Channel Myanmar
Kate Bosworth
Remember the Titans (2000) 7.8
Remember the Titans (2000) Remember the Titans (2000)“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေ အတော်ဆုံးကစားသမားကတော့ ကစား‌မှာပဲ”မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကိုCM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကား‌လေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှု‌ပြင်းထန်ဆဲကာလဖြစ်တဲ့ ၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့ တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့ လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့ American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့ ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်... တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်က လူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက် လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။ အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကို ငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီး တခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့ လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ် လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။ လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေ အချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲ...လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ... သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှ အောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကို IMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီး ဆုပေါင်း ...
movie
Remember the Titans (2000)
2000
4K HEVCHDR
Bee Season (2005) 5.5
Bee Season (2005) Bee Season (2005) =============ဒီကားနဲ့ အဓိကဇာတ်ရုပ်ဖြစ်တဲ့ Flora Crossက 2006 Best Young Actress မှာ အဲ့ခေတ်အခါက ဟယ်ရီပေါ်တာဇာတ်ကားထဲက Emma Watson, The Chronicles of Narnia ဇာတ်ကားထဲက Georgie Henley တို့နဲ့အတူ ဆန်ခါတင်စာရင်းဝင်ခဲ့တာပါ။ ဒီကားထဲမှာ ဘာသာ ရေးနဲ့နှီးနွှယ်နေတဲ့အတွက် စိတ်ဝင်စားစရာအချက်တွေပါဝင်နေပါတယ်။ ပြီးတော့ Bee Season ဆိုတာ သူတို့နိုင်ငံမှာ ကလေးတွေအတွက် ကျင်း ပတဲ့စာလုံးပေါင်းပြိုင်ပွဲပါ။ စကားလုံးတွေက ဂူဂဲလ်ခေါက်ရှာကြည့်ရင် တောင် နားမလည်နိုင်တဲ့အထိကြမ်းတာပါ။ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့အဓိကဇာတ်ဆောင် ၄ယောက်ရဲ့အေးတိအေး စက်သရုပ်ဆောင်မှုတွေအပြင်၊ ဘာသာရေးအမြင်မတူမှုတွေနဲ့ဆန်းသစ်တဲ့ စကားလုံး၊အတွေးအခေါ်တွေကို မြင်တွေ့ရမှာပါ။ကယ်လီဖိုနီးယား၊အုတ်ကလန်းမှာနေကြတဲ့ နော့မန်းတို့မိသားစုက ကြည်နူး အားကျစရာကောင်းတဲ့မိသားစုလေးပါ။ အိမ်ထောင်ဦးစီးအဖေဖြစ်သူက ဘာသာရေးပိုင်းလေ့လာလိုက်စားတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပြီး သူရဲ့ဘာ သာရေးအမြင်တွေကိုလည်း မိသားစုအပေါ်ချပြပြီး မိသားစုဝင်တိုင်းကို ဂျူး ဘာသာဝင်အဖြစ် ကူးပြောင်းစေခဲ့သူပေါ့။ သားအကြီးဖြစ်သူက ဖအေကို အားကျ‌တော့ ဖအေစိတ်ကျေနပ်စေမယ့်အရာမှန်သမျှလုပ်ပေးတယ်၊ ဖြစ်ချင် တော့ သမီးအငယ်ဖြစ်သူ အယ်လိုင်ဇာက စီရင်စုစာလုံးပေါင်းပြိုင်ပွဲမှာ အနိုင် ရလိုက်တော့ ဖအေဖြစ်သူရဲ့အာရုံစိုက်မှုတွေက သမီးအငယ်အပေါ် ကျရောက် လာတဲ့အခါ နော့မန်းမိသားစုရဲ့ကံကြမ္မာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File ...
movie
Bee Season (2005)
2005
Blue Crush (2002) 5.7
Blue Crush (2002) Blue Crush (2002)~ IMDb - 5.7/10, Rotten Tomatoes - 62% ~ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်း‌လေးဖြစ်ပါတယ်။ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ... မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်‌သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ...ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး ...
