Channel Myanmar

Kaya Scodelario

The Truth About Emanuel (2013) 6.0
The Truth About Emanuel (2013) The Truth About Emanuel [ 2013 ] IMDb 6/10 Drama/Thrillerဒီဇာတ်ကားရဲ့အ‌ကြောင်းကိုပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်အမန်နျူရယ်ရဲ့ဘဝဇာတ်ကြောင်းနဲ့ အစချီရပါမယ်လူ့လောကထဲကို ရောက်ရောက်လာချင်းမှာပဲ မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့အမန်နျူရယ်ဟာ တခြားကလေးတွေနဲ့မတူဘဲ ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာဗရပွနဲ့ကြီးပြင်းလာသူပါသူ့ရဲ့ပထမဆုံးဝင်သက်ဟာ မိခင်ဖြစ်သူရဲ့နောက်ဆုံးထွက်သက်ဖြစ်ခဲ့ရပြီးတော့ဘဝတစ်လျှောက်လုံး အမန်နျူရယ်ဟာ သူ့အပြစ်မကင်းသလိုခံစားနေခဲ့ရပါတယ်ရက်တွေနှစ်တွေကုန်လွန်လာခဲ့ပြီး တစ်ရက်မှာတော့အမန်နျူရယ်တို့အိမ်ဘေးကို ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်အိမ်ပြောင်းလာပါတော့တယ်မိခင်မေတ္တာငတ်မွတ်ခဲ့ရတဲ့အမန်နျူရယ့်ခမျာအကြောင်းအရင်းမဲ့စွာနဲ့ပဲ အဲ့ဒီအမျိုးသမီးကိုမြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ် လောကကြီးထဲမှာ ဖွင့်ရအခက်ဆုံးအရာကစိတ်ရဲ့တံခါးပေါက်ဆိုသလိုမျိုးပဲ အိမ်နီးနားချင်းအမျိုးသမီးဆီမှာလည်းလူမသိတဲ့လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိလို့နေပြန်ပါတယ် အမန်နျူရယ်တစ်ယောက် သူ့ရဲ့စိတ်ဒဏ်ရာကိုကုစားနိုင်မှာလားအိမ်နီးနားချင်းအမျိုးသမီးရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကရောဘာတွေဖြစ်မလဲဆိုတာကိုဒီတစ်နာရီခွဲစာ Drama-Thriller အမျိုးအစား movie ထဲမှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်   File size…  1.3 GB /  625 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO
movie

The Truth About Emanuel (2013)

2013
Moon(2009) 7.8
Moon(2009) Moon(2009)***********IMDb...7.6,,,,RT... 90%ကမ္ဘာကြီးဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လဆီကနေ နေရဲ့ သဘာဝစွမ်းအင်တွေကို တူးဖော်ပြီးစွမ်းအင်လိုအပ်ချက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းနိုင်နေပြီဖြစ်ပါတယ်။အဲဒီလိုတူးဖော်ဖို့အတွက် သုံးနှစ်တာစာချုပ်နဲ့ လကမ္ဘာပေါ် အာကာသယာဉ်မှူးတွေစေလွှတ်လေ့ရှိပါတယ်။ ဆမ်ဘဲလ်ကတော့ အဲဒီထဲက တစ်ယောက်ပေါ့။ဆက်သွယ်ရေးဂြိုလ်တုပျက်နေတာကြောင့် သူဟာ ဇနီးနဲ့ သမီးလေးကိုလည်းတိုက်ရိုက်ဆက်သွယ်လို့မရပဲ သုံးနှစ်နီးပါးတစ်ကိုယ်တည်းအထီးကျန်ဆန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ သုံးနှစ်ပြည့်ခါနီးမှာတော့စက်ချို့ယွင်းမှုတစ်ခုနဲ့အတူ သူနဲ့တစ်ပုံစံတည်းတူတဲ့ လူတစ်ယောက်ကို ရှာတွေ့လာတဲ့အခါ….တစ်ကိုယ်တည်းနေလာတာကြာပြီး သူ့စိတ်ကပဲ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား ဒါမှမဟုတ်…    File Size : (2.2GB)(585MB) and (268MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:37:00 Genre : Drama, Mystery , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Moon(2009)

Pirates of the Caribbean: Dead Men Tell No Tales(2017) 6.6
Pirates of the Caribbean: Dead Men Tell No Tales(2017) Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae 
movie

Pirates of the Caribbean: Dead Men Tell No Tales(2017)

