Channel Myanmar

Keiji Fujiwara

Buddha 2: The Endless Journey (2014) 6.2
Buddha 2: The Endless Journey (2014) Buddha 2 : The Endless Journey မြတ်ဗုဒ္ဓ ၂ - ဘဝသံသရာခရီး ........................................................IMDb 6.2/10 MyAnimeList 6.9/10ဒီကာတွန်း​လေးက​တော့ ၂၀၁၁ထွက် Buddha : the great departureရဲ့​နောက်ဆက်တွဲကာတွန်းပါ။ (ပထမကား Buddha : The Great Departureရဲ့ download linkပါ Click Hereပထမကား​အပြီး တောထွက်ရာက​နေ သဗ္ဗညုတဥာဏ်ဆိုက်​​ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ​ ဂင်္ဂါမြစ်စစ်ပွဲ၊ ​ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့​တွေ့ဆုံခန်း၊ သာကီဝင်​တွေကျဆုံးခန်း​တွေကို​ဝေ​​ဝေဆာဆာမြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ်။ဗုဒ္ဓဖြစ်စဥ်ကို​ကျောရိုး​လောက်ပဲယူထားတာမလို့ ​ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့​တော်​တော်ကိုကွဲပါတယ်။ တချို့ဇာတ်လမ်း​တွေဆိုရင် အသစ်ထည့်တာ​တွေ၊ အချိန်ကွဲတာ​တွေပါပါတယ်။ ဥပမာ ​ကောသလက သကျသာကီ​တွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်း​စော​နေတာတို့ပါ။ အပျင်း​ပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်​ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။မှတ်ချက် - နာမည်​တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ​​ရေး​ပေးထားပါတယ် File size…1.4GB/ 565MB Quality…1080p / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dr Nyan
movie

Buddha 2: The Endless Journey (2014)

2014
Colorful (2010) 7.4
Colorful (2010) Colorful LifeCM fan များကို အလွန်စွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ anime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Otaku တွေဆိုရင်တော့ ဒီကားလေးကို အကြိမ်ကြိမ်အခါခါကြည့်ဖူးကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲဘ၀ရဲ့အနှစ်သာရကိုဖော်ညွှန်းပေးထားတဲ့ဇာတ်ကားလေးမို့ ဒီလိုကာလကြီးမှာ မဖြစ်မနေကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဘယ်လိုဇာတ်လမ်းလေးလဲဆိုရင်.....မာကိုတိုဟာ သာမန်အလယ်တန်းကျောင်းသားလေး ဆိုပေမဲ့ အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာတွေကို အလူးအလဲခံစားနေရတဲ့ကောင်လေးတစ်ယောက်ပါ မိသားစုအရေးမှာဖြစ်ဖြစ် အချစ်ရေးမှာဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ် အနှုတ်လက္ခဏာပြနေတဲ့ ကောင်လေးပေါ့ဒီလိုနဲ့တစ်နေ့မှာတော့ လုံးဝယုံချင်စရာမကောင်းတဲ့အဖြစ်အပျက်ကြီးကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက်နေ့မှာ သူ့ကိုယ်သူအဆုံးစီရင်လိုက်ပါတယ်ဖြစ်ချင်တော့ သေဆုံးတော့မယ့် မာကိုတို နေရာမှာ ဆိုးရွားသောပြစ်မှုကိုကျူးလွန်ခဲ့တဲ့အတွက် ပြန်လည်မွေးဖွားခွင့်မရှိတော့တဲ့ တခြားဝိညာဥ်တစ်ခုကို အစားထိုးဖို့ ဘုရားသခင်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ရှိနေပါတယ် အဲ့ဒီစမ်းသပ်ချက်ကိုအောင်မြင်ရင် ပြန်လည်မွေးဖွားခွင့်ရမှာဖြစ်ပြီးတော့ ၆လအတွင်း မအောင်မြင်ရင်တော့ လူ့ခန္ဓာကိုယ်မှ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ် တနည်းအားဖြင့်ပြောရရင် မာကိုတိုဟာ အပြီးတိုင်သေဆုံးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ စမ်းသပ်ချက်ဆိုတာ ဘာကိုစမ်းသပ်မှာလဲ မာကိုတိုရဲ့ ဝိညာဥ်ကရော ဘယ်ရောက်သွားမှာလဲ မာကိုတိုမသေဆုံးမှီက မြင်ခဲ့ရတဲ့အဖြစ်အပျက်ဆိုတာကရော ဘာဖြစ်မလဲ စတဲ့စတဲ့ မေးခွန်းပေါင်းများစွာကို အစားထိုးဝိညာဥ်လေးနဲ့အတူ အဖြေရှာရမှာဖြစ်ပါတယ် စိတ်ဝင်စားဖို့ကောင်းသလို ကြည်နူးဖို့လည်းကောင်းတယ် အဲ့လိုပဲ ဝမ်းနည်းဖို့လည်းကောင်းနေတယ် ဇာတ်လမ်းပြီးတာနဲ့ လောကကြီးကိုကြည့်တဲ့အမြင်က တမျိုးတဖုံပြောင်းလဲသွားမှာပါ တကယ့်ကိုအချိန်ပေးကြည့်ရတာနဲ့ ထိုက်တန်လွန်းလှတဲ့ anime ဇာတ်ကားကောင်းလေး တစ်ကားလို့ပဲပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ  Translated by : Thet Hin HsuEncoded by : YKFile ...
movie