movie
Blue Crush (2002)
2002
Confidential Informant (2023)
Confidential Informant (2023) Confidential Informant (2023)စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ... ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆို‌တော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်...။အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator ...
movie
Confidential Informant (2023)
2023
Straw Dogs (2011) 5.8
Straw Dogs (2011)  1971 က နာမည်တူဇာတ်ကားကိုပဲ ပြန်လည်ဖန်တီးထားတဲ့သည်းထိပ်ရင်ဖို ဒရာမာဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။The Legend of Tarzan The Northman စတဲ့ဇာတ်ကားတို့နဲ့နာမည်ကြီးလာခဲ့တဲ့Skarsgård မိသားစု၀င်တယောက်ဖြစ်တဲ့Alexander Skarsgårdနဲ့ Hairspray, Sonic thehedgehog, Enchantedစသဖြင့် ကျရာဇာတ်ကောင်အတော်များများမှာသရုပ်ဆောင်နိုင်တဲ့James Marsdenတို့ကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘလက်ဝါးတား မစ္စစပီဆိုတာက အမေရိကန်နိုင်ငံရဲ့တောင်ဘက်ကမြို့လေးတမြို့။ Redneck လို့‌ခေါ်ကြတဲ့ရှေးရိုးစွဲလူဖြူတွေအများစုနေထိုင်ကြတယ်။ဒီနေရာကိုပြောင်းလာတာက ဒေးဗစ် ဆန်မနာဆိုတဲ့ရုပ်ရှင်စာရေးဆရာနဲ့မင်းသမီးငယ်ငယ်ချောချောလေး အေမီ ကိတ်စ်တို့လင်မယားနှစ်‌ယောက်ပါ။အေမီကိတ်စ်ရဲ့ဇာတိဖြစ်တဲ့ဘလက်၀ါးတားမြို့လေးကလူ‌‌တွေကအပြင်လူကိုသိပ်ပြီး မကြိုဆိုတတ်သလိုမြောက်ပိုင်းကလာတဲ့သူဌေးလိုလိုပညာတတ်ဆရာကြီးတွေကိုကြည့်မရဘူး။ ဒီလိုအချက်တွေနဲ့သွားညီနေတဲ့ဒေးဗစ်တယောက်က မြို့ရဲ့အချောလေး အေမီကိုမှပိုင်ဆိုင်သွားခဲ့တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့တယ်။အထူးသဖြင့်ကတော့ ချာလီဆိုတဲ့အေမီရဲ့ရည်းစားဟောင်းနဲ့သူ့ရဲ့သူငယ်ချင်းလက်သမားအဖွဲ့နဲ့ တွန် ဟက်ဒွန်ဆိုတဲ့ဘုကလန့်အရက်သမားနည်းပြဟောင်းတို့ရဲ့မျက်စိထဲမှာပါပဲ။ဒီခပ်ထန်ထန် ဘီယာလက်ကမချ သေနတ်တကားကားနဲ့သူ့ကိုကြည့်မရတဲ့မြို့ခံတွေအကြား မြို့သားကြီးဒေးဗစ်တယောက်ဘယ်လိုရှင်သန်ရမလဲ။ သူတို့ကိုမကြိုဆိုတဲ့ဒီမြို့မှာသူတို့ဆက်ရောနေသင့်ရဲ့လား။ချာလီရဲ့ အေမီအပေါ်မပြတ်နိုင်သေးတဲ့ မျက်၀န်းတွေအောက်နဲ့ဒေးဗစ်နဲ့အေမီတို့ရဲ့ခပ်တင်းတင်းအိမ်‌ထောင်ရေးတို့အကြားဘယ်လိုဆက်ဖြစ်ဦးမှာလဲ။သူတို့သုံးယောက်ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံးမှာတော့ဘယ်လိုပြီးဆုံးသွားမလဲဆိုတာကိုStraw dogs ဆိုတဲ့ဒီဇာတ်ကားလေးမှာရှူစားပေးပါဦး.............  File size…2.06GB / 828MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Straw Dogs (2011)