2017
4K HEVC
Don’t Make Me Go (2022) 6.5
Don’t Make Me Go (2022) Don't Make Me Go (2022)ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ...? အချိန်လား...? ငွေလား...? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား...?ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don't Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း ​​​မြင်ရပါမယ်။ ...
movie

Don’t Make Me Go (2022)

2022
Clash of the Titans (2010) 5.8
Clash of the Titans (2010) မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ...ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Clash of the Titans (2010)

The King’s Daughter(2022)
The King’s Daughter(2022) The King's Daughter(2022) အညွှန်း*******************************ဂျိန်းစဘွန်းမင်းသားကြီ: Pierce Brosnan နဲ့  အချောအလှလေး Bingbing FanKaya Scodelario တို့ပါဝင်ထားတာနဲ့ ဒီကားက ကြည့်ဖို့တန်နေပါပြီ...1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Moon and The Sun ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ Adventure/Fantasy ဇာတ်ကားဖြစ်ပါတယ်Mermaid ခေါ် ရေသူမ ဆိုတဲ့ဒဏ္ဍာရီလာ ရေနေသတ္တဝါတွေအကြောင်းပုံပြင် ဇာတ်လမ်းတွေ အများကြီးကြည့်ရှူဖူးကြမယ်လို့ထင်ပါတယ်..ဒီကားလေးကလည်း အဲဒီလိုကားတွေထဲက တစ်ခုဖြစ်တာမို့ စိတ်ဝင်စားရင်တကယ် လက်မလွှတ်သင့်ပါဘူး ဝတ္တုကိုက ဆုရထားတာမို့လို့ပါ...အချိန်ကာလအားဖြင့် ၁၈ ရာစုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ လူးဝစ် ၁၄ ဆိုတဲ့ရှင်ဘုရင်တစ်ပါးစိုးစံလျက်ရှိပါတယ် ပြင်သစ်ဟာ မကြာသေးခင်ကမှ စစ်နိုင်ထားကာ ပြန်လည်ထူထောင်စ ဖရိုဖရဲ အခြေအနေပါ ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပေါ့...တစ်နေ့မှာတော့ တော်ဝင်သမားတော်က ထာဝရရှင်သန်နိုင်စေမယ့်နည်းလမ်းကိုရှာတွေ့ထားတယ်လို့ လျှောက်တင်လာပါတယ် အဲဒါကတော့ နေကြတ်ချိန်မှာ ဒဏ္ဍာရီလာ ရေသူမရဲ့ နှလုံးကို ရှင်ဘုရင်ထံ လွှဲပြောင်းဖို့ပါပဲ မသေချင်တဲ့ ရှင်ဘုရင်ဟာလည်း ...
movie

The King’s Daughter(2022)

Resident Evil: Welcome to Raccoon City (2021) 5.6
Resident Evil: Welcome to Raccoon City (2021) ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်းလီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့ကမိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလားအခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့်သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီးဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ...  File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP ...
movie

Resident Evil: Welcome to Raccoon City (2021)

2021
4K HEVC Web-DL
Extremely Wicked, Shockingly Evil and Vile 6.8
Extremely Wicked, Shockingly Evil and Vile အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . .(သို့မဟုတ်)Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . ._________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ ...
movie

Extremely Wicked, Shockingly Evil and Vile

2019
Crawl (2019) 6.6
Crawl (2019) ရုံမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတဲ့ ဟော်ရာ ကားကောင်းတစ်ခုကို တင်ပေးထားပါတယ်။အရမ်းလန့်တတ်တဲ့ သူတွေတော့ သတိထားကြည့်သင့်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရေကူးအားကစားမယ်တစ်ယောက်ဖြစ်တဲ့ ဟေလီဟာ သူနဲ့ စိတ်ဆိုးပြီးစကားမပြောဖြစ်တဲ့ အဖေ့ဆီကို သွားဖို့ အကြောင်းဖန်လာပါတယ်။အကြောင်းကတော့ အင်အားကြီး ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်မယ့်နယ်မြေထဲမှာဟေလီရဲ့ အဖေဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်နေလို့ပါပဲ။သူ့အဖေဆီကို ရောက်သွားတဲ့အချိန်မှာ အဖေဖြစ်သူဘာလို့ ရောက်မလာနိုင်လဲ ဆိုတဲ့အကြောင်းရင်းကိုသူကိုယ်တိုင် တွေ့လိုက်ရပါတော့တယ်။ရေလျှံပြီး ရောက်နေတဲ့ မိကျောင်းတစ်ကောင် ကြောင့်ပါပဲ။ရေထဲမှာ ပြိုင်ဘက်ကင်းသားရဲလို့ ပြောလို့ရတဲ့မိကျောင်းနဲ့ ငါးတစ်ကောင်လို ရေကူး ကျွမ်းကျင်သူတို့ရေထဲမှာ ရင်ဆိုင်ကြရတ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။ File Size : (750 MB , 219 MB)Quality :  WEB-DL 720pRunning ...
movie

