Channel Myanmar

Kelly Lind

The Iceman(2012) 7.0
The Iceman(2012) The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie

The Iceman(2012)

The Devil All the Time 2020 7.6
The Devil All the Time 2020 ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။   File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre ...
movie

The Devil All the Time 2020

The Big Short (2015) 7.8
The Big Short (2015) The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်‌ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie

The Big Short (2015)