Last Sentinel (2023)
Last Sentinel (2023) Cm ပရိသတ်ကြီးအတွက် 2023 ထွက် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲကြီးတွေဖြစ်ခဲ့ပြီး ကုန်းမြေအကုန်လုံးနီးပါးဟာ ပင်လယ်ရေအောက်ကိုမြုပ်သွားကြပါတယ်။ ကုန်းမြေအကုန်လုံးနီးပါးရေထဲမြုပ်သွားပေမဲ့လည်း စစ်ဖြစ်နေတာကတော့မရပ်သေးဘဲ ကင်းစခန်းတွေကိုရေပေါ်မှာတည်ဆောက်ထားပြီး ရန်သူရဲ့ လှုပ်ရှားမှုကိုဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်။ ဗိုလ်ကြီးဟန့်ဒရစ်ခ်ျဦးဆောင်တဲ့ စစ်သားလေးယောက်ပါကင်းတပ်ဖွဲ့ကလည်း တာဝန်ကျရာ ရေပေါ်ကင်းစခန်းမှာစောင့်ကြည့်ရင်း တာဝန်ချိန်နှစ်နှစ်ပြည့်သွားတဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောရောက်အလာကို မျှော်လင့်နေကြတာပါ။ သူတို့ရဲ့စခန်းကလည်းတစ်လကိုတစ်ကြိမ်တိုက်ခတ်နေတဲ့မုန်တိုင်းကြောင့်တဖြည်းဖြည်းယိုယွင်းလာနေခဲ့ပါပြီ။ သူတို့ဆီကိုလည်းတစ်နေ့နဲ့တစ်နေ့ ဌာနချုပ်ကနေပြီးအကြောင်းကြားစာအသစ်တွေကိုရောက်ရှိမလာတဲ့အတွက် လူသူကင်းမဲ့ပြီးရေအတိဝိုင်းနေတဲ့ ပင်လယ်ပေါ်မှာ နှစ်နှစ်ကျော်နေလာရတဲ့လူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ရဲ့ကယ်ဆယ်ရေး သင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကမျောပါလာတာကိုတွေ့လိုက်ရပြီး သင်္ဘောပေါ်မှာ ပစ္စည်းတွေကလွဲရင် လူတစ်ယောက်မှပါခဲ့ပါဘူး။ ဌာနချုပ်ဘက်ကလည်း သင်္ဘောနဲ့ပတ်သတ်ပြီး ဘယ်လိုအကြောင်းကြားစာမှမပြန်တာမလို့ မျောပါလာတဲ့သင်္ဘောကိုပြင်ပြီးလူနှစ်‌ေယာက်က ဌာနချုပ်ဆီကို ကိုယ်တိုင်အစီရင်ခံစာသွားပို့မယ်လို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုသွားပို့မဲ့အစီအစဉ်ကအောင်မြင်ပါ့မလား၊ ‌သူတို့ရဲ့ အကြောင်းကြားစာတွေကိုရော ဌာနချုပ်ကဘာလို့အကြောင်းမပြန်တာလဲ၊ သူတို့ကရော နောက်ဆုံးကင်းတပ်ဖွဲ့ဖြစ်နေတာလား၊ ကယ်ဆယ်ရေးနဲ့ ရန်သူဘယ်အရာကအရင်ရောက်ရှိလာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(2 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama, ...
