Channel Myanmar

Kate Berlant

First Time Female Director (2023)
First Time Female Director (2023) First Time Female Director (2023)Dark Comedy ပုံစံမျိုးကိုမှ သဘောကျတတ်တဲ့ ပရိတ်သတ်ကြီးအတွက် ၂၀၂၃ တုန်းကထွက်ထားတဲ့ First Time Female Director ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ Brooklyn Nine Nine ထဲက Gina အဖြစ်သရုပ်ဆောင်ထားတဲ့ Chelsea Peretti ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဒါရိုက်တာအနေနဲ့လဲ သူပဲရိုက်ထားပြီးတော့ ဇာတ်ကားနာမည်အတိုင်း First Time Female Director ပါပဲ။ တမင်အခွက်ပြောင်ထားသလားတောင် မှတ်ရတယ်။ Dark Comedy ဆိုတဲ့အတိုင်း သူတို့နိုင်ငံကလူတွေကို ထေ့လုံးရွဲ့လုံးတွေနဲ့ ဟာသလုပ်ထားတာဆိုတော့ နဲနဲတော့ နားလည်ရခက်နေပါလိမ့်မယ် ဒါပေမဲ့ ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပြဇာတ်ရေးပြီးအလုပ်လုပ်နေတဲ့ ဆမ်တစ်ယောက် သူ့ရဲ့ ကုထုံးဆရာဝန်ကလဲ လက်လန်စရာ ဆေးစွဲဖူးတဲ့သူ ဒီလို တလွဲလူနာနဲ့ တလွဲကုထုံးဆရာ တွေ့ပြီး ဆွေးနွေးကြတယ်ပေါ့။ ပြဇာတ်ရေးဆရာမကနေ ရုတ်တရက်ကြီး သူ့ရှေ့က ဒါရိုက်တာတစ်ယောက်က သရုပ်ဆောင်တစ်ယောက်နဲ့ အိပ်လိုက်တဲ့အတွက် အထုတ်ခံလိုက်ရပြီး နေ့ချင်းညချင်း ပြဇာတ်ရေးဆရာမကနေ ကောက်ကာငင်ကာ ဒါရိုက်တာလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒီတလွဲလူနာနဲ့ ကုထုံးဆရာ နှစ်ယောက်ပေါင်း တိုင်ပင်ပြီး ဒါရိုက်တာအလုပ်ကို ...
movie

First Time Female Director (2023)

2023
Dream Scenario (2023) 7.2
Dream Scenario (2023) Dream Scenario (2023) ================= IMDb Rating - 7.2/10ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ...
movie

Dream Scenario (2023)

2023
4K HEVC
Don’t Worry Darling (2022) 6.3
Don’t Worry Darling (2022) Don't Worry Darling (2022)ဒီဒရာမာလေးကတော့ ပရိသတ်အချစ်တော်နာမည်ကြီးတွေများပါတယ်။ ဟယ်ရီစတိုင်၊ ဖလောရန့်စ် ပြူ၊ ခရစ္စပိုင်းတို့ အဓိကပါဝင်ထားပါတယ်။ Psycho drama thriller လေးပါပဲ။ဇာတ်လမ်းထဲမှာ ဗစ်ထရီစီမံကိန်းဆိုတဲ့ ဘာမှန်းမသိတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။ အဲဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ ယောကျာ်းတိုင်းအတွက် အိမ်ရာတစ်ခုရှိပါတယ်။ အဲဒီအိမ်ရာမှာပဲ ဇနီးကိုယ်စီနဲ့ ပျော်ပျော်ရွင်ရွှင်နေကြပါတယ်။ စားစရာသောက်စရာ၊ ငွေကြေး ဘာမှကိုပူစရာမလိုပါဘူး။ အလုပ်ဆင်းတာနဲ့အချိန်တိုင်း ပျော်စရာတွေချည်းပါပဲ။ ပါတီတွေ၊ အားကစားတွေနဲ့ သုခဘုံအစစ်ပါပဲ။ ဒါပေမဲ့ သူတို့တွေ ဘယ်ကနေဒီကိုရောက်လာသလဲ၊ ဘာအလုပ်တွေလုပ်ရလဲဆိုတာ အားလုံးဝေဝေဝါးဝါးပါပဲ။ အဲဒီလူတွေထဲကနေ ဒီလောကကြီးကို သံသယဖြစ်လာသူတွေရှိရင်လည်း အားလုံးက သူ့ကိုရူးနေသလိုပဲထင်ကြပါတယ်။ အဲဒီလို သံသယရှိလာသူတွေထဲမှာ အဲလစ်ပါလာတဲ့အခါ ဒီအရာတွေအားလုံးကိုအဖြေရှာဖို့ ကြိုးပမ်းလာပါတော့တယ်...ဒီဇာတ်ကားကတော့ လက်ရှိဘဝတွေနဲ့လူတွေရဲ့စိတ်တွေကို နိမိတ်ပုံလေးနဲ့ ပြထားတာဖြစ်ပြီး ကြည့်နေရတဲ့လူကိုပါ အားမလိုအားမရ မွန်းကြပ်လာအောင်ဖန်တီးထားတဲ့အမျိုးအစားမို့ တမူထူးခြားပြီးခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ခုပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.7GB | 901MB | 495MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar ...
movie