Colorful (2010)

2010
The Anthem of the Heart (2015) 7.4
The Anthem of the Heart (2015) Anthem of the heartNaruse Jun ဆိုတဲ့ကောင်မလေးဟာ သူအမှတ်မထင်ပြောလိုက်တဲ့စကားကြောင့် သူ့မိဘတွေခွဲခွာသွားတာလို့ ယူဆထားပါတယ်။အဖေဖြစ်သူထွက်သွားလို့ ငိုနေချိန်မှာ ကြက်ဥလေးတစ်လုံးပေါ်လာကာ ရှေ့လျှောက်သူ့စကားတွေကြောင့် သူ့ဘဝမပျက်စီးရအောင်ဆိုပြီး စကားမပြောနိုင်အောင်ကျိန်စာခတ်လိုက်ပါတော့တယ်။အလယ်တန်းအရွယ်ရောက်လာတဲ့အခါ စန္ဒရားတီးတတ်သူ အတန်းဖော် ကောင်လေး Sakagami နဲ့ရင်းနှီးသွားပြီး Jun ဟာ စကားမပြောနိုင်ပေမယ့် သီချင်းဆိုလို့ရတယ်ဆိုတာ သိလိုက်ရပြီးနောက် သူပြောချင်တဲ့စကားတွေကို သီချင်းအဖြစ်ရေးဖို့ Sakagami ကို အကူအညီတောင်းပါတော့တယ်...  Translated by :Pyi T NyeinEncoded by : YKQuality : 1080p and 720pFile Size : 1.9Gb and 1.3GbDuration : 1h 59minsOriginal Name : Kokoro ga sakebitagatterund
movie

The Anthem of the Heart (2015)

2015
Final Fantasy VII: Advent Children (2005) 7.2
Final Fantasy VII: Advent Children (2005) Final Fantasy VII: Advent Children (2005)_________IMDb - 7.2/10 Final Fantasy VII (Movie) ဟာ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb rating 7.2 ရရှိထားတဲ့ Animation ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မူရင်း video game ဖြစ်ပြီး movie အဖြစ်ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် နောက်ဆုံးတိုက်ပွဲပြီးဆုံးပြီးနောက် နှစ်နှစ်အကြာ ကမ္ဘာကြီးတစ်ခုလုံးပြန်လည်တည်ငြိမ်လာတဲ့အချိန်မှာ နောက်ထပ်အန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ရပါတော့တယ် လူတွေအားလုံးဟာလဲကမ္ဘာမြေကပ်လို့ခေါ်တဲ့ရောဂါတစ်မျိုးဖြစ်ပွားနေပြီး ကြေးစားစစ်သည်တစ်ဦးဖြစ်တဲ့ ကလောက်ဒ့်ဟာ ကုမ္ပဏီဥက္ကဠ ရုပ်ဖ့် နဲ့တွေ့ပြီး ရုပ်ဖ့်က ဂျီနိုဗာဆဲလ်ကိုလိုက်ရှာနေတဲ့ လူသုံးယောက်ကို တားဆီးဖို့အကူညီတောင်းရာမှာ ငြင်းဆန်ပြီးပြန်လာခဲ့ပါတယ် သူပြန်လာချိန်မှာတော့ သူနဲ့အတူနေထိုင်တဲ့ ရောဂါခံစားနေရတဲ့ မိဘမဲ့ကလေးငယ်တွေကို ဖမ်းခေါ်သွားကြတာကိုသိလိုက်ရပါတယ် တစ်ကိုယ်တည်းနေတတ်တဲ့ ကလောက်ဒ့်မှာလဲ ရောဂါခံစားနေရပြီး သူငယ်ချင်းတွေကိုတောင်မပြောပြခဲ့ပါဘူး ဒါပေမဲ့ သူကလေးတွေကို ကယ်တင်ဖို့ကြိုးစားရင်း ဂျီနိုဗာဆဲလ်ကို ရှာဖွေနေတဲ့ လူသုံးယောက်ကို ကလောက်ဒ့် နဲ့ သူ့သူငယ်ချင်းတွေ ကနောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်ကြရပါတော့တယ် Video game ကနေ movie အဖြစ်ထွက်လာတဲ့အတွက် fighting scenes တွေကလဲအမိုက်စားတွေမို့ ကြိုက်ကြမှာပါ။  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Myo Myint Maung(ငတုံးမျိုးကို) ...
movie

Final Fantasy VII: Advent Children (2005)

2005