movie
Last Sentinel (2023)
Superman Returns(2006) 6.1
Superman Returns(2006) Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေကို တစ်ဖန်ရောက်ရှိလာပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ အရာရာဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ ဒီအပြောင်းအလဲတွေကို Superman တစ်ယောက် ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ ဒါ့အပြင် ရန်သူတော် Lex Luthor ရဲ့ ကောက်ကျစ်စဥ်းလဲမှုတွေ၊ ဉာဏ်နီဉာဏ်နက်များတာတွေကိုလည်း တားဆီးဖို့လိုအပ်လာပါပြီ။ ဒါတွေကို Superman ကျော်ဖြတ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ဦးမလဲဆိုတာတွေကို ကောင်းကောင်းလေးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.90GB / 784.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 34m Genre ..... Aciton , Adventure ,  Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin
movie
Superman Returns(2006)
The Locksmith (2023)
The Locksmith (2023)   The Locksmith (2023) ဒီဇာတ်ကားရဲ့ ဇာတ်ဆောင် Miller ဟာ ဘယ်သော့မဆို ဖွင့်နိုင်တဲ့ သော့ပြင်သမားတစ်ယောက်ပါ။ အဲလိုပါရမီနဲ့ Miller ဟာ ဒုတိယဘုရားသခင်ဖြစ်တဲ့ ငွေကို ကိုးကွယ်ပြီး အကျင့်ပျက်ရဲတစ်ယောက်နဲ့ပေါင်း၊ ဖောက်ထွင်းမှုကျူးလွန်ရာမှ အဲရဲသစ္စာဖောက်တာကိုခံရပြီး သူ့အခင်ဆုံးသူငယ်ချင်းကိုရော လွတ်လပ်တဲ့ဘဝကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ အဲလိုနဲ့ ထောင်ကပြန်ထွက်လာတဲ့အခါမှာတော့ သူဘဝသစ်ပြန်စပြီး သူ့ဇနီးဟောင်းနဲ့ သမီးအပေါ် ပျက်ကွက်ခဲ့တာတွေကို ပြန်ပေးဆပ်မယ်ဆိုတဲ့ စိတ်ကူးပဲရှိတဲ့ Miller ကို သူ့ကြောင့်သေသွားရတဲ့ သူငယ်ချင်းရဲ့ညီမက သူ့အစ်ကိုအတွက်ပြန်ပေးဆပ်ချင်ရင် သူ့ရဲ့စောရပညာနဲ့ သူ့ကို ဒုက္ခတွင်းက ကယ်ထုတ်ပေးဖို့ ပြောလာတဲ့အခါမှာ Miller တစ်ယောက် ဒုစရိုက်မှုတွေ ပြန်ကျူးလွန်ဦးမလားဆိုတာ ဒီဇာတ်လမ်းမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်File size…(2.78GB)  / (1.26GB) /698MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Action / mystery / Thriller Subtitle….Myanmar ...
movie
The Locksmith (2023)
Barbarian (2022) 7.4
Barbarian (2022) IT သရဲကားတွေရဲ့ မင်းသား Bill Skarsgård ပါဝင်ထားတဲ့ ပဟေဠိဆန်ဆန် ဟော်ရာရုပ်ရှင်ကားအသစ်ထွက်လာပါပြီ။ အဓိကဇာတ်ဆောင်အနေကတော့ မင်းသမီး Georgina Campbell က ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်းတက်စ်ဟာ အလုပ်အင်တာဗြူးတစ်ခုအတွက် မြို့လေးတစ်မြို့ကိုလာတဲ့အချိန်မှာ တဲအိမ်လေးတစ်ခု ယာယီငှားရမ်းထားလိုက်ပါတယ်။ အဲဒီတဲအိမ်လေးထဲကို မိုးထဲလေထဲမှာ အရောက်သွားလိုက်ချိန်မှာတော့ တဲအိမ်ထဲမှာ အခြားယောကျာ်းလေးတစ်ယောက်က အသင့်ရောက်ရှိနေတာကိုတွေ့လိုက်ပါတော့တယ်။ အဲဒီမှာသူတို့သိလိုက်ရတာက အင်တာနက်ပေါ်က ဝဘ်ဆိုက်တစ်ခုစီကနေ ဒီအိမ်ကိုပြိုင်တူမှားယွင်းငှားလိုက်မိတယ်ဆိုတာပါပဲ။ ညအချိန်မတော် မိုးထဲလေထဲဆိုတော့ ဘာမှမတတ်နိုင်တော့ဘဲ သူတို့နှစ်ယောက် အဲဒီအိမ်မှာပဲ ပေါင်းပြီး တည်းခိုလိုက်ပါတော့တယ်။ ထုံးစံအတိုင်းပဲ ဆင်ခြေဖုံးရပ်ကွက်က လူမရှိတဲ့ သစ်လုံးအိမ်အဟောင်းတွေဟာ ကောင်းကျိုးပေးရိုးမရှိတဲ့အတွက် ကြောက်စရာတွေဖြစ်လာပါတော့တယ်.... File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson 
movie
Barbarian (2022)
The Enforcer (2022) 5.2
The Enforcer (2022)    ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမှာတော့ အမှားတွေကြားထဲကနေ ကိုယ့်သမီးလေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ စိတ်ထားလေးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါပဲ အဖေဆိုတာဟာ သူများတွေအပေါ်မှာသာ ကြမ်းတမ်းချင်ကြမ်းတမ်းမယ် သားတွေသမီးတွေပေါ်မှာတော့ တကယ့်ကိုနူးညံ့တဲ့သူမျိုးတွေပါ တချို့ခြွင်းချက်ကတော့ ခြွင်းချက်ပေါ့လေ အဲဒီလိုပဲ သားသမီးတွေကိုဖြည့်ဆည်းဖို့အတွက် ဘယ်အရာမဆို သတ္တိအပြည့်နဲ့လုပ်ပေးနိုင်တာလည်းအဖေတွေပါပဲ မိဘရယ်လို့ဖြစ်လာရင် အဖေရော အမေရောဆိုတာက ဘယ်အချိန်ဖြစ်ဖြစ်သားသမီးတွေအတွက် အမြဲတမ်းရှိနေပေးတဲ့သူတွေပါပဲ အဲဒီအကြောင်းလေးတင်ဆက်ထားတဲ့ ကားလေးကိုကြည့်ရှုလိုက်ကြပါဦး ဇာတ်လမ်းအကျဉ်း စထရေးဆိုတဲ့ လမ်းဘေးတိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ပြိုင်ဘက်တွေကြားမှာတော့ တကယ့်ကိုနာမည်ကြီးဖိုက်တာတစ်ယောက်ပါ မိုင်ယာမီကိုအုပ်စိုးထားတဲ့ မြေအောက်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် အက်စတယ်ကလည်း အဲဒီလိုလူမျိုးကိုလိုက်ရှာရင်းနဲ့ ပြိုင်ပွဲတစ်ခုမှာတွေ့သွားခဲ့ပါတယ် အဲဒါနဲ့ စထရေးလည်း အက်စတယ်ဆီမှာအလုပ်လုပ်ဖြစ်သွားတာပေါ့ သူ့ကို သင်ကြားပေးမဲ့သူကတော့ အက်စတယ်ရဲ့ လူယုံကြီး ကူဒါဆိုတဲ့သူပါပဲ ကူဒါကတော့ ထောင်ကျပြီးပြန်ထွက်လာတဲ့ထောင်ထွက်ကြီးပေါ့ သူ့ဆီမှာလည်း ၁၆နှစ်ပြည့်တော့မဲ့ လိုလာဆိုတဲ့သမီးလေးတစ်ယောက်ရှိနေတာပါ လိုလာက သူ့အဖေထောင်ကျပြီး တာဝန်မကျေခဲ့တာတွေအတွက် စိတ်ခုနေတာပေါ့ အဲဒီလိုနဲ့တစ်နေ့မှာ ကူဒါကမြို့ထဲသွားရင်း ကောင်မလေးတစ်ယောက်အလစ်သုတ်တာကို ဆိုင်ရှင်မြင်သွားလို့ပြဿနာတက်နေတာကိုဝင်ရှင်းပေးရင်း ကောင်မလေးနဲ့ခင်သွားတာပါ ကောင်မလေးကခိုကိုးရာမဲ့ဖြစ်နေတော့ နေဖို့ထိုင်ဖို့စားဖို့သောက်ဖို့ပါပြင်ဆင်ပေးရင်း သမီးလေးတစ်ယောက်လိုသံယောဇဉ်ဖြစ်မိသွားတာပေါ့ အဲဒီလိုနဲ့ ...
