတ်ကြီးထုတ်ဂုတ်သွေးစုပ်ကြတဲ့ ကုမ္ပဏီတွေရဲ့လက်ဖက်စိုက်ခင်းတွေမှာ မငတ်ရုံတမယ်စားသောက်ဖို့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြရတယ်။ဒီလို ပင်ပန်းဆင်းရဲကြီးစွာနဲ့ လုပ်ကိုင်ရတဲ့လူမျိုးတွေက လူငယ်တွေမှာလည်း ကောလိပ်ဆက်တက်ဖို့လျောက်ရင် တစ်နှစ်မှ နှစ်ယောက် သုံးယောက်ပဲ တက်ခွင့်ရကြတယ်။ တက်ခွင့်ရလို့တက်တဲ့အခါမှာလည်း လူမျိုးစွဲ ဝါဒစွဲတွေနဲ့နှိမ်ချဆက်ဆံခံကြတာကို မခံနိုင်တဲ့ဆုံးမှာ ပြန်လည်တွန်းလှန်ခဲ့တဲ့ ကျောင်းသားတစ်ယောက်အကြောင်းကို တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 2.54GB  / 1.15GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Rebel (2024)

2024
Gatta Kusthi (2022) 6.9
Gatta Kusthi (2022) Gatta Kusthi (2022)နာမည်ကြီးမင်းသား Vishnu နဲ့ ချစ်စရာမင်းသမီးချောလေး Aishwarya Lekshmi ရိုက်ကူးထားပြီး IMDb ကလည်း 7အထိရထားတဲ့ Comedy အမျိုးအစားရုပ်ရှင်ကိုတင်ဆက်ပေးချင်ပါတယ် ဟာသဇာတ်မြူးလေးကိုမှ အချောအလှလေးတွေပါဝင်တာကြည့်ချင်ရင်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်နော်..ခီသီ(Aishwarya Lekshmi)ဆိုတာက နပန်းကိုငယ်ငယ်တည်းက လေ့လာလိုက်စားရင်းနိုင်ပွဲတွေကို ဆွတ်ခူးနိုင်ခဲ့သူပါ အနိုင်ကျင့်တဲ့လူတွေကိုပညာပြတဲ့ ဘွဲ့ရပညာတတ် ဆံပင်တိုတို ဗလတောင့်တောင့်ကောင်မလေးပေါ့ သူ့ကိုအိမ်ထောင်ဘက်အဖြစ်လာရွေးတဲ့လူတွေကလည်း ကိုင်‌ပေါက်ခံရမှာကြောက်လန့်ပြီးထွက်ပြေးကြတာချည်းပါပဲဗီရာ(Vishnu)ကတော့ တစ်ဦးတည်း‌သောသူဌေးသားပေါ့သတို့သမီးလောင်းအတွက်သူ့ရဲ့စံသတ်မှတ်ချက်တွေက ဆံပင်ရှည်ကြီးနဲ့ သူထိန်းချုပ်တိုင်းရမယ့်ပညာမတတ်မိန်းကလေးမျိုးပါ ဒီလိုနဲ့နှစ်ယောက်ကကံဆုံကြပြီး လူကြီးတွေကသူတို့ကိုအိမ်ထောင်ချပေးဖို့လုပ်လေတော့ ခီသီတစ်ယောက်ဘယ်လိုလိမ်ဆင်တွေလုပ်မလဲ ဆံပင်ရှည်ကြိုက်တဲ့ယောကျာ်းနဲ့ ဆံပင်တိုတိုခီသီတို့ ဘယ်လိုတွေလှည့်ပတ်ပြီးစခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် File size…2.78GB /1.23GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni
movie

Gatta Kusthi (2022)

2022
Massu Engira Maasilamani (2015) 5.9
Massu Engira Maasilamani (2015) Masss (2015)==============အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်း‌ဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…3.8GB  / 1.8GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Massu Engira Maasilamani (2015)