Crawl (2019)

2019
Maze Runner: The Death Cure (2018) 6.8
Maze Runner: The Death Cure (2018) အမေရိကန်စာရေးဆရာ James Dashner ရဲ့The Maze Runner series မှတတိယမြောက်စာအုပ်ဖြစ်တဲ့The Death Cure ကိုအရင်ဇာတ်ကားတွေကို ရိုက်ကူးတဲ့ဒါရိုက်တာ Wes Ball ပဲရိုက်ကူးထားပြီးDylan O'Brien, Thomas Bordie-Sangster,Rosa Salazar, Ki Hong Lee, Kaya Soladiaro,Dexter Darden, Aiden Gillen, Barry Pepper,Patricia Clarkson, Will Poulter,Gnaicalo Esposito, Walton Gogginsတို့ပါဝင်ထားပါတယ်။2017 February 17 မှာ ရုံတင်ဖို့စီစဉ်ထားခဲ့သော်လည်း Dylan O'Brien ရိုက်ကွင်းမှာထိခိုက်မှုဖြစ်ပွားပြီး ရုံတင်ရက်ကိုတစ်နှစ်နီးပါးနောက်ဆုတ်ခဲ့ရပါတယ်။အခုဒီကားထဲမှာ​တော့​ပထမ၂ကားထဲက လွတ်​​မြောက်​လာကြတဲ့​​ကောင်​​လေး ​တွေထဲကThomas က လွတ်​​မြောက်​လူသူ​တွေကို စုစည်​းပြီး Glader ဆိုတဲ့အဖွဲ့ကိုတည်​​ထောင်​ထားပြီး အဓိကရည်​ရွယ်​ချက်​ကသူ့သူငယ်​ချင်​း​တွေကို ကယ်​ဆယ်​ဖို့ပါဒီလိုနဲ့ တစ်​ရက်​မှာ မလွတ်​​သေးပဲ ကျန်​​နေခဲ့​သေးတဲ့သူ့သူငယ်​ချင်​း​တွေကိုတင်​​ဆောင်​လာတဲ့ ရထားကိုဖြတ်​တိုက်​ပြီး​တော့ ကယ်​ဖို့ကြိုးစားရင်​း မ​အောင်​မြင်​ပဲThomas ,Newt နဲ့Frypanတို့ ...
movie

Maze Runner: The Death Cure (2018)

2018
Maze Runner: The Scorch Trials (2015) 6.3
Maze Runner: The Scorch Trials (2015) အားလုံးပဲစောင့်မျှော်နေကြတဲ့ Maze Runner 2 လာပါပြီဒီ Maze Runner 2 မှာတော့ သောမတ်(စ်) ဆိုတဲ့ကောင်လေးကို WCKD အဖွဲ ့က အဖွဲ ့ဝင်တွေ ခေါ်ဆောင်သွားတာနဲ ့အစပျိုးထားပါတယ်နှစ်တွေကြာလာတဲ့ အချိန်မှာတော့ သောမတ်(စ်)နဲ ့အတူ ကျန်ရှိနေသေးတဲ့ ဂလိတ် အဖွဲ ့ဝင်တွေကို မစ္စတာ ဂျေဆင် က ကယ်တင်ခဲ့ပါတယ်သူကတော့ WCKD အဖွဲ ့ဝင်တွေရဲ ့ ရန်ကနေ ကယ်တင်ပေးဖို ့လို ့ပြောပေမဲ့ သောမတ်(စ်) ကမသင်္ကာလို ့စုံစမ်းလာတဲ့ အခါမှာတော့ မစ္စတာ ဂျေဆင်ကလည်းWCKD အဖွဲ ့နဲ ့ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာကို သူ သိလာခဲ့ရပါတယ်ဒီနောက်ပိုင်းမှာတော့ သူတို ့တွေ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြရမှာပါ(ဇာတ်ကားအညွန်းရေးသူကတော့ Carey Nyein ပဲဖြစ်ပါတယ်)File Size : (900 MB) ...
movie

Maze Runner: The Scorch Trials (2015)