movie
The Enforcer (2022)
House of Darkness (2022) 4.7
House of Darkness (2022) House of Darkness (2022)ဘဝမှာ ကြောက်ဖို့ကောင်းတဲ့သရဲကား၊ Horror Thriller အမျိုးအစားရုပ်ရှင်ကားမျိုးတွေအများကြီး ကြည့်ဖူးကြပါလိမ့်မယ်။ သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ House of Darkness ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ တမူထူးခြားတဲ့ Horror/Mystery အမျိုးအစားရုပ်ရှင်ကားဖြစ်တယ်ဆိုတာ အာမခံပါရစေ။ ရုပ်ရှင်တစ်ကားလုံးမှာ အဓိကဇာတ်ဆောင် ၂ ယောက်နဲ့ အရန်မင်းသမီး ၂ ယောက်သာပါဝင်တဲ့ ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေရဲ့ စိတ်ကိုမရိုးမရွဖြစ်အောင်ဖန်တီးပေးမှာသေချာပါတယ်။ အစပိုင်းမှာတော့ ပျင်းဖို့ကောင်းတယ်လို့ ထင်ရကောင်းထင်ရနိုင်ပေမယ့် အချိန်ကြာလာလေလေ သိချင်စိတ်ပိုများလာအောင် စွဲဆောင်သွားပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဟက် ဆိုတဲ့အမျိုးသားတစ်ဦးဟာ မီနာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးကို ဘားမှာတွေ့ပြီး အိမ်ပြန်ပို့ပေးရာကနေစတင်ထားပါတယ်။ အိမ်ဆိုတာကလည်း ရဲတိုက်ကြီးဖြစ်ပါတယ်။ ရဲတိုက်ကြီးဆီအရောက်မှာတော့ မောင် Hap ဟာ ယောင်္ကျားတို့ထုံး နှလုံးမူပြီး Mina ကိုအရကြံဖို့ သိုင်းကွက်ပေါင်းစုံခင်းပါတော့တယ်။ ဘာဆက်ဖြစ်မလဲ? မီနာက ဟက် ကိုဘယ်လိုခေါင်းစားမလဲ? သူ့အကြံကောအောင်မြင်ပါ့မလား? အိမ်ကြီးရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတာကိုတော့ လျှို့ဝှက်ဆန်းကြယ် ...
movie
House of Darkness (2022)
2022
The Immaculate Room (2022) 4.5
The Immaculate Room (2022) The Immaculate Room (2022) =======================ကိတ် နဲ့ မိုက်ကီ တို့စုံတွဲနှစ်ယောက် The Immaculate Room ဆိုတဲ့ ဘာမှမရှိ တစ်ခန်းလုံးအဖြူရောင်ချည်းပဲဖြစ်နေတဲ့ အခန်းထဲကို ဆုငွေ ‌ ဒေါ်လာ ၅ သန်းရဖို့အတွက် ရက်ပေါင်း ၅၀ နေဖို့ရောက်လာကြတယ်။ သူတို့လုပ်ရမှာတွေကတော့ ခပ်ရှင်းရှင်းလေးတွေပါပဲ။သူတို့ကျွေးတဲ့ အရသာအရည်တစ်မျိုးကို တစ်နေ့သုံးနပ် သုံးဆောင်ရမယ်။ ပြိုင်ပွဲဝင် နှစ်ယောက်ထဲကတစ်ယောက်ထွက်တာနဲ့ ဆုကြေးငွေကို ဒေါ်လာ (၁) သန်းအထိလျှော့ချလိုက်မှာဖြစ်တယ်။ ပြီးတော့ သူတို့စည်းကမ်းချိုး ဖောက်ဖို့လုပ်တာနဲ့ သတိလှမ်းပေးတဲ့ အချက်ပြစနစ်တွေလည်းတပ်ထားတယ် ဆိုတော့ကား survival ကားတွေရဲ့ ထုံးစံအတိုင်း ပထမတစ်ရက်နှစ်ရက်‌‌ လောက်က စကားပြောလိုက် ဘာလုပ်လိုက်ညာလုပ်လိုက်နဲ့ပေါ့။နောက်ရက်တွေကြာလာတဲ့အခါမှာ လူ့သဘာဝအရ ဒုက္ခတွင်းထဲရောက်နေတာ အချိန်တွေကြာသွားတော့ သူတို့ရဲ့ မကောင်းတဲ့ အတွင်းစိတ်တွေက တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ လူနည်းနည်းလေးနဲ့ကို အတော်လေးစိတ်ဝင်စားစရာကောင်းအောင်ရိုက်ထားပြီး၊ အတော်လေးမိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Khant Sett Naing, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size..........(849 ...