2015
Viruman (2022)
Viruman (2022) Viruman (2022) Imdb-5.2/10 Times of India-1.8/5ဗီရူမန်ကတော့ မွေးချင်းညီအစ်ကို လေးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ် သူငယ်ငယ်လေးထဲက သူ့အဖေအရင်းကိုတောင် ဓါးကိုင်ပြီးလိုက်ခုတ်ခဲ့ဖူးပါတယ် အကြောင်းရင်းကတော့သူ့အမေအရင်းက သူ့အဖေရဲ့နှိပ်စက်မှုဒဏ်တွေကြောင့် ဆုံးပါးသွားခဲ့ပါတယ်အဲ့ဒါကြောင့်သူ့အဖေကို နာကျည်းမုန်းတီးကာ ငယ်ငယ်ထဲက သူ့ဦးလေးတွေနဲ့ပဲနေထိုင်ကြီးပြင်းခဲ့ပါတယ် ဒီလိုနဲ့ကြီးပြင်းလာ‌တော့ သူ့အဖေကိုLesson ပေးချင် အပြစ်တွေအတွက် ပြစ်ဒဏ်ခံယူစေချင်တာကြောင့် အမျိုးမျိုးနှောင့်ယှက်ဒုက္ခပေးပါတော့တယ်သူ့အဖေကတော့ လာဘ်စားပြီးမောက်မာဆိုးသွမ်းတဲ့လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ် ထို့အပြင်သူ့အစ်ကိုသုံးယောက်ကိုလည်း မကောင်းတဲ့ဖခင်ကိုဆန့်ကျင်စေချင်တာကြောင့် လိုက်လံစည်းရုံးပေမဲ့ သူ့အစ်ကို ၃ယောက်က ငွေ ၊ ပစ္စည်းဥစ္စာမျက်နှာကြောင့် သူ့အဖေဘက်ကနေထွက်မလာပါဘူး ဒီလိုနဲ့ ‌ဖအေနဲ့ သားရဲ့တိုက်ပွဲမှာ နောက်ဆုံးသူ့အဖေကပဲရှုံးပြီး အပြစ်ကြွေးတွေဆပ်ရမလား... သူ့သားကပဲလက်လျှော့သွားရမလားဆိုတာ... File size…3GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Allena & Kevin & Yunni
movie

Viruman (2022)

Soorarai Pottru(2020) 9.3
Soorarai Pottru(2020) Soorarai Pottru(2020)IMDb...9.3(နင်းကန်ကောင်းတဲ့ကားမို့ WEB-DL 1080p 5.1CH,  ပါထပ်မံပြုလုပ်ပေးထားပါတယ်...)အိန္ဒိယနိုင်ငံမှာ ပထမဆုံး တန်ဖိုးနည်းလေကြောင်းခရီးစဉ်တွေအတွက် Air Deccan ဆိုတဲ့ လေကြောင်းလိုင်းကို ပြေးဆွဲပေးခဲ့တဲ့ စွန့်ဦးတီထွင်သူ G. R. Gopinath ရဲ့ဘ၀ထဲက အဖြစ်အပျက်တစ်ချို့ကို ရုပ်ရှင်တစ်ခုအနေနဲ့ တင်ဆက်လိုက်တဲ့ ဒီဇာတ်ကားဟာ ဒီနှစ်ပိုင်းမှာ ထွက်တဲ့ တမီးလ်ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးဇာတ်ကားလို့ပဲ ပြောချင်ပါတယ်။အဓိကဇာတ်ကောင်နေရာကို Singam မင်းသား ဆူရိယက သရုပ်ဆောင်ထားပြီး ဗီလိန်အဖြစ်နဲ့ Oh My God ဇာတ်ကားတွေထဲက Paresh Rawal တို့က သရုပ်ဆောင်ပေးထားပါတယ်။၂၀၂၀မှာ ခုလိုကားကောင်းမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ ဘာသာပြန်သူတွေအနေနဲ့တော့ ဒီကားဟာ ရွှေပဲ။အက်ရှင်ကားမဟုတ်ဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံထားတဲ့ သာမန်လူတန်းစားတစ်ယောက်ရဲ့ အများအကျိုးပြု အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပြသွားတဲ့ ဒရာမာကားကောင်းတစ်ကားပါပဲ။သူ့အိပ်မက်က ထူးဆန်းတယ်။ ကျယ်ပြန့်တယ်၊ လက်တွေ့မှာ မလွယ်လှတဲ့ လေကြောင်းလိုင်းတစ်ခုကို ထူထောင်ဖို့ပါ။လေယာဉ်နဲ့ ခရီးသွားဖို့ လူတိုင်းတတ်နိုင်ရမယ်။ သူ့တုန်းကလို အဖြစ်အပျက်မျိုး၊ ရထားစီးပြီး အချိန်ဖြုန်းခရီးသွားတာမျိုး နောက်မျိုးဆက်အဆက်ဆက် မဖြစ်စေရဖို့ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ဒါပေမဲ့ သူ့အဖို့ ...
movie

Soorarai Pottru(2020)