2015
The Maze Runner (2014) 6.8
The Maze Runner (2014) The Maze Runner(2014) လူငယ်တစ်ဦးဟာ ရွေ့လျားနေတဲ့ ဓာတ်လှေကားတစ်ခုထဲမှာပိတ်မိနေပြီး သွေးပျက်ကြောက်ရွံ့စွာ ဓာတ်လှေကားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါနေရပါတယ်။ဓာတ်လှေကားရဲ့ ခရီးအဆုံးမှာတော့ သူမသိတဲ့ လူငယ်တစ်ချို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြန်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူထွက်ပြေးချိန်မှာ ဘယ်သူမှသူ့ကို လိုက်မဖမ်းပဲ အော်ဟစ်ရယ်မောနေကြပါတယ်။မကြာခင်မှာပဲ သူ့ကိုဘာ့ကြောင့်လိုက်မဖမ်းသလဲဆိုတဲ့အဖြေကို သူသိရှိသွားပါတော့တယ်။သူရောက်ရှိနေတဲ့နေရာဟာ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ကာဆီးထားလို့ပါပဲ။အရှေ့က ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပါ။ကောင်လေးဟာ သူ့ရဲ့နာမည်သောမတ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိပါဘူး။ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြိ်း တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ ကြိုးစားပါတော့တယ်။ဒါပေမယ့် ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကဘာတစ်ခုဆိ်ကို သွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။လူငယ်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာကို Glade လို့အမည်ပေးထားပြီး သူတို့ကိုယ်သူတို့ Gladers လို့ ခေါ်ကြပါတယ်။စောင့်ရှောက်သူ keeper ရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်အသီးသီးကိုခွဲဝေထမ်းဆောင်ကြရပါတယ်။တောင်နံရံတွေကို ...
movie

The Maze Runner (2014)

2014
Wuthering Heights (2011) 6.0
Wuthering Heights (2011) Wuthering Heights (2011) IMDb - 6.0/10_____Rotten - 68%    Wuthering Heights ဆိုကထဲက ၉တန်း(အရင်သင်ရိုး ၁၀တန်း)ကျောင်းသား အရွယ်က သင်ကြားခဲ့ရတဲ့ သင်ခန်းစာလေးဆိုတာကို နည်းနည်းတော့မှတ်မိကြဦးမယ်ထင်ပါတယ် Liverpool မြို့လေးမှာ "Cathy or Catherine, Hindley, Heathcliff Earnshawမိသားစု"ပါဝင်ခဲ့တဲ ဒီဇာတ်လမ်းလေးဟာ ကစားဖို့ မုန့်စားဖို့ ရုပ်ရှင်ကြည့်ဖို့လာသိတဲ့ ကလေးအရွယ် ကျွန်တော်တို့နှလုံးသားကိုတောင် ခပ်စပ်စပ် ရိုက်ခတ်နိုင်စွမ်းရှိခဲ့တယ် အရွက်ရောက်လာတော့လည်း အနည်ထိုင်စပြုနေတဲ့ ကျွန်တော့တို့နှလုံးသားကို ဒုတိယံပိ ပြန်လည်လှုပ်နှိုးခံလိုက်ရတယ် အဲ့ဒါကတော့စာရေးဆရာ ကျော်လှိုင်ဦးဘာသာပြန်ထားတဲ့ လေထန်ကုန်းဆိုတဲ့စာအုပ်လေးကြောင့်ပါ.... ဟော အခု ရုပ်ရှင်အသွင်နဲ့ပြန်ကြည့်ရတော့ ဘယ်ပြောကောင်းမလဲဗျာ.... နောက်တော့မှသိလာရတာက Wuthering Heights ကို Emily Btonyရေးသားပြီး ဒီစာအုပ်ဟာ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံးသော ဂန္တဝင်ဝတ္ထုစာရင်းဝင်ခဲ့ပါတယ်.... လူရဲ့ကိုယ်ကျင့်တရား...မျိုးဆက်သစ်ပြုစုပျိုးထောင်မှုရဲ့အရေးပါပုံ...စာပေသင်ကြားခွင့်ဆုံရှုံးခြင်းဟာ လူ့ဘဝရဲ့အကြီးမားဆုံးသော ဆုံးရှုံးမှု ဆိုတာတွေကို ဒီကားမှာတွေ့နိုင်ပါတယ် ......*********** မေ့နေတဲ့သူတွေအတွက် နည်းနည်းနွှေးရင်းဇာတ်လမ်းလေးအကြောင်းပြောပြပါ့မယ်     Mr.Earnshaw ကြီးက ...
movie

Wuthering Heights (2011)

2011