movie
The Immaculate Room (2022)
2022
The Devil Has a Name (2019) 5.4
The Devil Has a Name (2019)
Along for the Ride (2022) 6.0
Along for the Ride (2022) Along for the ride (2022)==================IMDb Rating - 6.0/10Netflix ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့ Family, Drama, Romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... မိသားစုရဲ့နွေးထွေးမှုကို မရရှိတဲ့ ကောင်မလေးနဲ့ ရည်မှန်းချက်တွေ ကွယ်ပျောက်နေတဲ့ ကောင်လေးအကြောင်းကို အဓိကရိုက်ကူးထား တာပါ.......အာဒန်ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ကျောင်းပြီးတော့ သူ့အဖေနဲ့ သူ့မိထွေးရှိရာ ကိုဘီမြို့ကိုထွက်လာခဲ့ပါတယ်။ အကြောင်း အရင်းကတော့ ကိုယ့်ကိုယ်ကိုရှာဖွေဖို့အတွက်ပါ။ ကိုဘီမြို့က သူ့မိထွေး ဆိုင်လေးမှာ စာရင်းကိုင်အလုပ်ဝင်လုပ်ပြီး အမှတ်မထင် စက်ဘီးစီးတဲ့ ကောင်လေး အီလိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်..... အဲ့တော့ ဒီတွေ့ဆုံမှုတွေရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အာဒန်ဆိုတဲ့ ကောင်မလေးရော ကိုဘီမြို့မှာ သူငယ်ချင်းအသစ်တွေ ရနိုင်ပါ့မလား၊ အာဒန်နဲ့အီလိုင် ဘယ်လိုတွေ့ခဲ့ကြလဲ၊ သူတို့နှစ်ဦးမှာရှိတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားကြမလဲဆိုတာ ဆက်လက်စောင့်ကြည့် ပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.56 GB) / (760 MB) / (760 MB) Quality – Web-Rip 1080p/ 720p / ...
movie
Along for the Ride (2022)
Force of Nature (2020) 4.6
movie
Force of Nature (2020)
2020
The Domestics (2018) 5.7
The Domestics (2018) ဒီဇာတ်လမ်းလေးကတော့ Horror/ Thriller/Film Noir အမျိုးအစားဖြစ်ပါတယ်။IMDB 5.7 ရထားပြီးတော့ ဒီဇာတ်လမ်းမှာ လူတွေရဲ့ လုပ်ရပ်ကြောင့် ဒီကမ္ဘာကြီးဘယ်လောက်ဆိုးရွားပျက်ဆီး ကပ်ဆိုက်နေပြီလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မာခ့် ဆိုတဲ့ လူတစ်ယောက်ဟာ ကွာရှင်းပြီးသား သူ့မိန်းမနဲ့ ပြန်လည်ပေါင်းထုတ်ဖို့ သူ့မိန်းမကို သွားခေါ်တာကနေစပြီး သူတို့နှစ်ယောက် အတူတူ ခရီးထွက်လာကြတာဖြစ်ပါတယ်။ဒါပေမဲ့ ကမ္ဘာကြီးမှာ အကြင်နာတရားတွေ ကိုယ်ချင်းစာမှုတွေ မရှိတော့တဲ့ လူ့သရဲတွေ များပြားလာတဲ့အခြေအနေနဲ့ အစာ ရှားပါးဘေးကပ်ဆိုက်နေလို့ လူလူချင်းပြန်စားနေကြရတဲ့အခြေအနေမှာ ခရီးတစ်ခုထွက်ဖို့ဆိုတာ အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုပါပဲ။အဲ့တော့ သူတို့နှစ်ယောက်ဟာ တကယ်ရော အချစ်ဆိုတဲ့အရာရှိသေးလို့ ပြန်လည် ပေါင်းထုတ်ကြတာလားသူတို့ကရော အဲ့ဒီ လူ့သရဲ လူမိုက်ဂိုဏ်းတွေ လက်ခုပ်ထဲကရေလိုပဲ သေသွားရမှာလားဒါမှမဟုတ် ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားကို သဲထိတ်ရင်ဖို ဇာတ်လမ်းအဆုံးထိကြည့်ရမှာဖြစ်ပါတယ် (ဘာသာပြန်သူကတော့ Brilliant Star ပါ) File Size : (700 MB) and (280 MB) Quality ...