Don’t Worry Darling (2022)

After Class(2019) 6.0
After Class(2019) After Class(2019)IMDb...6.0,,,Rotten...82%ဂျော့ဆိုတဲ့သူတစ်ယောက်ဟာ တက္ကသိုလ်တစ်ခုရဲ့ ပြဇာတ်ရေးတဲ့အတန်းမှာ စာသင်တဲ့ပရော်ဖက်ဆာတစ်ယောက်ဖြစ်တယ်...ကျောင်းသားတွေရဲ့ အတွေ့အကြုံကနေ သိပ်လှတဲ့ပြဇတ်တစ်ပုဒ် လက်ရာမြောက်တဲ့ ရေးသားမှုမျိုးထွက်လာအောင် လမ်းကြောင်းသင်ပြပေးတဲ့သူပေါ့...တစ်နေ့တော့ သူသင်တဲ့အတန်းမှာ ကျောင်းသူတစ်ယောက်ရဲ့ ရေးသားမှုကိုမူတည်ပြီးသူမ ဖြစ်ခဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခိုင်းတယ်...ပြောတော့လည်း လိင်ကိစ္စလိုဖြစ်နေပေမဲ့ပရော်ဖက်ဆာကတော့ ရှက်စရာမဟုတ်တဲ့အပြင် ဒီလိုဟာမျိုးကိုလက်ရာမြောက်တဲ့ စာကြောင်းတွေအဖြစ်ကူးပြောင်းလိုက်ပါလို့အားပေးခဲ့တယ်...ဒီလိုလုပ်တဲ့နောက်ဆက်တွဲအကျိုးဆက်ကတော့ သူ့အတန်းမှာ ကျောင်းသူတွေအတွက်မလုံခြုံတော့ဘူးဆိုပြီး အတန်းတွေပါပျက်ကုန်တော့တယ်....ဂျော့တစ်ယောက်ဘယ်လိုဆက်ဖြေရှင်းမလဲဆိုတာကိုတော့....ခံစားကြည့်ကြပါဦး..ဒီကားက ဆု(၃)ဆုတောင်ရထားတဲ့အပြင် Rotten ကလည်းတော်တော်ကောင်းတဲ့အနေအထားပါပဲ...File Size : (850 MB) and (419 MB) Quality : Blu-Ray 720p Format…mp4 Duration…01:33:00 Genre : Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae
movie

After Class(2019)

Sorry to Bother You (2018) 7.4
Sorry to Bother You (2018) Rating မြင့် Comedy/Fantasy ဇာတ်ကားဖြစ်ပြီး အပြောင်အပျက်တွေနဲ့ ရယ်ရယ်မောမောကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ ဖုန်းနဲ့ပစ္စည်းအရောင်းဝန်ထမ်းတစ်ယောက်ရဲ့ အလွဲအကွဲတွေကိုပေါ့ပေါ့ပါးပါးရိုက်ကူးထားတာပါ။ အလုပ်မှာသိပ်အဆင်မပြေရာမှာ အောင်မြင်နိုင်မယ့် Magic Key တစ်ခုတွေ့ရှိသွားပြီးနောက် ဘယ်လိုတွေထူးခြားလာမလဲ၊ ဘယ်လိုတွေအောင်မြင်ပြီး ဟာသတွေလုပ်မလဲဆိုတာတော့ ရုံးပိတ်ရက်တွင်းပေါ့ပေါ့ပါးပါးနားရင်းကြည့်လိုက်စေချင်ပါတယ်။ IMDb rating အနေနဲ့လည်း 7.2 အထိရရှိထားပါတယ်။ (ဘာသာပြန်ပေးထားသူကတော့ Zaya Phyoe  ဖြစ်ပါတယ်)  File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Comedy , Fantasy , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Zaya Phyoe Encoded by Thanhtike Zaw
movie


2018