Channel Myanmar

Kate Liquorish

Do Your Worst(2023) 6.7
Do Your Worst(2023) Do Your Worst(2023)*******************ဆွန်ဒရာဟာ တစ်ချိန်ကနာမည်ကြီးခဲ့ပေမယ့် အခုချိန်မှာအသက်ကြီးနေတဲ့အတွက် ရိုက်ကူးရေးကျဲနေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဆွန်ဒရာမှာ ကာလာ ခေါ် ကားလ် လို့ခေါ်တဲ့ သွားဖော်လာဖက်၊ ကဲဖော်ကဲဖက် အိမ်ထောင်သည်ငယ်သူငယ်ချင်း တစ်ယောက်ရှိပြီး သူငယ်ချင်းနဲ့ဗရုတ်သုတ်ခ အတူလုပ်နေကျဖြစ်ပါတယ်။ ဆွန်ဒရာ့အမေကတော့ ယောက်ျားတွေနဲ့ ပွေလီရှုပ်နေတဲ့သူ့သမီးရဲ့လုပ်ပုံ တွေကို သဘောမတွေ့ဖြစ်နေပြီး ဆွန်ဒရာ့ကို အိမ်ထောင်ပြုပြီးမိသားစုနဲ့ အတည်တကျနေစေလိုသူဖြစ် ပါတယ်။ ညစာစားပွဲတစ်ခုမှာ ကာလာက ဆွန်ဒရာရဲ့မဟုတ်ကဟုတ်ကအကြောင်းတွေကို သူငယ်ချင်း တွေအများကြီးရှေ့မှာ ဟာသလုပ်ပြောမိပါတော့တယ်။တင်းသွားတဲ့ဆွန်ဒရာဟာ ရေချိုးခန်းထဲ စိတ်ပြေ လက်ပျောက်ထိုင်နေရင်း ကာလာ့ယောက်ျားဂျယ်ရီ့ကို မမျှော်လင့်ဘဲ နမ်းမိသွားပါတယ်။ တစ်ဖက်မှာ လည်း ဆွန်ဒရာဟာတည်တည်တံ့တံ့လူတစ်ယောက်ကို စိတ်ထဲမှာ ကြိတ်သဘောကျမိနေပါတယ်။ဒီလို အခြေအနေတွေကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ …..။ အိမ်ထောင်သည်မိန်းမတွေနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မကျသေးတဲ့မိန်းမတွေရဲ့ အပြု အမူတွေ၊စိတ်ခံစားချက်တွေ၊ အမူအကျင့်တွေ၊ စိတ်ကစားတတ်ပုံတွေကို ပေါ့ပေါ့ပါးပါးရိုက်ကူးပုံဖော် ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့စိတ်ကိုသေချာသိချင်တဲ့သူတွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ မပြုံးဘဲဝါးလုံးကွဲရယ်ရမယ့် ဟာသတွေတစ်လှေကြီးနဲ့ပါ။ ...
movie

Do Your Worst(2023)

Eye in the Sky (2015) 7.3
Eye in the Sky (2015) Eye in the Sky (2015) IMDb - 7.3/10_____Rotten - 95%    The Guardian rating ရရှိထားတဲ့ Eye in the sky ဇာတ်ကားဟာ ခေတ်သစ်စစ်ပွဲတခုကို ပုံဖော်ထားပါတယ် ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲနောက်မှာ ပုံစံပြောင်းလာတဲ့ ဘက်ပေါင်းစုံစစ်ပွဲပုံစံတချို့ကိုပုံဖော်ထားပါတယ် ဗုံးခွဲမယ့်အကြမ်းဖက်သမားကို မောင်းသူမဲ့လေယဉ်ကနေ စောင့်ကြည့်နေတာဟာ အခုခေတ်အတွက် မဆန်းပေးမယ့် သာမန်ထက်ပိုပြီးရှုပ်ထွေးတဲ့လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့ chain of command လို့ခေါ်တဲ့ဆင့်ကဲအမိန့်ပေးစနစ်တွေ commander in chief လို့ ခေါ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ချစ်ကြည်ရေးနိုင်ငံအတွင်းမှာဖြစ်နေတဲ့အခါ... သံတမန်ရေးကိုသတိထားရသလို သတင်းမီဒီယာစစ်ကိုလဲ မပေါ့ဆအောင် လုပ်ကိုင်ရတာကိုလဲတွေ့ရပါမယ် ဗုံးခွဲသမားကိုမြင်နေပေမယ့် သတင်းမီဒီယာဘက်က ပြန်တွေးရတာတွေဟာ စိတ်ဝင်စားသူအဖို့ အပန်းဖြေယုံသက်သက် မကတာတော့သေချာတယ် မီဒီယာစစ်ကိုလဲဒီရုပ်ရှင်ကိုယ်တိုင်က ပြန်သရုပ်ဖော်ထားပါတယ်ကလေးတယောက်အတွက် နိုင်ငံတကာအတွက် နိုင်ငံရေးတွေ မဟာမိတ်တွေအတွက်လဲ ထည့်သွင်းစဉ်းစားထားပါတယ် လူသားချင်းစာနာပါတဲ့ဆိုတဲ့ ပြကွက်တွေကလဲ ဒီကားကိုယ်တိုင်က သတင်းစစ်ထဲပါနေတဲ့ အချက်တခုပါပဲ သာမန်တိုက်တာခိုက်တာလောက်ကြည့်တဲ့သူအတွက်ကတော့ အားရချင်မှအားရပေမယ့် ကြည့်သင့်တဲ့ကား တကားဖြစ်ကြောင်းညွှန်းလိုက်ရပါတယ်........   File Size - 1.15 GB and 736 MB Quality - BluRay 720p, 5.1CH and HD 720p File Type - mkv ...
movie

Eye in the Sky (2015)

2015