movie
The Domestics (2018)
2018
The Warrior’s Way (2010) 6.3
The Warrior’s Way (2010) "This is the Story of a Sad Flute....a Laughing Baby and a Weeping Sword."ဖြူစင်စွာရယ်မောနေတဲ့ကလေးလေးနဲ့ ၀ိဥာဉ်တွေရဲ့ငိုသံတွေပြည့်နှက်နေတဲ့ဓား တို့ရဲ့ ၀မ်းနည်းသံစဉ်ဇာတ်လမ်းလေးတစ်ပုဒ်အကြီးကျယ်အခမ်းနားဆုံးသော ဓားသမားဖြစ်ချင်ခဲ့တဲ့ စစ်သည်တစ်ဦးသူအလိုချင်ဆုံးအရာကိုရရှိလိုက်တဲ့အချိန်မှာ အရာအားလုံးဘာမှမရှိ(ပျောက်ကွယ်သွား)တော့သလိုခံစားလိုက်မိတဲ့ စစ်သည် တပြိုက်နက်ထဲမှာပဲ သူ့ဘ၀တစ်လျှောက်လုံး မကြုံဖူးမခံစားဖူးသေးတဲ့ ကလေးရဲ့ရယ်သံလေးကြောင့်ဖြစ်ပေါ်လာတဲ့ နွေးထွေးတဲ့မေတ္တာ ဒါပေမယ့်လဲ ကံကြမ္မာရဲ့လှည့်ကွက်ဆိုသလို ကလေးလေးက သူ့ရဲ့ရန်သူတော်ဂိုဏ်းကမျိုးဆက်ဖြစ်နေပါတယ်ဒါပေမယ့်လဲ အချစ်နဲ့အမုန်းလွန်ဆွဲလိုက်တဲ့အခါ အချစ်ကအနိုင်ရပြီး ကလေးကိုပိုက်ကာ အဝေးကိုထွက်ပြေးခဲ့ပါတယ်အဲ့အကျိုးဆက်ကြောင့် စစ်သည်ဟာ သူ့ဂိုဏ်းရဲ့Black list ထဲအထည့်ခံရမယ်ဆိုတာ အတိအကျသိနေပေမယ့်လည်းပေါ့အဲ့လိုနဲ့ သူ့မိတ်ဆွေဟောင်းတစ်ဦးရှိတဲ့ အနောက်ဖက်ကိုခရီးထွက်လာခဲ့တယ်သူ့မိတ်ဆွေကဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့် သူ့မိတ်ဆွေရဲ့လုပ်ငန်းဖြစ်တဲ့ အ၀တ်လျှော်လုပ်ငန်းကိုပြန်လည်လုပ်ကိုင်ရင်း ဇာတ်မြုပ်နေလိုက်ပါတယ် သူ့ရဲ့ဓါးကိုပါ ချိတ်ပိတ်လိုက်ရင်းပေါ့တစ်နေ့တော့ သူ့ရဲ့ဓါးကိုမသုံးမဖြစ်သုံးရမယ့်အချိန်လဲရောက်လာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့....ဓါးသမားစစ်သည်အဖြစ် ကိုရီးယားမင်းသား ဒါရိုက်တာ ရင် အဖြစ်တစ်ချိန်ကမြန်မာပြည်ပရိသတ်တွေအကျွမ်းဝင်ခဲ့သူ Jang Dong Gunမင်းသမီးကတော့ superman returns(2006)ထဲက Lois Lane အဖြစ်သရုပ်ဆောင်ခဲ့သူ Kate Bosworthနောက်ထပ်သရုပ်ဆောင်တစ်ဦးကတော့ Pirates ...
movie
The Warrior’s Way (2010)
2010
Homefront (2013) 6.5
Homefront (2013) ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie
Homefront (2013)